တင်ဒါအောင် ကုမ္ပဏီများ စည်းကမ်း မလိုက်နာပါက ချက်ချင်း အရေးယူမည်ဟုဆို

တင်ဒါအောင် ကုမ္ပဏီများ စည်းကမ်း မလိုက်နာပါက ချက်ချင်း အရေးယူမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
8 Sep 2016 11:07 am တွင် တင်ခဲ့သည်
1542 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်းဒေသကြီးရှိ ပညာရေးဆိုင်ရာ အဆောက်အအုံများ အပါအဝင် တင်ဒါ အောင်မြင်ပြီး လုပ်ငန်း အပ်နှံခံရသော ကုမ္ပဏီများ အနေနှင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် စာချုပ်ပါ စည်းကမ်းချက်များကို မလိုက်နာပါက ချက်ချင်း အရေးယူမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

စက်တင်ဘာ ၆ ရက်နေ့က ကျင်းပသော တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး၊ ဒုတိယနေ့တွင် ဝါးခယ်မမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်မြင့်မြင့်စန်း မေးမြန်းသည့် ဝါးခယ်မမြို့နယ်တွင် ဆောင်ရွက်ခဲ့သော တည်ဆောက်ရေး လုပ်ငန်းများမှ တင်ဒါအောင် ဆောက်လုပ်ခွင့်ရ ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်သည့် အခြေအနေကို သိရှိ လိုကြောင်းကို ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၆-၂ဝ၁၇၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်များတွင် တင်သွင်းထားသော တင်ဒါများ၊ လေလံ အောင်ထားသည့် ကုမ္ပဏီများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံ ပြည်သူများနှင့် ပူးပေါင်း စောင့်ကြည့် စိစစ်ရန်လိုကြောင်း၊ ယခင် အခြေအနေအတိုင်း ဖြစ်လာမည် ဆိုပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ တည်ဆောက်ရေးနှင့် စိစစ်ရေး ကော်မတီထံလည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးနှင့် ဌာနဆိုင်ရာများသို့လည်းကောင်း ချက်ချင်း အကြောင်း ကြားပေးစေလိုကြောင်း၊ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အချိန်နှင့် တစ်ပြေးညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောကြားသည်။

လာမည့်နှစ်တွင် ပညာရေးဌာနမှ ဆောက်လုပ်မည့် အဆောက်အအုံများအတွက် တင်ဒါခေါ်ယူခဲ့ရာ လျှောက်ထားသော ကုမ္ပဏီ ၂ဝဝ ကျော် ရှိကြောင်း၊ ယင်း ကုမ္ပဏီများ၏ စာရင်းကို ပြုစုပြီးပါက လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးမည်ဖြစ်ပြီး ကုမ္ပဏီများက မိမိတို့ ဒေသတွင် အရည်အချင်းရှိရှိနှင့် ပြည့်ပြည့်ဝဝ ဆောင်ရွက်ခဲ့သော ကုမ္ပဏီ ဟုတ်၊ မဟုတ်၊ အမည်ပျက်စာရင်း သွင်းထားခံရပြီး အမည်သစ်ဖြင့် ပြန်လည် လျှောက်ထားသည့် ကုမ္ပဏီ ဟုတ်၊ မဟုတ် စစ်ဆေး ပေးစေလိုကြောင်း ၎င်းက ပြောဆိုသည်။

ဝါးခယ်မမြို့နယ်ရှိ စာသင်ကျောင်းသစ်များ ဆောက်လုပ်ရန်အတွက် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ၁၃ကျောင်း၊ ၂ဝ၁၄-၁၅ ဘဏ္ဍာရေး နှစ်တွင် ၄ ကျောင်းကို ရွှေဇင်ယော် ကုမ္ပဏီ တစ်ခုတည်းကိုသာ ဆောက်လုပ်ခွင့်ပြုခဲ့သဖြင့် လာမည့် ဆောက်လုပ်ရေး ကိစ္စရပ်များတွင် ကုမ္ပဏီ တစ်ခုတည်းကို ဒေသတစ်ခုတည်းအတွက် ချထားပေးခြင်းမျိုးကို စဉ်းစားပေးရန် လိုအပ်ကြောင်း ဝါးခယ်မမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက အကြံပြုသည်။

အခြေခံပညာ ကျောင်းများကို စာသင်ဆောင် လိုအပ်ချက်၊ ပြင်ဆင် ထိန်းသိမ်းရန် လိုအပ်ချက်များအရ ပြုပြင် တိုးချဲ့ ဆောက်လုပ်ခြင်း၊ အသစ် ဆောက်လုပ်ခြင်းများ အပါအဝင် တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရန် ဘဏ္ဍာရန်ပုံငွေများ ချထားပေးနေကြောင်း၊ ဆောက်လုပ်ခွင့် ရသော ကုမ္ပဏီများ၊ ကန်ထရိုက်များက လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်း အကျိုးတော်ဆောင်များနှင့် ရပ်မိရပ်ဖများက စိတ်ဝင်တစား လာရောက်ကြည့်ရှု မေးမြန်းကြသည်ကို လိုလား နှစ်သက်မှု မရှိကြကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းသို့ ကြည့်ရှုရာတွင် တာဝန်ယူ တာဝန်ခံနိုင်သူများကို မတွေ့ရဘဲ အလုပ်သမား ခေါင်းဆောင်များနှင့်သာ တွေ့ရပြီး အဆောက်အအုံပုံစံ၊ အသုံးပြုမည့် ပစ္စည်း၊ ဆောက်လုပ်မည့် နည်းပညာပိုင်းများကို ပွင့်လင်း မြင်သာစွာ မရှင်းပြနိုင်ကြောင်း၊ ယင်းအပြင် အဆောက်အအုံ ရုပ်လုံး မပေါ်မီ အက်ကြောင်း ပေါ်လာခြင်း၊ အရည်အသွေး မမှန်သော ပစ္စည်းများ တပ်ဆင် အသုံးပြုခြင်း၊ အချို့ အဆောက်အအုံများမှာ သတ်မှတ် ကာလအတွင်း မပြီးစီးသည်ကို တွေ့ရကြောင်း၊ အရည်အသွေး မပြည့်မီခြင်း၊ ဘဏ္ဍာငွေနှင့် မကိုက်ညီသော အဆောက်အအုံများကို မြင်တွေ့ရသောကြောင့် စာရင်းစစ်ရုံးများ အနေနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ကွင်းဆင်းပြီး တိကျစွာ စစ်ဆေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service