အိမ်ခန်းတွဲငှား ကြော်ငြာဝက်ဘ်ဆိုက်များသည် အာရှ-ပစိဖိတ်ဒေသရှိဟိုတယ်များအပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ

အိမ်ခန်းတွဲငှား ကြော်ငြာဝက်ဘ်ဆိုက်များသည် အာရှ-ပစိဖိတ်ဒေသရှိဟိုတယ်များအပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
16 Sep 2016 10:42 am တွင် တင်ခဲ့သည်
1107 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာလှည့်ခရီးသည်များကို ဦးတည်ပစ်မှတ်ထားသည့် အိမ်ခန်းတွဲငှား ကြော်ငြာဝက်ဘ်ဆိုက်များသည် အာရှ-ပစိဖိတ် ဒေသရှိ ဟိုတယ်များအပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေ ၀န်ဆောင်မှုကုမ္ပဏီဖြစ်သော CBRE ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်ဟု ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အမေရိကန်အခြေစိုက် အိမ်ခန်းတွဲငှား ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Airbnb ကဲ့သို့ အလားတူဝက်ဘ်ဆိုက်များသည် ကမ္ဘာလှည့်ခရီးသည်များအကြား များစွာကျော်ကြားလာလျက်ရှိခြင်းမှာ အာရှ-ပစိဖိတ်ဟိုတယ်လုပ်ငန်းအပေါ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာကြောင်း သုံးသပ်ထားသည်။

ယင်းအခန်းများ၏ ငှားရမ်းခသည် ဟိုတယ်အခန်းခထက် များစွာသက်သာလေ့ရှိကြသည်ဟု ဆိုသည်။
အာရှ-ပစိဖိတ်ဒေသသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု အလွန်မြင့်တက်လာလျက်ရှိနေသော်လည်း ယင်းသို့မြင့်တက်ခြင်းကြောင့် ဟိုတယ်လုပ်ငန်းပိုမိုဖွံ့ဖြိုးအောင်မြင်နေသည်ဟု ကောက်ချက်ချရန် မဖြစ်နိုင်တော့ကြောင်း ဆိုသည်။

ဘန်ကောက်၊ မနီလာ၊ စင်္ကာပူနှင့် ရန်ကုန်ကဲ့သို့ မြို့ကြီးများသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် Airbnb ကဲ့သို့သော အိမ်ခန်းငှား platform များမှ တစ်ဆင့် အလှည့်အပြောင်းရွေးချယ်ရန်များ ရရှိလာကြရာ ဈေးကွက်ယှဉ်ပြိုင်မှုမှာ ကွဲပြားသော ပုံသဏ္ဍာန်ဖြင့် ချဉ်းကပ်လာခြင်းလည်း ဖြစ်လေသည်။

“နည်းပညာအဆင့်မြင့်လာတာနဲ့အမျှ ခေတ္တတည်းခိုမယ့်အခန်း(သို့မဟုတ်) တိုက်ခန်းတွေကို အွန်လိုင်း platform တွေကနေ ရယူလာနိုင်ကြတယ်” ဟု CBRE ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

Airbnb ၏ အားသာချက်မှာ ဈေးနှုန်းနည်းပါးခြင်းပင်ဖြစ်ကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

Airbnb သည် အခန်းတွဲငှားကြော်ငြာဝန်ဆောင်မှုနယ်ပယ်တွင် နာမည်အကျော်ဆုံးဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉၁ နိုင်ငံ၏ အခန်းခေတ္တငှားရမ်းသည့်ကြော်ငြာများ တွေ့ရှိနိုင်သည်။

ယင်းဝက်ဘ်ဆိုက်တွင် လက်ရှိအားဖြင့် ကြော်ငြာပေါင်း ၂ သန်းကျော် တင်ထားသည်ဟု ဆိုသည်။
အခြား player အချို့မှာ FindRoomMate ၊ SpareRoom ၊ HomeAway ၊ FlipKey နှင့် Rommorama တို့ဖြစ်ကြပြီး Airbnb ကဲ့သို့ ရေပန်းစားကျော်ကြားခြင်းမရှိကြချေ။

အခန်းငှားကြော်ငြာဝက်ဘ်ဆိုက်တို့၏ အဆိုအရ အိပ်ခန်းတစ်ခန်းပါ လူနေအိမ်ခန်းတစ်ခန်း၏ နေ့စဉ်ငှားရမ်းခမှာ ဟိုတယ်တွင် ကျသင့်မည့်ငွေအောက် ၂၀၀ ရာခိုင်နှုန်းအထိ နည်းပါးကြောင်း ကြေညာထားပြီး အဓိကအားဖြင့် မနီလာ၊ ဂျကာတာ၊ ဂွမ်ကျူ၊ ရှန်းကျန်၊ တိုင်ပေနှင့် ဟိုချီမင်းမြို့တော်တို့တွင် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိမ်ခန်းတွဲငှား ကြော်ငြာဝက်ဘ်ဆိုက်များသည် အာရှ-ပစိဖိတ်ဒေသရှိဟိုတယ်များအပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
အိမ်ခန်းတွဲငှား ကြော်ငြာဝက်ဘ်ဆိုက်များသည် အာရှ-ပစိဖိတ်ဒေသရှိဟိုတယ်များအပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service