အပေါင်အရှုပ်အရှင်း သတင်းစာကြော်ငြာမှသာ လက်ခံမည်

အပေါင်အရှုပ်အရှင်း သတင်းစာကြော်ငြာမှသာ လက်ခံမည် - Property News in Myanmar from iMyanmarHouse.com
14 Sep 2016 9:56 am တွင် တင်ခဲ့သည်
3143 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအပေါင်ဈေးကွက်အတွင်း အတိုးနှုန်းက ၁၀ရာခိုင်နှုန်းလောက်အထိရှိလာပြီး အပေါင်ထားမယ့်အိမ်ရဲ့ အရှုပ်အရှင်းကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာမှာ ကြော်ငြားစာထည့်ပြီးမှသာ လက်ခံလာတာတွေရှိနေတယ်လို့ အကျိုးဆောင်တချို့
ဆီက သိရပါတယ်။

‘ အရင်က အပေါင်ဆိုရင် ပုံမှန်ဈေးငါးကျပ်တိုးလောက်ပဲရှိတာ ၊ အပေါင်လက်ခံရင်လဲ စာချုပ်ချုပ်ပြီး အပေါင်ခံသူက GP/SP လွှဲပေးရင်း အဆင်ပြေပေမယ့် အခုနောက်ပိုင်းကျတော့ လိမ်တာတွေနဲ့ မြေပိုင်ဆိုင်မှုအတုတွေများလာလို့ တရားဝင်ကြော်ငြာပြီးမှ လက်ခံလာကြတာများတယ် ' လို့ သုခအိမ်ခြံမြေအကျိုးဆောင်က ကိုနန္ဒက ပြောပါတယ်။

သတင်းစာတွေမှာ ကြော်ငြာထည့်ပြီး မှ အပေါင်လက်ခံတဲ့ အိမ်ခြံမြေအမျိုးအစားတွေကတော့ တိုက်ခန်းတွေမှာ အဓိကပြုလုပ်ကြပြီး ကျန်တဲ့ စာချုပ်စာတမ်းတွေကိုတော့ သက်ဆိုင်ရာမြေစာရင်းဌာနတွေမှာ သွားရောက်စစ်ဆေးကြတာများပါတယ်။

တိုက်ခန်းအပေါင်တွေကိုတော့ နောက်ပိုင်းမှာ အရောင်းအဝယ်ပုံစံချုပ်ဆိုတာတွေရှိသလို အပေါင်ယူသူဘက်ကတောင်းတဲ့ဈေးပေါ်မူတည်ပြီး စာချုပ်ပြောင်းချုပ်ကြတာတွေလည်း ရှိတယ်။
နောက်ပိုင်းအပေါင်းအများစုပြုလုပ်ရာမှာ အရောင်းအဝယ်စာချုပ်ဆိုပြီး လူနေထိုင်ခွင့်ပြုတဲ့ အိမ်နဲ့ သာမန်အပေါင်စာချုပ်ချုပ်ပြီး အခန်းပိတ်ထားတဲ့ အိမ်တွေရှိသလိုအပေါင်ခံသူက အိမ်ငှါးပြန်တင်တာမျိုးတွေလည်းရှိပါတယ်။အပေါင်အိမ်တွေကို အိမ်တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းပေါ်မူတည်ပြီး ၅၀ ရာခိုင်နှုန်း လောက်အထိပေးတာလည်းရှိပါတယ်။

သတင်းစာမှာ တရားဝင်ကြော်ငြာခွင့်ကိုတော့ အမှန်တကယ်ငွေလိုအပ်သူတွေလောက်သာ ပြုလုပ်ပြီး တချို့မြေရှင်နဲ့ ကန်ထရိုက်တာတွေကတော့ သည်လို တရာဝင်းကြော်ငြာပြီးရင် ပြန်လည်ရောင်းချဖို့ ခက်ခဲလို့ မလုပ်ကြတာ များတယ်လို့လည်း သိရပါတယ်။

အခုနောက်ပိုင်းအပေါင်းအများစုကတော့ လုံးချင်းတိုက်တွေထက် ကန်ထရိုက်တိုက်တွေမှာ အရောင်းအဝယ်အေးလို့ ငွေလှည့်နိုင်ဖို့ အပေါင်ထားတာတွေ ၊ မြေရှင်ဘက်က အပေါင်ထားတာတွေလည်းများပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service