ကမ္ဘာ့ဈေးအကြီးဆုံးသော ဟိုတယ်

ကမ္ဘာ့ဈေးအကြီးဆုံးသော ဟိုတယ် - Property News in Myanmar from iMyanmarHouse.com
15 Sep 2016 11:37 am တွင် တင်ခဲ့သည်
2504 ကြိမ် ကြည့်ရှု့ပြီး
မက္ကာအိုမှာ ယခုနှစ် နွေရာသီမှာ ဖွင့်လှစ်တော့မယ့်
The 13 ဟိုတယ်ဟာဆိုရင် ကမ္ဘာပေါ်က တည်ဆောက်ခဲ့
သမျှဇိမ်ခံဟိုတယ်ကြီးတွေထဲမှာ ဈေးအကြီးဆုံး
ဟိုတယ်ဖြစ်တယ်လို့ သိရပါတယ်။

ဟိတ်ဟန်အရှိန်အ၀ါ ကြီးမားလှတဲ့ ယင်းဟိုတယ်ရဲ့ ခင်ကျင်းပြင်ဆင်ထားမှုတွေထဲမှာ တောက်ပလက်ထနေတဲ့ မှန်သားပြင်တွေနဲ့ ပြင်ဆင်ထားတဲ့
ရေချိုးခန်းတွေ၊ ကျောက်ဖြူသလင်းသား ရေချိုးကန်ကြီးတွေ စတဲ့အဆင်အပြင်တွေ ထည့်သွင်းထားသလို သွားရေးလာရေးပိုင်းအတွက်လည်း Rolls-Royce ကားတွေနဲ့ စီစဉ်ပေးထားတာတွေ ပါရှိတယ်လို့ သိရပါတယ်။

ယင်းဟိုတယ်ကို တာဝန်ယူတည်ဆောက်သူတွေအတွက်လည်း
အရင်းအနှီးများပြားလွန်းခဲ့ပြီး အခန်းတစ်ခန်းစီတိုင်းကို ပုံဖော်ဖန်တီးဖို့ ဒေါ်လာ၇ သန်းကျော်လောက်စီ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ယင်းဟိုတယ်စီမံကိန်း
တစ်ခုလုံးအတွက်ကတော့ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံထိ
ကုန်ကျမှုရှိခဲ့တယ်လို့လည်း သိရပါတယ်။

အထပ်ပေါင်း ၂၃ ထပ်ရှိ ယင်းဟိုတယ်မှာ မတူညီတဲ့ စားသောက်ဆိုင်နဲ့ဘားဆိုင်ပေါင်း ခြောက်ဆိုင်ထိ ရှိမှာဖြစ်ပြီး တည်းခိုသူ ဧည့်သည်တွေအနေနဲ့
ကြိုက်နှစ်သက်ရာရွေးချယ်စားသောက်နိုင်တယ်လို့ သိရပါတယ်။

ဟိုတယ်တစ်ခုလုံးရဲ့ အဆင်အပြင်ပိုင်းမှာတော့ နံရံအကာအရံတွေက
စလို့ ပရိဘောဂအသုံးအဆောင်တွေအထိ အထူးစပယ်ရှယ် ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။

ဟိုတယ်မှာဆိုရင် ကျယ်ဝန်းခန်းနားတဲ့ အခန်းကြီး (ဟိုတယ်အခေါ် ဗီလာ)အရေအတွက် ၂၀၀ ထိ ထည့်သွင်းထားပြီး ယင်းအခန်းတစ်ခုရဲ့ အကျယ်
အ၀န်းက စတုရန်းပေ ၂,၀၀၀ ကနေ ၃၀,၀၀၀ အထိ ရှိတယ်လို့ သိရပါတယ်။

တည်းခိုသူ ဧည့်သည်တွေဟာလည်း ယင်းဗီလာတစ်ခုစီကနေ ဓါတ်လှေကားနဲ့ ဟိုတယ်ဧည့်ခန်းမဆောင်အထိ တိုက်ရိုက်သွားလာနိုင်မှာဖြစ်ပါတယ်။

ကျောက်သလင်းမီးဆိုင်းတစ်ခုနဲ့ ခုံးပုံအမိုး မျက်နှာကျက်အောက်က ကျောက်
သားသလင်းဖြူ ရေချိုးကန်ကြီးမှာဆိုရင် ဧည့်သည် ခြောက်ဦးကနေ ရှစ်ဦးထိ
အပန်းဖြေနိုင်မှာဖြစ်ပြီးတော့ တကယ်လို့ ယင်းရေချိုးကန်ကို အသုံးမပြုဘူးဆိုရင်လည်း ရုတ်သိမ်းလိုရတဲ့ ကျောက် အခင်းတစ်ခုနဲ့ ဖုံးအုပ်ထားနိုင်တယ်လို့ သိရပါတယ်။

ဟိုတယ်အခန်းတွင်းရှိ အိပ်ယာအဆင်အပြင်ပိုင်းမှာလည်း နန်းတော်တမျှခမ်းနားတဲ့ ကတီပါအမိုးနဲ့ ကုတင်ကြီးတစ်ခု ရှိနေမှာဖြစ်ပါတယ်။ ဗီလာတစ်ခု
စီတိုင်းအတွက် ၂၄ နာရီ ၀န်ဆောင်မှုပေးမှုတွေ ရရှိနေမှာဖြစ်သလိုသီးသန့်ဇိမ်ခံဈေးဝယ်ထွက်လိုရတဲ့နေရာတစ်ခုလည်းရှိမှာဖြစ်သလိုလေဆိပ်ကို အကြိုအပို့ Rolls-Royce ကားကြီးတွေနဲ့ ၀န်ဆောင်မှုပေးမယ့်
အပိုင်းတွေ ရှိတယ်လို့ သိရပါတယ်။

Credit: SFJ Strategy First
ကမ္ဘာ့ဈေးအကြီးဆုံးသော ဟိုတယ် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ဈေးအကြီးဆုံးသော ဟိုတယ် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ဈေးအကြီးဆုံးသော ဟိုတယ် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ဈေးအကြီးဆုံးသော ဟိုတယ် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ဈေးအကြီးဆုံးသော ဟိုတယ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service