FMI အစုရှယ်ယာဈေးနှုန်း ကျပ်(၁၈၅၀၀)ဖြင့် ကြမ်းခင်းဈေးအောက် အနိမ့်ဆုံးဈေးသို့ရောက်ရှိ

FMI အစုရှယ်ယာဈေးနှုန်း ကျပ်(၁၈၅၀၀)ဖြင့် ကြမ်းခင်းဈေးအောက် အနိမ့်ဆုံးဈေးသို့ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Sep 2016 10:33 am တွင် တင်ခဲ့သည်
1625 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်းတွင်ရောင်းဝယ်နေသော FMI အစုရှယ်ယာဈေးနှုန်းသည် စက်တင်ဘာ ၁၂ ရက်တွင် ယခင်အပါတ်ထက် (၁၅၀၀)ကျပ်ကျဆင်းကာ ကြမ်းခင်းဈေးအောက် အနိမ့်ဆုံးသို့ရောက်ရှိခဲ့သော်လည်း အရောင်းအဝယ်နည်းပါးနေကြောင်း FMI အစုရှယ်ယာပိုင်ရှင်တစ်ဦးဖြစ်သော ဦးလှမြင့်က ပြောဆိုလိုက်သည်။

“အခု FMI ရှယ်ယာတွေကတော့ အနိမ့်ဆုံးဈေးရောက်နေပေမယ့် ရှယ်ယာဝယ်ယူသူကတော့ နည်းပါးနေ တယ်။ လူတွေက ချက်ချင်းပြန်ပြီးငွေပေါ်တဲ့ ရွှေတို့၊ အိမ်ခြံမြေတွေပဲစိတ်ဝင်စားနေတယ်။ ကျွန်တော့် ရှယ်ယာ တွေကိုတော့ မရောင်းသေးဘူး။ ဈေးကွက်အခြေအနေစောင့်ကြည့်ဦးမယ်။”ဟု FMI အစုရှယ်ယာပိုင်ရှင်တစ်ဦး ဖြစ်သော ဦးလှမြင့်ကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းရှိ Securities ကုမ္ပဏီများတွင် ရှယ်ယာရောင်းရန်နှင့် ဝယ်ယူရန်အတွက် အော်ဒါများ ပေးထားသော်လည်း အော်ဒါပေးထားခြင်းများ အဆင်ပြေ၊ မပြေသိရှိရန်အတွက် အကြောင်းပြန်ကြားခြင်းများမှာ လည်း ကြာမြင့်နေကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် FMIအစုရှယ်ယာဈေးနှုန်းသည် စက်တင်ဘာ ၁ ရက်တွင်(၂၀၀၀၀)ကျပ်ဖြင့် အ ရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ်(၁၈၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ ကျပ်(၁၅၀၀) ကျဆင်း၍ အနိမ့်ဆုံးသို့ကျဆင်းခဲ့ကြောင်းသိရသည်။

FMI အစုရှယ်ယာဈေးနှုန်းသည် စက်တင်ဘာ ၁၂ ရက်တွင် ကျပ်(၁၈၅၀၀)ဖြင့် အစုရှယ်ယာပေါင်း(၂၆၆၅)စု၊ အစုရှယ်ယာတန်ဖိုး ကျပ်(၄၉)သန်းအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ Thilawa အစုရှယ်ယာဈေးနှုန်းသည် ကျပ် (၄၂၀၀၀)ဖြင့် အစုရှယ်ယာပေါင်း(၉၅)စု၊ အစုရှယ်ယာတန်ဖိုး ကျပ်(၄)သန်းရောင်းဝယ်ခဲ့ကာ MCB အစုရှယ် ယာဈေးနှုန်းသည် ကျပ်(၉၃၀၀)ဖြင့် အစုရှယ်ယာပေါင်း(၆၄၅)စု၊ အစုရှယ်ယာတန်ဖိုးကျပ်(၆)သန်းကျော် အ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

FMI အစုရှယ်ယာသည် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ရှယ်ယာပေါင်း(၃၀၆၅၆)စု အ ရောင်းအဝယ်ဖြစ်ခဲ့ကာ ရှယ်ယာတန်ဖိုးစုစုပေါင်း(၅၉၃)သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်စတော့ အိတ်ချိန်းတွင် FMI အစုရှယ်ယာပေါင်း(၂၃,၄၈၀,၀၁၃)အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

Credit: Myintmakha Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service