ထိုင်းတွင် အိမ်ခြံမြေ၀ယ်ယူရာ၌ ဘဏ်ချေးငွေလျှောက်လွှာများပယ်ချမှု များပြားခြင်းကြောင့် developer တို့မှ အိမ်ခြံမြေများကိုအထူးလျှော့ဈေးများဖြင့် ရောင်းချနေရလျက်ရှိ

ထိုင်းတွင် အိမ်ခြံမြေ၀ယ်ယူရာ၌ ဘဏ်ချေးငွေလျှောက်လွှာများပယ်ချမှု များပြားခြင်းကြောင့် developer တို့မှ အိမ်ခြံမြေများကိုအထူးလျှော့ဈေးများဖြင့် ရောင်းချနေရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
9 Sep 2016 11:34 am တွင် တင်ခဲ့သည်
1196 ကြိမ် ကြည့်ရှု့ပြီး
ထိုင်းတွင် အိမ်ခြံမြေ၀ယ်ယူရန်အတွက် ဘဏ်ချေးငွေလျှောက်ထားရာတွင် လျှောက်လွှာပယ်ချမှုမှာစံချိန်တင် များပြားခြင်းကြောင့် developer တို့မှ တတိယသုံးလပတ်အတွင်းအရောင်းမြှင့်တင်ရန်အတွက် အိမ်ခြံမြေများကိုအထူးလျှော့ဈေးများဖြင့် ရောင်းချနေရလျက်ရှိကြောင်းဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
“ဘဏ်တွေဟာချေးငွေလျှောက်ထားမှုတွေကိုတင်းကြပ်လာပါတယ်။ လက်ရှိကာလမှာလျှောက်လွှာတွေကိုပယ်ချတဲ့နှုန်းက ၇၀ ရာခိုင်နှုန်းကျော်အထိရှိနေတယ်။ ”ဟု LPN Development မှ မန်နေးဂျင်းဒါရိုက်တာအိုပါ့စ် ဆရီပါယက်ခ်ကပြောကြားသည်။

ဘဏ်ချေးငွေတင်းကြပ်မှုကြောင့် ၀ယ်လိုအားကျဆင်းပြီး အရောင်းဈေးကွက်တွင် developer တို့အကြား ပြိုင်ဆိုင်မှုပြင်းထန် လာခြင်းကြောင့် အရောင်းမြှင့်တင်ရေးများပြုလုပ်လာရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
LPN Development မှ ဘန်ကောက်တွင် ဆောက်လုပ်ထားသောကွန်ဒိုမီနီယံ ၁၃ ခုရှိ အခန်းတစ်ခန်းဝယ်ယူလျှင် နောက်ထပ်တစ်ခန်း ၀ယ်ယူလိုပါက ၅၀ ရာခိုင်နှုန်းအထိလျှော့ပေးမည့် အရောင်းမြှင့်တင်မှုများ ပြုလုပ်လျက်ရှိသည်။

အခြားdeveloper ဖြစ်သောPruska Real Estateသည်လည်း ထိုင်းနိုင်ငံတစ်ဝန်းဆောက်လုပ်လျက်ရှိသော ၎င်းတို့၏ နေအိမ်ခန်းများကို ၀ယ်ယူပါက လွှဲပြောင်းရယူမှုကုန်ကျစရိတ်အခမဲ့၊ ပုံမှန်ပေါက်ဈေးအောက် ဈေးလျှော့ပေးခြင်းနှင့် စီမံကိန်းအပေါ်မူတည်၍ အထူးအပိုအခွင့်အရေးများပေးအပ်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။
“ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာအိမ်ခြံမြေဘဏ်ချေးငွေ ငြင်းပယ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါကဒီနှစ်အတွင်း ကျွန်တော်တို့ရဲ့ ရောင်းအားကိုလာပြီးထိခိုက်စေပါတယ်” ဟုPruska Real Estate မှ အမှုဆောင်အရာရှိချုပ် လာဆက် ချူလာဒီဆာကပြောကြားသည်။
“အိမ်ထောင်စုတွေရဲ့ အကြွေးမြင့်မားမှုကလည်းဒီအချိန်မှာ နေအိမ်ဝယ်လိုသူတွေအတွက် အဓိကပြဿနာတစ်ရပ်ဖြစ်လာပါတယ်။ အကျိုးဆက်အနေနဲ့ developer အများစုဟာအထူးဈေးရောင်းပွဲတွေ လုပ်လာကြရတယ်”ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service