အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမယ်ဆို မြို့သစ်စီမံကိန်း ဦးစားပေးသင့်

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမယ်ဆို မြို့သစ်စီမံကိန်း ဦးစားပေးသင့် - Property News in Myanmar from iMyanmarHouse.com
6 Sep 2016 11:10 am တွင် တင်ခဲ့သည်
4344 ကြိမ် ကြည့်ရှု့ပြီး
ရင်းနှီးမြှုပ်နှံချင်တဲ့ သူတွေ ဝယ်သင့်နေတဲ့ အခုလိုဈေးကွက်အခြေအနေမှာ ဝယ်ယူမယ်ဆိုရင် လူပြောများနေတဲ့ ဦးစားပေးမြို့သစ်စီမံကိန်းနေရာတွေကို ရွေးချယ်သင့်တယ်လို့သိရပါတယ်။

သည်ရက်ပိုင်းတွေမှာ အရောင်းအဝယ်သမားတွေ စိတ်ဝင်စားမှုတွေ ပြန်ရှိနေတာက သြဂုတ်လမှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆွေးနွေးခဲ့တဲ့ မြို့သစ်စီမံကိန်းတွေပါ။ဆွေးနွေးပွဲမှာ ဦးစားပေးမြို့သစ်စီမံကိန်းအဖြစ် အရှေ့ဒဂုန်မြို့နယ်ပြီးပါက သန်လျင်ကုလားဝဲ တံတားအနီး မြေနေရာ၊ ဒလမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်ကြား မြေနေရာ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိမြို့သစ် စီမံကိန်းတွေကို ပြောကြားခဲ့ကြတာပါ။

ရန်ကုန်မြို့သစ်စီမံကိန်းကို အရှေ့ဒဂုန်မြို့နယ်လေးထောင့်ကန်အနီးရှိ လယ်မြေဧက ၁၇,၀၀၀ ကျော်မှာ အကောင်အထည်ဖော်ဖို့ မြို့ပြစီမံကိန်း ပညာရှင်တွေက ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို အကြံပြုထားတယ်လို့ သိရပါတယ်။လက်ရှိမှာ ရည်ရွယ်ထားတဲ့နေရာတွေရှိ မြေဈေးနှုန်းတွေနဲ့ ဈေးကွက်အခြေအနေက ဝယ်ချင်သူတွေအတွက် သင့်တင့်နေတဲ့ ဈေးတွေ ဖြစ်နေတာကြောင့်ပါ။

အောင်မြင့်မိုရ် အကျိုးဆောင်မှ ဦးဇော်မြင့်က ‘ဈေးကွက်အရတော့ ခုချိန်ဘယ်သူကမှ ရဲရဲတင်းတင်းဝယ်ဖို့ မရဲသေးတဲ့အချိန်ပါ၊ အပြောင်းအလဲတွေ များနေတော့ ကြောက်ကြတယ်၊ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ ရေတိုရေရှည်ခွဲပြီး ရင်းနှီးမှ အဆင်ပြေနိုင်မယ်၊ ရေရှည်ရင်းနှီးထားသူတွေဆိုရင်တော့ စီမံကိန်းထဲမှာ ပါတဲ့ နေရာတွေက အကောင်းဆုံးပါပဲ၊ ဖွံ့ဖြိုးဖို့စောင့်ရမှာ အချိန်ကြာတယ်ဆိုပေမဲ့ ရေရှည်အတွက်တော့ ဝယ်ထားသင့်တယ်’ လို့ ပြောပါတယ်။

အိမ်ခြံမြေဈေးက လက်ရှိမှာ အဝယ်ဈေးကွက်ပျောက်နေပြီး ဈေးတွေကလည်း ခေါ်ဈေးမမြင့်တော့ဘဲ ညှိနှိုင်းဈေးတွေနဲ့ ရောင်းကြတာတွေ ရှိနေတာပါ။အကျိုးဆောင်အများစုက ဝယ်ချင်သူတွေအတွက် ဝယ်လို့ကောင်းတဲ့အချိန် ဖြစ်တယ်လို့ ပြောကြပါတယ်။

ဒဂုံအရှေ့ပိုင်းရှိ လေးထောင့်ကန်အနီး လယ်မြေဧက ၁၇,၀၀၀ ကျော်ကို စီမံကိန်း ပြုလုပ်ဖို့ တင်ပြထားမှုတွေကြောင့် အနီးအနားရှိ တချို့မြေကွက်တွေ အရောင်းအဝယ်ပြန်ရှိလာတယ်လို့ သိရတယ်။ဝယ်ရောင်းသမားတွေ ပြန်စိတ်ဝင်စားပြီး ဈေးကွက်ပြန်ဆင်းကြတာကြောင့်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘အရင်ကလို မဝယ်ရဲကြတာက မြေတွေအကြာကြီး ပိုက်မိကြမှာ စိုးကြလို့ပါ၊ စီမံကိန်းတွေရှိတဲ့ နေရာတွေထဲမှာ ဒလဘက်ကို ပိုပြီး စိတ်ဝင်စားမှု ရှိနေကြတယ်၊ တခြားနေရာတွေက ဖွံ့ဖြိုးမှုရှိလာဖို့ အချိန်အတော်ကြာ စောင့်ရမှာကြောင့် မဝံ့မရဲ ဖြစ်နေကြတာ’ လို့ ပြောပါတယ်။

သြဂုတ်လ ၁၉ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုလဲခန်းမမျာ ပြုလုပ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်း နဲ့ ပတ်သတ်ပြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲမှာ မြို့ပြစီမံကိန်း ပညာရှင်တွေက တင်ပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service