ကန်ထရိုက်တိုက်ဆောက်လုပ်ခွင့်ကန့်သတ်ချက်သတင်းများကြောင့် လုပ်ငန်းရှင်များအကြား ဂယက်ရိုက်

ကန်ထရိုက်တိုက်ဆောက်လုပ်ခွင့်ကန့်သတ်ချက်သတင်းများကြောင့် လုပ်ငန်းရှင်များအကြား ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
5 Sep 2016 10:57 am တွင် တင်ခဲ့သည်
789 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် ထပ်မံတည်ဆောက်မည့် ကန်ထရိုက်တိုက်များ၌ ရင်ခွဲအမျိုးအစားဆောက်လုပ်ခွင့် ကန့်သတ်မည်ဆိုခြင်းနှင့် ကားပါကင်ထည့်သွင်းတည်ဆောက်ရမည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

‘‘မြေအကျယ်ပေ ၂၅ ပေ ၅၀ ကိုရင်ခွဲပုံစံပေးမဆောက်တော့ ဘူး။ မြေအကျယ်ပေ ၄၀၊ ပေ၆၀ ကို မြေညီထပ်နေရာမှာ ကားပါ ကင်ထည့်ဆောက်ရမယ်ဆိုတာ တွေ ကြားနေရတော့ လုပ်ငန်းရှင် တွေအကြား တော်တော်ဂယက် ရိုက်နေတယ်’’ဟု ကျော်ဆောက် လုပ်ရေးလုပ်ငန်းမှ ဦးကျော်သိန်း ဌေးက ပြောသည်။

‘‘အခုဟာက ထင်ရာမြင်ရာ တွေပြောနေကြတာ။ တရားဝင် ထုတ်ပြန်မှ အားလုံးသိရမယ့် သ ဘောပါ’’ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီအင်ဂျင်နီယာ အဆောက်အအုံဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့အတွက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ် အသစ်ပြန်လည်ရေးဆွဲမှုသည် ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားထားပြီး ဆောက်လုပ်ခွင့်ပါမစ်အတွက် ယခင်က ဥပဒေ ကိုပိုမိုကောင်းမွန်စေရန် ဖြည့်စွက်ရေးဆွဲခြင်းဖြစ်ကာ အင်ဂျင်နီယာ အသင်းနှင့် ဗိသုကာအသင်းသို့ ချပြပြီးဖြစ်၍ ပြည်သူသိရှိစေရန် မကြာမီထုတ်ပြန်ပေးမည်ဟု ဆို သည်။

လက်ရှိတွင် ကန်ထရိုက် တိုက်တစ်လုံးဆောက်ရန် ဘေး အိမ်များ၏ ထောက်ခံချက်များကို ငွေကြေးများပေး၍ လက်မှတ်များ ထိုးခိုင်းနေရခြင်း၊ လျှပ်စစ်သုံးစွဲမှုတွင် ကီလိုဝပ် ၃၀ ကျော်ပါက ထရန်စဖော်မာများတပ်ဆင်ရမည်ဆိုခြင်းတို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအကြား အခက်အခဲများဖြစ်ပေါ်နေသည်ဟု ဆိုသည်။

‘‘တိုက်ခန်းဈေးကွက်က အေးနေရုံမဟုတ်ဘူး။ ခဲပါခဲနေပြီ။ ဒီကြားထဲ စည်းမျဉ်းတွေဥပဒေ သစ်တွေ လာမှာအများကြီးပဲလို့ ကြားနေတယ်’’ဟု စေတနာ ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်ငန်းရှင်ဦးတင်ညွန့်က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်း အချို့သည် ဆောက်လက်စရပ်နားထားရခြင်း၊ စာချုပ်များကို ပယ် ဖျက်လိုက်ရခြင်းနှင့် ရှောင်ပြေးမှု များအထိပင်ရှိနေပြီဟု လက်ရှိ ဆောက်လုပ်ရေးလောကအခြေ အနေကို ဦးတင်ညွန့်က ရှင်းပြ သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service