တိုက်ခန်း အိမ်ရာဥပဒေ အမြန်ပြဌာန်းပေးဖို့ လိုပြီ

တိုက်ခန်း အိမ်ရာဥပဒေ အမြန်ပြဌာန်းပေးဖို့ လိုပြီ - Property News in Myanmar from iMyanmarHouse.com
12 Sep 2016 9:55 am တွင် တင်ခဲ့သည်
4847 ကြိမ် ကြည့်ရှု့ပြီး
မြေဆိုရင်လည်း မြေဂရန် ၊ စလစ်၊ ပါမစ်မြေ ဆိုပြီးဌာနဆိုင်ရာ အသီးသီးဆီကနေ အသိအမှတ်ပြု ထားတဲ့ စာရွက်စာတမ်း ပိုင်ဆိုင်မှု ဆိုတာ ရှိပေမယ့် မြန်မာနိုင်ငံမှာ ရှိတဲ့ တိုက်ခန်းတွေ တော်တော်များများမှာတော့ အစိုးရဌာန ဆိုင်ရာ တွေဆီကနေ နေထိုင်သူတွေ အတွက် ပိုင်ဆိုင်ဌားရမ်းခွင့်ရှိကြေင်း အသိအမှတ် ပြုစာရွက်စာတမ်း က မရှိသလောက် နည်းပါးပါတယ်။
နိုင်ငံတော်နဲ့ ကုမ္မဏီတွေက ဆောက်ပြီး ရောင်းတဲ့ တိုက်ခန်းတစ်ချို့မှာသာ စာရွက်စာတမ်း အနည်းငယ်နဲပ အုံနာဘုတ်လို့ ခေါ်တဲ့ စာအုပ်ကလေးတွေ ရှိတက်ပေမယ့် မြန်မာနိုင်ငံအနှံ့အပြားက မြို့ကြီင်္းတွေ မှာ ဆောက်လုပ်ထားတဲ့ ကန်ထရိုက်တိုက်တွေကို သိန်းပေါင်းများစွာ ပေးပြီး ၀ယ်ယူနေထိုင်သူတွေ အတွက်ကျတော့ သေချာခိုင်မာတဲ့ စာရွက်စာတမ်း မရှိသလောက်ပါဘဲ ၊ မြေရှင် ၊ ကန်ထရိုက်တာ ဆီကနေ တိုက်ရိုက်အရောင်းအ၀ယ်စာချုပ်နဲ့ ၀ယ်ထားတဲ့ စာချုပ်စာတမ်းလောက်ဘဲ အများစု ရှိကြတာဖြစ်ပါတယ် ။ တိုက်ခန်းတစ်ခုကို အရောင်းအ၀ယ် ပြုလုပ်မယ်ဆိုရင်လည်း မူလပိုင်ရှင်ဆီကနေ အဆင့်ဆင့် ၀ယ်ယူထားကြရတဲ့ ဆပ်စပ်စာချုပ်တွေ မပြည့်စုံရင် တော်ရုံလူက ၀ယ်ဖို့ လက်တွန့် ကြပါတယ် ။

သေချာတာတစ်ခုကတော့ တိုက်ခန်းအရောင်းအ၀ယ် စာချုပ်ကိုကိုင်ပြီး မိမိပိုင်တဲ့ တိုက်ခန်းကို ဘဏ်မှာ သွားပေါင်လို့ မရတဲ့ ပြသနာက အခုနောက်ပိုင်းမှာ ပိုမို အရေးကြီးလာပါတယ် ။ စီးပွားရေး လုပ်ငန်းတစ်ခုခုကို တိုးချဲ့ချင်တာဘဲဖြစ်ဖြစ် ၊ ငွေကျပ်လို့ ကိုယ်နေနေတဲ့ တိုက်ခန်းကို ပေါင်ချင်တာဘဲ ဖြစ်ဖြစ် လတ်တလော အနေအထားအရ ဘဏ်တွေဘက်က လက်ခံပြီး အပေါင်ခံတာ မရှိသေးပါဘူး ၊ ဒါကြောင့်လည်း အပြင်က နေ အတိုးကြီးနဲ့ ငွေယူပြီး တိုက်ခန်းတွေကို ပေါင်နှံငွေလှည့်ရတဲ့ အတွက် အတိုးပေါ် အတိုးဆင့်ပြီး တိုက်ခန်းဆုံးရှုံးသွားရတဲ့ လူတွေလည်း မနည်းလှပါဘူး ၊ အခုလို အိမ်ခြံမြေ တိုက်ခန်းတွေ အရောင်းအ၀ယ် မကောင်လို့ ဈေးကွက်ထဲမှာ ငွေကျပ်နေချိန် ဆိုရင် တိုက်ခန်းတွေကို အပြင်မှာ ပေါင်နှံကြလို့ အပေါင်ဈေးကွက်ကြီးတစ်ခုလို တောင်ဖြစ်နေပါပြီ။
တိုက်ခန်းတွေကို ဘဏ်မှာပေါင်တာထက် အပြင်မှာ ပေါင်တဲ့အတိုးက အင်မတန်ကွာဟချက် ကြီးမားလှပါတယ် ၊ နိုင်ငံတော်က သတ်မှတ်ထားတဲ့ တစ်နျစ်ဘဏ်တိုး နဲ့ အပြင်မှာငွေရှင်ဆီက ပေါင်ပြီး လစဉ်ပေးဆပ်ရတဲ့ အတိုး ၊ ဒီအတိုးနှစ်ခုကြားက ခြားနားချက်က တိုက်ခန်းမှာ နေတဲ့ သူတွေအတွက် ဘဏ်ပေါင်ခွင့်မရှိတဲ့ အတွက် အခွင့်အရေးတွေ ဆုံးရှုံးသလို ဖြစ်နေပါတယ် ။ ဒါကြောင့်လည်း တိုက်ခန်းနေတဲ့ သူတွေ နစ်နာဆုံးရှုံးမှု မရှိစေဘဲ ဘဏ်မှာ အတိုးသက်သက်သာသာ နဲ့ ပေါင်နှံခွင့်ရပြီး ပိုင်ဆိုင်မှု သေချာစေတဲ့ တိုက်ခန်းအိမ်ရာ ဥပဒေကို အရေးတစ်ကြီး ပြဌာန်းဖို့လိုလာပါပြီ။ မြန်မာတစ်ပြည်လုံး မဆိုထားနဲ့ ရန်ကုန်မြို့ပေါါ်မှာတင် တိုက်ခန်းပေါင်း သိန်းနဲ့ ချီရှိနေပြီ ဖြစ်တဲ့ အတွက် ဒီဥပဒေရဲ့ ဘယ်လောက်အရေးပါနိုင်သလဲ ၊ ပြည်သူတွေကို ဘယ်လောက်အတိုင်းအတာ အထိ အကျိုးသက်ရောက်မှု ရှိနိုင်သလဲ ဆိုတာ ခန့်မှန်းလို့ ရလောက်မှာဖြစ်ပါတယ်။

ကိုယ်နေတဲ့ တိုက်ခန်း ကိုယ်ပိုင်တာ ဘာဖြစ်လို့ ပိုင်ဆိုင်မှု မသေချာသေးတာလဲ ဆိုတာ အထွန့်တက်ကောင်းတက်နိုင်ပေမယ့် ဘဏ်တွေဘက်ကတော့ ပိုင်ဆိုင်မှု မသေချာဘဲ အာမခံချက်အားနည်းတဲ့ တိုက်ခန်းတွေကို အခုထက်ထိ ဘဏ်မှာ အပေါင်ခံခွင့်မပေးသေးတာ အမှန်ဖြစ်ပါတယ် ၊ ဘဏ်ဆိုတာ အများပြည်သူ အပ်နှံငွေနဲ့ လည်ပတ်ရတဲ့ အတွက် သူ့အတွက်ဆုံးရှုံးမှု မဖြစ်အောင် အာမခံယူထားတဲ့ ပစ္စည်းက ခိုင်မာဖို့လိုပါတယ် ။ ဒါကြောင့် ဘဏ်တွေဘက်လည်း အကျိုးရှိ တိုက်ခန်းပိုင်ရှင်တွေလည်း အကျိုးရှိမယ့် တိုက်ခန်းအိမ်ရာ ဥပဒေကို အမြန်ဆုံး လွှတ်တော်နှစ်ရပ်မှာ ဆွေးနွေးပြီး ပြဌာန်းဖို့လိုပါပြီ။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ နာယက ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ခင်ရွှေက တော့ ပထမအကြိမ် လွှတ်တော်ုသက်တမ်းအတွင်းမှာ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေကို ကိုယ်စားပြုတဲ့ တိုက်ခန်းအိမ်ရာ ဥပဒေနဲ့ ကွန်ဒိုဥပဒေ လို့ခေါ်တဲ့ စုပေါင်းပိုင်အဆောက်အအုံ ဥပဒေ နှစ်ခုကို တင်ပြဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ကွန်ဒိုဥပဒေတစ်ခု ဘဲ ဥပဒေတစ်ခုလို ပီပီပြင်ပြင် ဖြစ်လာတာ တွေ့ရပြီး တိုက်ခန်းအိမ်ရာ ဥပဒေကတော့ ဘယ်အဆင့်မှာ ပျောက်ကွယ်နေသလဲ ဆိုတာ ခန့်မှန်းရခက်တယ် လို့ မီဒီယာတွေမှာ ဖြေကြားခဲ့ပါတယ် ၊ သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းအတွင်း မှာ ပြဌာန်းခဲံ့တဲ့ ကွန်ဒိုဥပဒေ တောင်အစိုးရ ပြောင်းပြီး နောက်အစိုးရ သစ်သက်တမ်း ၆ လအတွင်းသာ ရောက်လာပေမယ့် နည်းဥပဒေ အခုထက်ထိ မထွတ်သေးတာကလည်း မေးခွန်းထုတ်လာစရာ ရှိလာပါပြီ။

မြေရှင်ဆီကဘဲဖြစ်ဖြစ် ကန်ထရိုက်တာတွေဆီကနေ ဘဲဖြစ်ဖြစ် အပျောက်စနစ်နဲ့ တိုက်ခန်းတွေကို ၀ယ်ယူနေထိုင်ကြတာ ဖြစ်တဲ့အပြင် မြေရှင်တွေကိုလည်းအခုအချိန်ထိ လစဉ်သတ်မှတ်မြေဌားရမ်းခ တွေကို ပေးချေနေရဆဲဖြစ်သလို မိမိဝယ်ယူထားတဲ့ တိုက်ခန်းဖြစ်ပေမယ့် လည်း ကိုယ်တိုက်ခန်းကို ရောင်းချင်တာဘဲဖြစ်ဖြစ် အပြင်တစ်ယောက်ယောက်ကို ဌားချင်တာဘဲ ဖြစ်ဖြစ် မြေရှင်ရဲ့ အသိအမှတ်ပြု လက်မှတ်ကို လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ရန်ကုန်မြို့က တိုက်ခန်းတွေ လည်ပတ်နေကြတာဖြစ်ပါတယ်။ မြေရှင်ဘက်ကလည်း အလကား လုပ်ပေးတာ မရှိသလောက်နည်းပြီး လက်မှတ်ထိုးတာတောင် နှစ်ဦးနှစ်ဖက် သဘောတူညီထားတဲ့ နှုန်းထားတစ်ခု ပေးမှသာ လက်မှတ်ရေးထိုးပေးတာဖြစ်ပါတယ် ။ မြေရှင်လက်မှတ်ထိုးပေးလို့ တိုက်ခန်းအရောင်းအ၀ယ်ဖြစ်ပြီး တိုက်ခန်းက နောက်ထပ်တစ်ဦးလက်ထဲ ရောက်သွားပေမယ့်လည်း အမှန်တကယ် နစ်နာတာကတော့ နိုင်ငံတော်ဆီ မှာသွားပြီး နာမည်ပြောင်းအခွန်ဆောင်တာတွေ မလုပ်ကြတဲ့ အတွက် နိုင်ငံတော်အတွကလည်း အခွန်ဘဏ္ဍာ အကြီးအကျယ် နစ်နာပါတယ် ။

မြေမှာ ကျတော့ ဘာမြေအမျိုးအစားဘဲ ဖြစ်နေဖြစ်နေ ပိုင်ရှင်အမည်ပြောင်းတော့မယ် ဆိုရင် မြေအမျိုးအစား အလိုက် စည်ပင် ၊ အိုးအိမ် ၊ ဒါမှ မဟုတ်ကြေးတိုင်မြေစာရင်း ကို သွားပြီး စာရင်းသွင်း နိုင်ငံတော်ဆီ အခွန်ဆောင်ပြီးမှ သာ တရားဝင် ၀ယ်ယူသူ အမည်ပေါက် လုပ်နိုင်ကြပါတယ် ။ နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာ ရသလို ၀ယ်ယူသူအတွက်လည်း ပိုင်ဆိုင်မှု သေချာလို့ မတော်တဆ အမှု အခင်းတွေ ဖြစ်လာရင်တောင် ကျိန်းသေပေါက်နိုင်ချေ ရှိပါတယ် ။ ဒါ့အပြင် ဘဏ်မှာလည်း အာမခံအဖြစ် အတိုးနှုန်းသက်သက်သာသာ နဲ့ ငွေချေးယူခွင့်ရရှိထားပါတယ် ၊ မြန်မာနိုင်ငံတွင်းက တိုက်ခန်းတွေမှာကျတော့ သိန်းထောင်နဲ့ ချီပေးပြီး ၀ယ်ယူထားပါစေ ဒီလိုအခွင့်အရေးတွေ ဆုံးရှုံးနေတာဖြစ်ပါတယ်။

တိုက်ခန်းတွေကို ဘဏ်တွေမှာပေါင်နှံလို့ မရတဲ့ အဓိက အခက်အခဲတစ်ခုကတော့ မြေပိုင်ရှင်နဲ တိုက်ခန်းပိုင်ရှင်တူညီမှု မရှိတဲ အတွက် ဘဏ်တွေက တောင်းခံနေတဲ့ ပုံစံ ၁၀၅ ကို အခန်းပိုင်ရှင်တွေအနေနဲ့ ရနိုင်တဲ့ အခြအနေ မရှိပါဘူး ။ ဒါပေမယ့်လည်း တိုက်ခန်းအိမ်ရာ ဥပဒေ သာ ပေါ်ထွတ်လာခဲ့ရင်တော့ ဒီအခက်အခဲတွေ ပြေလည်သွားနိုင်စရာ ရှိတယ် လို့ အိမ်ခြံမြေကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

အရှေ့တောင်အာရှမှာ စီးပွားရေး အင်အားကြီး ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်တဲ့ စင်ကာပူ နိုင်ငံမှာတော့ တိုက်ခန်းအိမ်ရာ ဥပဒေ လိုမျိုး အများပြည်သူအိမ်ရာ တွေအတွက် Housing Development
Board (HDB) ကကြီးကြပ်ပြီး နေထိုင်သည့် တိုက်ခန်း တစ်ခုချင်းစီအလိုက် မြေပုံ၊မြေရာဇ၀င် ကူးယူ နိုင်သည့်အပြင် အခန်းအကျယ်အ၀န်း စတုရန်းပေ တွက်ချက်ကာ
အမှုတွဲထိန်းများ၊ မှတ်ပုံတင်အရာရှိများ၏ လက်မှတ်များဖြင့် ဘဏ်များတွင် တိုက်ခန်းများကို သွားရောက် ပေါင်နှံကာ ငွေထုတ်ချေးပေးနိုင်တဲ့ စနစ်ကို ကျင့်သုံးတာ အောင်မြင်နေတာ တွေ့ရပါတယ် ။ ဒီလို အောင်မြင်နိုင်တဲ့ အဆင့်တစ်ခု ဖြစ်ဖို့ အချိန်တွေ ငွေတွေ အတွေ့အကြုံတွေ အများကြီး လိုအပ်နေဆဲဖြစ်ပေမယ့် ပထမ ဆုံးအရေးကြီးတဲ့ အချက်တစ်ခုကတော့ ဒီအဆင့်တွေ အားလုံး လုပ်နိုင်ပြီး တိုက်ခန်းနေပြည်သူတွေ အခွင့်အရေး အပြည့်အ၀ ရရှိစေဖို့ အတွက် တိုက်ခန်း အိမ်ရာ ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

ဥပဒေ တစ်ခု လွှတ်တော်မှာ အတည်ပြုပြဌာန်းနိုင်ဖို့ အတွက်ကတော့ အိမ်ခြံမြေ အသင်းတွေ ၊ ဆောက်လုပ်ရေး အသင်းတွေ ၊ ကုမ္မဏီတွေ ၊ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်အဖွဲ့အစည်းတွေ အင်တိုက်အားတိုက် ပူေးပါင်း လုပ်ဆောင်မှဘဲ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ပြည်သူက တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရ ဖြစ်တာကြောင့်လည်း သိန်းနဲ့ချီတဲ့ တိုက်ခန်းနေပြည်သူတွေရဲ့ ဘ၀ မျှော်လင့်ချက် အခက်အခဲတွေကို ကူညီဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service