ဆူးလေရှန်ဂရီလာဟိုတယ်မှ စည်ပင်မြေပေါ် ကျူးကျော်ဆောက်လုပ်ထားမူအား ပြန်လည်ဖျက်သိမ်း

ဆူးလေရှန်ဂရီလာဟိုတယ်မှ စည်ပင်မြေပေါ် ကျူးကျော်ဆောက်လုပ်ထားမူအား ပြန်လည်ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
16 Sep 2016 10:08 am တွင် တင်ခဲ့သည်
3183 ကြိမ် ကြည့်ရှု့ပြီး
ဆူးလေးဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ အများပြည်သူသွားလာရာ စည်ပင်မြေပေါ် ကျူးကျော်တည်ဆောက်လုပ်ထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်၏ ရှေ့မျက်နှာစာ ကားပါးကင်နေရာကို ပြန်လည်ဖျက်သိမ်းနေကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့က အများအသုံးပြုလို့ရဖို့အတွတ်ကို ပြန်ပြီးဖောက်နေတာပါ၊ ဆူးလေရှန်ဂရီလာဟိုတယ်က ကားပါကင်ဖြစ်အောင်လုပ်ထားတဲ့နေရာတွေကို ဗိုလ်ချုပ်လမ်းက၀င်လာပြီးရင် ဒီဘက် အနော်ရထာလမ်းမကိုမတက်ဘဲနဲ့ အတွင်းလမ်းကနေပြီးတော့ ပြန်ထွတ်ရအောင်လုပ်နေတာပါ။လမ်းအလယ်မှာလည်းလူသွားလမ်းအကျယ်
လေးပေငါးပေလောက် လုပ်ပေးမယ်။ ဟိုတယ်ဘက်ကို ပြီးခဲ့တဲ့တပတ်လောက်ကတည်းက ကြိုတင်အကြောင်းခဲ့တာပါ။ ဆူးလေရှန်ဂရီလာဘက်က ဖျက်ပေးတာ နှစ်ရက်သုံးရက်လောက်ရှိပြီ”ဟု အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) မှ ဒု-ဋ္ဌာနမှူး ဦးအေးကိုမှ News Watch သို့ ပြောကြားသည်။

ဆူးလေရှန်ဂရီလာဟိုတယ်၏ လမ်းနယ်နိမိတ်ကျူးကျော်မှုကြောင့် ခရီးသွားများစိတ်အနှောက်ယှတ်ဖြစ်ခဲ့ရသည်။
“အရင်ကတည်းက အဲဒီနေရာတွေက ပြည်သူပိုင်နေရာတွေလေ။ ဟိုယ်တယ်စဆောက်ကတည်းက ပေါ်တီကိုအောက်ထိပဲ ပိုင်တာလေ။ ဒီဘက်က ပြည်သူပိုင်လေ။ နောက်တော့ သူတို့က တဖြေးဖြေးနဲ့ ကျုးကျော်လာတာပေါ့။ ရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုကတည်းက ဘယ်နေရာအထိပဲ သူတို့ပိုင်တယ်ဆိုတာ ရှင်းလင်းလင်းလင်း ပြောရမှာပေါ့၊
အဲဒီလို ရှင်းရှင်းလင်းမလုပ်ခဲ့တော့ သူတို့က ဥပဒေကိုကျော်ပြီး လုပ်ခဲ့တာပေါ့။ အခုလို ပြည်သူပိုင်တဲ့နေရာ ပြည်သူပြန်ရတယ်ဆိုတော့
ကောင်းတာပေါ့”ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၁၄ခုနှစ်က ဆောင်းပါရေးသားတင်ပြခဲ့သည့်အပြင် ဟိုတယ်အုပ်ချုပ်မှုအဖွဲ့သို့ပါ စာရေးပေးပို့ခဲ့ဖူးသူ စာရေးဆရာ သရ၀ဏ်(ပြည်)က သူ၏အမြင်ကို ပြောကြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေဖြင့်
ယခုရက်ပိုင်းအတွင်းတာမွေမြို့နယ်ရှိ နေရာအချို့တွင် စည်ပင်နယ်နိမိတ်ကျူးကျော်ဆောက်လုပ်ထားသည့် အမိုးအကာ နှင့်အဖီများကို ဖယ်ရှားခဲ့ပြီး၊ဖယ်ရှားမှုများဆက်လက်ပြုလုပ်သွား
မည်ဖြစ်ကြောင်း မြို့တော်စည်ပင်မှ သတင်းရရှိသည်။

ဆူးလေရှန်ဂရီလာဟိုတယ်ကို ၁၉၉၆ ခုနှစ်တွင် ကုန်သည်ကြီးများဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ဧပြီ ၂၈ ရက်တွင် ဆူးလေရှန်ဂရီလာဟိုတယ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service