ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီး ကမ်းခြေရှိ မြေကွက်များ ၀ယ်ယူသူများ

ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီး ကမ်းခြေရှိ မြေကွက်များ ၀ယ်ယူသူများ - Property News in Myanmar from iMyanmarHouse.com
5 Sep 2016 11:38 am တွင် တင်ခဲ့သည်
1722 ကြိမ် ကြည့်ရှု့ပြီး
ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွား ရေးဇုန်အနီး မင်းပြင်နှင့်ဇင်ချောင်းကမ်းခြေတစ်လျှောက်ရှိ မြေကွက် များကိုရင်းနှီးမြှုပ်နှံသူများမှဝယ်ယူမှုများပြားလာကြောင်း မြေကွက် အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

စီးပွားရေးဇုန်နှင့်နီးသည့် မင်းပြင်နှင့် ဇင်ချောင်းကမ်းခြေတစ်လျှောက် မြေကွက်များကို ပြည်တွင်းလုပ်ငန်းရှင်များ၊ ဒေသတွင်း လုပ်ငန်းရှင်များ နှင့် မြို့ခံရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များမှ ၀ယ်ယူလာကြခြင်းဖြစ်သည်။

"မြေကွက်က မရှိသလောက်နည်းပါးသွားပါပြီ။ အကုန်အကွက်ရိုက်၊ဧကရာနဲ့ချီဝယ်ယူပြီး ခြံခတ်ထားကြတယ်။ အဲဒီကမ်းခြေမြေဈေးက တစ်လတစ်မျိုးဆိုသလိုမျိုး ဈေးနှုန်းက အတက်ပဲရှိနေတယ်။ အကျလုံးဝမရှိဘူး။တချို့ဆိုလည်း တောင်သူတွေဆီက ဈေးအနိမ့်နဲ့ရထားကြသူ တွေလည်းရှိတယ်"ဟု မြေကွက်အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ကြီးက ပြောသည်။

လုပ်ငန်းရှင်များအနေဖြင့် အမြင့်ဈေးဖြင့် ပြန်လည်ရောင်းချရန် ၂၀၁၄ ခုနှစ်အတွင်းမှ စတင်ဝယ်ယူလာကြပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ် အထိ ၀ယ်ယူမှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။
"စက်မှုဇုန်ဖော်ဆောင်လာရင်တော့ မြေဈေးကဒီထက်မ
ကမြင့်တက် လာမှာပါ။ နောက်ပြီးတော့ ဟိုတယ်နဲ့
ခရီးသွားလုပ်ငန်းဖော်ဆောင်လာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်ရှိတဲ့ငွေတွေကို ဘဏ်ထည့်ထား မယ့်အစား
မြေကွက်ဝယ်ပြီးရင်းနှီးမြှုပ်နှံထားတာပါ"ဟု မြေကွက် ၁၃ ဧကခန့်ဝယ်ယူရင်းနှီးမြှုပ်နှံထားသည့်ကျောက်ဖြူမြို့ခံတစ်ဦးကပြောသည်။

ကမ်းခြေရှိ မြေကွက်ဈေးနှုန်းများမှာ ၂၀၁၀ ခုနှစ်မတိုင်မီ တစ်ဧက လျှင် ကျပ် ၁၀ သိန်းမှ သိန်း ၃၀ ၀န်းကျင်သာရှိခဲ့သော်လည်း ယခုအခါ တစ်ဧကလျှင်ပျမ်းမျှ ကျပ်သိန်း ၁၅၀ ကျော်မှ ကျပ်သိန်း ၄၀၀ ကျော်ထိ မြင့်တက်နေကြောင်းသိရသည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service