ဈေးတန်းပျောက်နေတဲ့ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက် ဘယ်ကို ဦးတည်မလဲ

ဈေးတန်းပျောက်နေတဲ့ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက် ဘယ်ကို ဦးတည်မလဲ - Property News in Myanmar from iMyanmarHouse.com
12 Sep 2016 9:50 am တွင် တင်ခဲ့သည်
5489 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းအိမ်ခြံမြေဈေးကွက် ထဲမှာ အခုတလော ခေတ်စားနေတဲ့ စကားလုံး တစ်ခုက ကြိုက်ရောင်းကြိုက်ဝယ် စကားလုံးပါဘဲ ၊ ရောင်းတဲ့ လူကလည်း သူ့စိတ်ကြိုက်ဈေး ပြောပြီး ကြေးဖွင့်ထားသလို ၀ယ်တဲ့ လူကလည်း သူတက်နိုင်တဲ့ ဈေး သူပေးချင်တဲ့ ဈေးပေးပြီး ရောင်းသူနဲ့ ၀ယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေရင် အရောင်းအ၀ယ်တွေ ဖြစ်ကြလို့ ရင်းနှီးတဲ့ နာမည်ကြီး အိမ်ခြံမြေ အကျိုးဆောင်တစ်ချို့တောင် မျက်စိလည်နေတဲ့ အသံတွေ ခပ်စိတ်စိတ် လေး ကြားနေရပါတယ်။

တစ်ချိန်တုံးက တိတိကျကျ ပြောရမယ် ဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်တာ ၀န်းကျင်ကာလ လောက်အထိ အိမ်ခြံမြေ လောက ကျွမ်းကျင်သူတွေ လုပ်သက်ရင့်အကျိုးဆောင်တွေ ဆီကို မြေကွက်ဖြစ်ဖြစ် တိုက်ခန်းဖြစ်ဖြစ် ရောင်းဖို့ လာအပ်ထားကြပြီ ဆိုရင် ခန့်မှန်းပြီးတော့ ဘယ်လောက်တော့ ဈေးလေးရနိုင်တယ် ဆိုပြီး အနီးစပ်ဆုံးခန့်မှန်း လို့ရပါတယ် ။ ရောင်းချင်းတဲ့ သူတွေက သူပိုင်တဲ့ မြေကွက်ဖြစ်ဖြစ် တိုက်ခန်းဖြစ်ဖြစ် ဘယ်လောက်တော့ ရနိုင်မလဲလို့ လာပြီး မေးလာခဲ့ရင် ဖြစ်နိုင်တဲ့ ဈေးကို ခန့်မှန်းပြီး ဈေးဖွင့်ပေးကြပါတယ် ၊ အမှန်တကယ် အရောင်းအ၀ယ် ဖြစ်တဲ့ ဈေးနှုန်းနဲ့ လုပ်သက်ရင် အကျိုးဆောင်တွေ ခန့်မှန်းတွက်ချက်ပေးတဲ့ ဈေးနဲ့ သိပ်ကွာဟချက် မများခဲ့တာကို အားလုံးသိကြမှာဖြစ်ပါတယ်။

အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ကျွမ်းကျင်မှု ၊ အတွေ့အကြုံ ၊ ဗဟုသုတ နဲ့ ဈေးကွက်အပေါ် ကြိုတင်မှန်းဆ နိုင်ခဲ့တဲ့ အတွက် မြေကွက်ဘဲဖြစ်ဖြစ် ၊ တိုက်ခန်းဘဲဖြစ်ဖြစ် ငွေလိုလို့ အမြန် ရောင်းချင်တဲ့ လူတွေက အကျိုးဆောင်တွေနဲ့ တိုင်ပင်ဈေးဖွင့်ခဲ့ပြီး အရောင်းအ၀ယ်တွေ လုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပါပြီ။ တကယ်လုပ်ငန်းကျွမ်းကျင်တဲ့ အိမ်ခြံမြေ အကျိုးဆောင် တစ်ယောက်ဖြစ်ဖို့ ဆိုတာ အတွေ့အကြုံ ၊ ဗဟုသုတ ၊ ကျွမးကျင်မှု တွေ အများကြီး ကျော်ဖြတ်ပြီးမှသာ ဖြစ်လာနိုင်ပါတယ် ။

ဘယ်မြို့နယ် ၊ဘယ်လမ်း ၊ ဘယ်ရပ်ကွက်ကတော့ အနည်းဆုံး ဈေးဘယ်လောက်ဆိုရင် အလုပ်ဖြစ်နိုင်တယ် ဆိုတာလည်း လုပ်သက်ရင့်အတွေ့အကြုံများတဲ့ အကျိုးဆောင်တွေက မြေပုံကြည့်တာနဲ့ တင်အလွတ်ပြောပြီး ဖြစ်နိုင်တဲ့ ဈေးကွက်ပေါက်ဈးကို အကဲဖြတ် တက်ကြပါတယ်။ ဒါပေမယ့်လည်း အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ်တွေ အေးပြီး အရောင်းသာ ရှိ ၀ယ်လက်ပျောက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်နှစ်ဆန်းပိုင်းကစလို့ အခု ၂၀၁၆ စက်တင်ဘာလထိတိုင်လာအောင် နှစ်နှစ်ခွဲကျော် သုံးနှစ်နီးပါးကြာမြင့်လာတဲ့ ယနေ့ အချိန်မှာတော့ ယခင်ခေတ်ကာလတွေကို ဈေးနှုန်းဈေးတန်း တစ်ခုကို မှန်းဆဖို့ ဆိုတာ တစ်ဖြည်းဖြည်းခက်ခဲလို့လာပါတယ် ။

အရင်ကသိန်းထောင်ကျော် တန်တဲ့ တိုက်ခန်းတွေ ၊ ကွန်ဒိုကြီးတွေ ၊ မြေကွက်တွေဆိုရင် အခုချိန်မှာ သိန်းရာဂဏာန်းအထိ ဈေးတွေ ကျလာသလို ၀ယ်တဲ့သူကပါးနပ်ပြီး ရောင်းတဲ့လူအပေါ် ဈေးဆစ်နိုင်ရင်ဆစ် နိုင်သလောက် နှစ်ဦးနှစ်ဖက် အဆင်ပြေလို့ အေ၇ာင်းအ၀ယ်တည့်ရင် တည့်သလို မျိုး ရောင်းနေရတဲ့ အချိန်ကာလဖြစ်လို့ အရင်လိုဈေးတန်းတစ်ခုလိုမျိုး တန်ရာတန်ကြေးဆိုတဲ့ ခန့်မှန်းမှုတွေကလည်း အခုနောက်ပိုင်းမှာ ပိုပြီးမှန်းဆရ ခက်ခဲလာပါတယ် ။

အမှန်တကယ် အရောင်းအ၀ယ် ဖြစ်တဲ့ ဈေးကလည်း အားလုံးထင်မှတ်မထားတဲ့ ကျဈေးတွေနဲ့ ဖြစ်နေတာကြောင့် အခုနောက်ပိုင်းမှာ ကြိုက်ရောင်းကြိုက်ဝယ် ပုံစံနဲ့ ဘဲ အရောင်းအ၀ယ်တွေ ဖြစ်နေကြပေမယ့် ဈေးကွက်တစ်ခုလုံးနဲ့ ယှဉ်ရင် အရောင်းအ၀ယ်က သိသိသာသာ အေးနေတုံးဘဲဖြစ်ပါတယ်။ ပုံမှန်ဈေးကွက်ရှိတဲ့ နေရာတွေကတော့ အရောင်းအ၀ယ်မဖြစ်တာဘဲရှိပေမယ့် ဈေးတွေ သိသိသာသာ ထိုးကျရောင်းတာတော့ မရှိသလောက်ပါဘဲ ။ ဗိုက်နာပြီး ငွေလိုလို့ ရောင်းလိုက်ရတဲ့ လူတစ်ချို့ကလွှဲလို့ပေါ့၊

အိမ်ခြံမြေ တိုက်ခန်းကွန်ဒိုတွေ အရောင်းအ၀ယ်ပျောက်တာ ကြာနေလို့ အမှန်တကယ် အရောင်းအ၀ယ်ပျောက်သွားပြီးလာလို့ ဈေးကွက်ထဲမှာသေသေချာချာ စနည်းနာကြည့်ရင်လည်း လုံးလုံးပျောက်သွားတာ မဟုတ်ဘဲ အောက်ဈေးနဲ့ နှိုက်ပြီး ၀ယ်နေတဲ့ လူတွေ အများကြီးရှိနေဆဲဖြစ်ပါတယ် ။ နိုင်ငံပိုင်သတင်းစာတွေက ကြော်ငြာစာရွက်တွေကို လေ့လာကြည့်လိုက်ရင် ခန့်မှန်းလို့ ရနိုင်ပါတယ်။ဈေးကွက်ရဲ့ သဘောသဘာဝ အရ ရောင်းလိုအားနဲ့ ၀ယ်လိုအား အပေါ်မှာဘဲ ဈေးနှုန်းက မူတည်တဲ့ အတွက် အောက်ဈေးနှိုက်တယ်လို့လည်း ပြောရခက်ပါတယ် ။ ၀ယ်တဲ့ သူတွေကလည်း သူ့စီးပွားရေး အကျိုးအမြတ်အရ သူပေးချင်တဲ့ ဈေးပေးတာ ဖြစ်ပြီး ရောင်းချင်တဲ့ လူကလည်း ရောင်းနိုင်မှ ရောင်းမှာဖြစ်ပါတယ် ၊ အခြေခံဈေးကွက်သီအိုရီ ဖြစ်ပ်ါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်တုံးက ဒဂုံတက္ကသိုလ် ပတ်ဝန်းကျင်က သိန်းရာကျော်တန်တဲ့ မြေကွက်တွေဆို အခုချိန်မှာ သိန်းရာဂဏာန်းအောက်နဲ့ ရောင်းချင်တဲ့ လူတွေ အများကြီး ရှိလာပါပြီ ၊ ရန်ကုန်မြို့က နေရာစုံမှာလည်း အခုလို အိမ်ခြံမြေဈေးတွေ ကျလာလို့ ရောင်းချင်တဲ လူတွေ အများကြီးရှိတာ အားလုံးအသိဘဲဖြစ်ပါတယ် ၊ မြတ်မလားလို့ ထင်ပြီး မြေကွက်တိုက်ခန်းတွေကို ကိုင်ထားတဲ့ သူတွေအတွက်ကလည်း နှစ်ရှည်ငွေတွေကို မြေတွေထဲမှာ သိပ်ထားသလို ဖြစ်ပြီး ပြန်လည်ဈေးက တက်မလာတဲ့ အပြင် မူလ၀ယ်ရင်းဈေးတောင် ဈေးကွက်မှာ မပေါက်တော့လို့ ငွေပေါ်ဆိုပြီးေ ဈးတွေ လျှော့ရောင်းတဲ့ တိုက်ခန်း မြေကွက်တွေ အများကြီးပါ ။ မြေပိုင်ရှင် ၊ တိုက်ခန်းပိုင်ရှင် ၊ အိမ်ပိုင်ရှင်တွေ ငွေလိုရင်ငွေလိုသလို အခြေအနေအချိန်အခါပေါ်မူတည်ပြီး ရှိတဲ့ ပိုင်ဆိုင်မှုတွေကို ကြို့ကြားထုတ်ရောင်းလာတဲ့ အတွက်လည်း ဈေးကွက်မှာ အမှန်တကယ် အရောင်းအ၀ယ်ဖြစ်တဲ့ ဈေးနဲ့ ပထမဖွင့်ထားတဲ့ အဖွင့်ဈေးတွေ ဟနေတာ အားလုံးအသိဘဲဖြစ်ပါတယ်။ဝင်ငွေနဲ့ ထွတ်ငွေ မမျှတဲ့ အပြင် နိုင်ငံရဲ့ငွေဖောင်းပွမှု နှုန်းက လက်ရှိဘဏ်တိုးနှုန်းထက် မြင့်နေတဲ့ အတွက်ကြောင့်လည်း လူတော်တော်များများက တစ်ဖြည်းဖြည်းနဲ့ အထုပ်ဖြေစားနေတာ အချိန်ကြာာပါပြီ ။

အရင်အိမ်ခြံမြေဈေးကွက် ခေတ်ကောင်းတုံးကဆိုရင် ရပ်ကွက်ကွမ်းယာဆိုင် ၊ တက္ကစီ သမား ၊ ဆိုက္ကားဆရာတွေ ကအစ အိမ်ရှင်မတွေအဆုံး အကျိုးဆောင် အလုပ်ကို ၀င်လုပ်ပြီး ခေတ်တခေတ်မှာ အခြေအနေ ကောင်းခဲ့ကြပေမယ့် အခုလို အရောင်းအ၀ယ်အေးတာ နှစ်နဲ့ချီကြာမြင့်လာတဲ့ ယနေ့အချိန်မှာတောင် သူတို့တွေတင်မကဘဲ နှစ်ရှည်အကျိုးဆောင်လုပ်ငန်း ကိုစွဲစွဲမြဲမြဲ လုပ်နေတဲ့ လူတွေတောင် တစ်ခြားသော စီးပွားရေး လုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်နေကြတဲ့ လူတွေ အများအပြား ရှိလာခဲ့ပါပြီ။

အိမ်ခြံမြေဈေးကွက်တစ်ခုလုံးမှာ အဓိက ရင်ဆိုင်နေရပြီး အမြန်ဆုံး ဖြေရှင်းရမယ့် ပြသနာက ဈေးကွက်ထဲမှာ ငွေပျောက်ဆုံးနေတဲ့ ပြသနာဖြစ်ပါတယ် ။ ဈေးကွက်ထဲမှာ ဒီမြေကွက်ဝယ် ဟိုမြေကွက်ကို ပြန်ရောင်း လိုက်နဲ့ လည်ပတ်နေတဲ့ ငွေတွေကလည်း ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲံအပြီး စီးပွားရေး အခြေအနေ စောင့်ကြည့်ချင်တဲ့ အင်အားကြီး စီးပွားရေး လုပ်ငန်းကြီးတွေ ၊ တစ်နိုင်တစ်ပိုင် စီးပွားရေး သမားတွေက အရောင်းအ၀ယ်တွေကို ရပ်တန့်လိုက်တာကြောင့် အခုဆိုရင် အိမ်ခြံမြေ ဈေးကွက်ထဲမှာ ငွေကိုင်ထားတဲ့ သူတွေနဲ့ မြေတွေကိုင်ထားတဲ့ လူတွေ အုပ်စု နှစ်စုကွဲနေပါပြီ ။

မြန်မာအိမ်ခြံမြေ လောက အတွင်းမှာ ငွေတွေပြန်လည်ဖို့ လိုလာပါပြီ ၊ စီးပွားရေး လုပ်ငန်းတွေအတွင်းမှာ ငွေတွေ ပြန်လည်လည်ပတ်စီးဆင်းဖို့ အတွက်က နိုင်ငံတော် နဲ့ စီးပွားရေး သမားတွေ ၊ အိမ်ခြံမြေ ၊ ဆောက်လုပ်ရေး သမားတွေ အကြားမှာ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ အရေးကြီးပါတယ် ၊ လူတစ်ဦးချင်းသာမက ၊ မိသားစု အတွင်း ၊ စီးပွားရေး လုပ်ငန်းရှင်များအတွင်းမှာလည်း ယုံကြည်မှု ကအရေးကြီးပါတယ် ။ ယုံကြည်မှု ပျောက်ဆုံးရင် ဘာမှ လုပ်လို့မရတော့ပါဘူး ၊ မြေရှင်တွေကလည်း သူထိန်းနိုင်သလောက်မြေကို ကိုင်ထားကြမှာ ဖြစ်သလို ငွေရှင်တွေကလည်း သူ့ကိုင်ထားတဲ့ ငွေလည်း မဆုံးရှုံးရအောင် အတက်နိုင်ဆုံး ကျစ်ထားတော့မှာ ဖြစ်ပါတယ် ။

အဓိက လုပ်သင့်တဲ့ အရေးကြီးဆုံး အလုပ်က ပြည်တွင်းအိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေထဲကို ငွေပင်ငွေရင်း ကြီးမားတဲ့ ပြည်တွင်းပြည်ပက ရင်းနှီးမြုပ်နှံသူတွေ ၀င်ရောက်ဖို့ အတွက် ဆွဲဆောင်အာမခံချက်ပေးနိုင်တဲ့ မူဝါဒတွေ ၊ဥပဒေတွေ အမြန်ဆုံးအကောင်အထည်ဖော်ပြဌာန်းပေးဖို့လိုလာပါပြီ ။ ဒါမှလည်း အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာနိုင် ပြီး သူနဲ့ ဆပ်စပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေပါ ပြန်လည်ခေါင်းထောင်လာမှာဖြစ်ပါတယ်။

ဈေးကွက်ပြန်လည် ဦးမော့လာနိုင်တာ နဲ့ အမျှ အရောင်းအ၀ယ် လုပ်ကြတဲ့ အခါမှာ ၀ယ်သူရောင်းသူ နစ်နာမှု မရှိတဲ့ မျှတတဲ့ ဈေးနှုန်းဈေးတန်းတစ်ခုကို ပြန်လည်ရောက်ရှိမှာဖြစ်ပေမယ့် ပုံမှန်အခြေအနေတစ်ခု ပြန်ရောက်ဖို့ အတွက်ကတော့ အပြောလွယ်သလောက် အလုပ်ခက်ပါတယ် ။ ဒါပေမယ့်လည်း နိုင်ငံစီးပွားရေးမှာ အတိုင်းအတာ ပမာဏ ကြီးကြီးမားမား ပါဝင်ပက်သက်မှု ရှိနေဆဲဖြစ်တဲ့ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်ကြီး ပြန်လည်တည့်မတ်လာစေဖို့အတွက်ကတော့ အရေးကြီးတဲ့ ဖြေရှင်းချက်တွေကို လုပ်နိုင်ကိုင်နိုင်တဲ့ အခွင့်အာဏာရှိသူများမှ ကူညီလုပ်ဆောင်ပေးဖို့လိုအပ်လာပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service