ဆော်ဒီအာရေးဗီးယားတွင် လူနေအိမ်ခန်းပေါင်း ၁၀၀၀၀၀ ဆောက်လုပ်မည့် စီမံကိန်းအတွက် ဆော်ဒီနှင့် တရုတ်အစိုးရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ဆော်ဒီအာရေးဗီးယားတွင် လူနေအိမ်ခန်းပေါင်း ၁၀၀၀၀၀ ဆောက်လုပ်မည့် စီမံကိန်းအတွက် ဆော်ဒီနှင့် တရုတ်အစိုးရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
8 Sep 2016 11:19 am တွင် တင်ခဲ့သည်
1658 ကြိမ် ကြည့်ရှု့ပြီး
ဆော်ဒီအာရေးဗီးယားတွင် လူနေအိမ်ခန်းပေါင်း ၁၀၀၀၀၀ ဆောက်လုပ်မည့် စီမံကိန်းအတွက် ဆော်ဒီနှင့် တရုတ်အစိုးရ ၀န်ကြီးဌာန တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာကို ဆော်ဒီအာရေးဗီးယား အိုးအိမ်ဝန်ကြီးဌာန၀န်ကြီး မဂျစ် အယ်လ် ဟူကေးလ်နှင့် တရုတ်လက်ထောက်ကုန်သွယ်ရေးဝန်ကြီး ကျန်းကီမင်တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ဆော်ဒီဒုတိယအိမ်ရှေ့စံ မူဟာမက် ဘင် ဆာလ်မန် တရုတ်ပြည်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ထို့အပြင် ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ အယ်လ်အာဆာပြည်နယ်၊ အက်စ်ဖာဆင်ခြေဖုံး ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တရုတ်ပြည် နင်ရှီးယားဒေသနှင့် ဆော်ဒီအိုးအိမ်ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ကြရန်နားလည်မှုစာချွန်လွှာတစ်ရပ်
လည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုနားလည်မှုစာချွန်လွှာရေးထိုးခြင်းသည် ဆော်ဒီအိုးအိမ်
ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော လူနေအိမ်ရာရောင်းလိုအား လှုံ့ဆော်ပေးရန်နှင့် ထုတ်လုပ်နိုင်မှု မြှင့်တင်ရန် မဟာဗျူဟာရည်မှန်းချက် အထမြောက်စေရန် အထောက်အကူဖြစ်မည်ဟု ယုံကြည်ကြောင်း ဆော်ဒီအိုးအိမ်ဝန်ကြီးဌာန၏ စာနယ်ဇင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ဆော်ဒီမင်းသား မူဟာမက်သည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း တရုတ်ဗဟိုဘဏ်၊ တရုတ်တယ်လီဖုန်း ဆက်သွယ်ရေးဘဏ်နှင့် အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံရေးဘဏ် (AIIB) တို့မှ ထိပ်တန်းအရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service