တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် (CHDB) ဘဏ်တွင် စုဆောင်းသူ ၃၃၀၀ကျော်ရှိပြီး စုဆောင်းငွေ ကျပ် ၂ ဘီလီယံကျော်ရရှိထား

တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် (CHDB) ဘဏ်တွင် စုဆောင်းသူ ၃၃၀၀ကျော်ရှိပြီး စုဆောင်းငွေ ကျပ် ၂ ဘီလီယံကျော်ရရှိထား - Property News in Myanmar from iMyanmarHouse.com
12 Sep 2016 10:24 am တွင် တင်ခဲ့သည်
9271 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားသည့် တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ၀ယ်ယူရန် CHDB ဘဏ်တွင် လျှောက်ထားသူစုစုပေါင်း ၃၃၀၀ ကျော်ရှိပြီး စုဆောင်းငွေကျပ်သန်း ၂၀၀၀ (၂ဘီလီယံ)ကျော် ရရှိထား ကြောင်း CHDB ဘဏ်မှဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းအုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်မူက စက်တင်ဘာ ၈ ရက်တွင် News Watch သို့ ပြောကြားသည်။

''တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူခွင့်ရရှိဖို့အတွက် စက်တင်ဘာ ၇ ရက်အထိ CHDB ဘဏ်မှာ ငွေစုတဲ့ဦးရေက ၃၃၀၀ ကျော် ရှိပြီးတော့ စုငွေကတော့ စုစုပေါင်း ၂ ဘီလီယံကျော်ရရှိထားပါတယ်''ဟု ၎င်းက ပြောကြားသည်။

ယင်းတန်ဖိုးနည်းအိမ်ရာများကို ယခင်က သြဂုတ်လအတွင်း ရောင်းချပေးရန်စီစဉ်ခဲ့သော်လည်း ယခုအခါတွင်စိစစ်နေခြင်းဖြစ်သည့်အတွက် အောက်တိုဘာလမှ မဲနှိုက်၍ ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် အခန်းဝယ်ယူလိုသူများအနေနှင့် CHDB ဘဏ်တွင် အခန်းတန်ဖိုး၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းရှိရမည်ဖြစ် ကြောင်း သိရသည်။

''အခုကတော့ ဘဏ်ထဲမှာ စုဆောင်းတန်ဖိုးအနည်းဆုံး ၃၀ ရာခိုင်နှုန်းရှိတဲ့သူနဲ့ကျော်တဲ့သူတွေပေါ့။ ပြောမယ် ဆိုရင် သိန်း ၁၀၀ ရှိတဲ့အခန်းဆိုရင် သိန်း ၃၀ စုဆောင်းငွေရှိရမယ်။ ဒါတွေကို စိစစ်နေတယ်။ နောက် ဘယ်နေရာမှာ လိုချင်လဲဆိုတာတွေကိုလည်း စာရင်းကောက်နေတယ်။ လှိုင်သာယာမှာနေတဲ့ သူက ဒဂုံဆိပ် ကမ်းကိုလျှောက်မှာစိုးလို့ စိစစ်နေတယ်''ဟု ဒေါ်မြင့်မြင့်မူက ပြောကြားခဲ့သည်။

အိုးအိမ်ဦးစီးဌာနသို့ တင်ပြရာတွင် အစိုးရ၀န်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရ အငြိမ်းစားဝန်ထမ်း၊ အခြားပြည်သူများပါ အုပ်စုများခွဲ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စုဆောင်းငွေ ရာခိုင်နှုန်းကျော်သူများကို ထပ်မံ၍ လစဉ်ဝင်ငွေမည်မျှရှိသည်ကိုလဲ စာရင်းကောက်မည်ဖြစ်ကြောင်း၊ ရွှေလင်ဗန်းနှင့် ဒဂုံဆိပ်ကမ်းတန်ဖိုးနည်းတိုက်ခန်း ၂၀၀၀ ကျော်ကို အရင်ဆုံး ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်တွင် အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအား ပေးသွင်းရမည်ဖြစ်ကြောင်း အရစ်ကျပေးသွားရာတွင်လည်း လစဉ်ပုံမှန်မိသားစုဝင်ငွေ ၃ သိန်းခန့်ရှိရမည်ဖြစ်ကြောင်း ထပ်မံ၍လည်း အိမ်ရာလိုအပ်ချက်ရှိပါက လာမည့်နှစ်နှစ်အတွင်း တန်ဖိုး နည်းအိမ်ရာ အခန်း ၈၀၀၀ ထပ်မံဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

''လျှောက်ထားမှုတွေကတော့ ရှိတယ်။ ငွေစုဆောင်းတာကတော့ ဦးတို့နဲ့ တိုက်ရိုက်ဆိုင်တယ်။ တန်ဖိုးနည်းအိမ်ရာမှာ လျှောက်ထားခွင့်ကတော့ သူတို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိရင် မဲနှိုက်ခွင့်ကို ဦးစားပေးမယ်''ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာတဦးက ပြောကြားသည်။

တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူများအနေဖြင့် အခန်းရရှိပါက ကျန် ၇၀ ရာခိုင်နှုန်းအား ၈ နှစ်မှ ၁၅ နှစ်အတွင်းပေးချေရမည်ဖြစ်ကြောင်း ၈ နှစ်ဖြင့် တလ တခါသွင်းသည့် သူသည် ကျပ်တသိန်းနှစ်သောင်းခန့် ဘဏ်သို့ အရစ်ကျပေးချေရမည်ဖြစ်ပြီး ၁၅ နှစ်ဖြစ်ပါက ယင်းငွေကြေး၏ ထက်ဝက်ခန့်သာပေးသွင်းရမည်ဖြစ် ကြောင်း သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service