အီရတ်၏ ဒုတိယအကြီးဆုံးမြို့တော်တွင် ဒူဘိုင်းရှိလက်ရှိကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံထက်ပိုမိုမြင့်မားမည့် အဆောက်အအုံကြီး ဆောက်လုပ်ရန် စီစဉ်

အီရတ်၏ ဒုတိယအကြီးဆုံးမြို့တော်တွင် ဒူဘိုင်းရှိလက်ရှိကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံထက်ပိုမိုမြင့်မားမည့် အဆောက်အအုံကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
7 Sep 2016 10:18 am တွင် တင်ခဲ့သည်
2429 ကြိမ် ကြည့်ရှု့ပြီး
အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် ဘာဆရာတွင် ဒူဘိုင်းရှိလက်ရှိကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ ဘာ့ဂ်ျခါလီဖာထက် ပိုမိုမြင့်မားမည့် အဆောက်အအုံကြီးကြီးတစ်ခု ဆောက်လုပ်ရန် ဘာဆရာမြို့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဘာဆရာသည် အစ္စလာမ်တို့၏သမိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး သင်္ဘောသားဆင်းဘတ်၏ သမိုင်းဝင်နေရာဖြစ်သည့်အပြင် ကျမ်းစာအရ ဧဒင်ဥယျာဉ်တည်ရှိသည့် နေရာလည်း ဖြစ်သည်ဟု ဆိုသည်။ယခုအခါ ဘာဆရာမြို့တွင် လက်ရှိကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံထက် ပိုမိုမြင့်မားမည့်အဆောက်အအုံကြီးတစ်ခုဆောက်လုပ်ရန် ဘာဆရာမြို့အာဏာပိုင်တို့က စီစဉ်လျက်ရှိကြသည်။

လက်ရှိကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံမှာ ဒူဘိုင်းရှိ ဘာ့ဂ်ျခါလီဖာ အဆောက်အအုံဖြစ်ပြီး ၈၂၈ မီတာမြင့်မားသည်။
ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ဂျက်ဒါတွင် ဆောက်လုပ်ဆဲဖြစ်သည့် ကင်းဒမ်းတာဝါမှာ မီတာ ၁၀၀၀ အမြင့်ရှိမည်ဖြစ်သည်။

ဘာဆရာမြို့တွင် ဆောက်လုပ်ရန် ရည်ရွယ်ထားသည့် မိုးမျှော်အဆောက်အအုံကြီးကို The Bride ဟု အမည်ပေးထားပြီး ၁၁၅၂ မီတာ အမြင့်ဆောက်လုပ်ရန် ရည်မှန်းထားရာ ဒူဘိုင်းနှင့် ဆော်ဒီတို့ထက် ပိုမိုမြင့်မားသည့် အဆောက်အအုံကြီး ဖြစ်လာမည် ဖြစ်သည်။
ယင်းအဆောက်အအုံကြီး၏ စီမံကိန်းမန်နေဂျာမှာ ဗြိတိသျှ ဗိသုကာအဖွဲ့ AMBS မှ ဒါရိုက်တာတစ်ဦးဖြစ်သူ မားကို့စ် ဒီ အင်ဒရေဖြစ်သည်။

ဘာဆရာမြို့အုပ်ချုပ်ရေးအဖွဲ့သည် ဘာဆရာမြို့ကို ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့နံပါတ်တစ် ဒေါင်လိုက်မြို့တော် world’s first vertical city ဖြစ်လာစေရန် ရည်မှန်းထားသည်။
The Bride အဆောက်အအုံကြီးတွင် မျှော်စင် ၄ ခု ပါဝင်မည်ဖြစ်ပြီး မျှော်စင်တို့၏ အမြင့်မှာ ၁၁၅၂ မီတာ၊ ၇၂၄ မီတာ၊ ၄၈၄ မီတာနှင့် ၆၁ မီတာ အသီးသီးရှိမည်ဖြစ်ပြီး မိုးမျှော်ဥယျာဉ်များဖြင့် ဆက်သွယ်ထားမည် ဖြစ်သည်။
မြေနေရာအကျယ်အ၀န်း ၁၅၅၀၀၀၀ စတုရန်းမီတာပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး လူနေခန်းများ၊ စာသင်ကျောင်းနှင့် ဈေးဝယ်စင်တာများ ပါဝင်မည်ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service