ဧရာချမ်းသာအဆင့်မြင့်အိမ်ရာစီမံကိန်းမှ အခန်းရှင်များအား ၂ဝ၁၈ နှစ်စပိုင်း ၌ အိမ်ခန်းများအပ်နှံမည်

ဧရာချမ်းသာအဆင့်မြင့်အိမ်ရာစီမံကိန်းမှ အခန်းရှင်များအား ၂ဝ၁၈ နှစ်စပိုင်း ၌ အိမ်ခန်းများအပ်နှံမည် - Property News in Myanmar from iMyanmarHouse.com
2 Sep 2016 11:36 am တွင် တင်ခဲ့သည်
1521 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတကာအဆင့်မီအိမ်ရာများ ပေါ်ထွန်းစေရေးအတွက် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ချမ်းသာရွှေမြေကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်နေသည့် ဧရာချမ်းသာအဆင့်မြင့် အိမ်ရာစီမံကိန်းမှ လာမည့် ၂ဝ၁၈ ခုနှစ် နှစ်စပိုင်း၌ ဝယ်ယူပြီးသည့် အခန်းရှင်များအား အိမ်ခန်းများအပ်နှံတော့ မည်ဖြစ်သည်။

အဆိုပါ ဧရာချမ်းသာအဆင့်မြင့်အိမ်ရာ စီမံကိန်းမှာ ဒဂုံဆိပ်ကမ်းမြို့နယ် အဝင်ဝနှင့် ဧရာဝဏ်လမ်းမကြီးဘေးရှိ တိုင်းရင်းသားယဉ်ကျေးမှုတက္ကသိုလ်နှင့်ကပ်လျက်နေရာတွင် တည်ရှိပြီး အဆောက်အအုံ ၁၄ လုံး ပါဝင်ကြောင်း သိရသည်။ အဆောက်အအုံ တစ်လုံးလျှင်အထပ်မြင့် ၁၈ ထပ်စီပါဝင်ပြီး အိမ်ခန်းများ၏အခန်းများဖွဲ့စည်းထားပုံအရ အခန်းတစ်ခန်းလျှင် အခန်းအကျယ်အဝန်းမှာ ၆ဝဝ/၁၂ဝဝ စတုရန်းပေရှိကြောင်း သိရသည်။ အဆောက်အအုံ တစ်လုံးလျှင် အဆင့်မြင့်ဓာတ်လှေကား သုံးစင်းစီပါဝင်မည် ဖြစ်ပြီး အဆောက်အအုံများအတွင်း အရေးပေါ်မီးသတ် စနစ်များ၊ အရေးပေါ်လှေကားများ၊ ရေဆိုးရေသန့်စနစ်များ၊ ကလေးကစားကွင်းများ၊ ရေကူးကန်များ၊ အားကစားခန်းမ များနှင့် ဈေးဆိုင်ခန်းများ ပါဝင်မည်ဖြစ်ကာ ပတ်ဝန်းကျင် စိမ်းလန်းမှုဧရိယာအဖြစ် ထည့်သွင်းဖန်တီးလုပ်ဆောင်ထားကြောင်း သိရသည်။

လက်ရှိအနေအထားအရ အဆောက်အအုံအချို့ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး ပြည်တွင်း ပြည်ပ အင်ဂျင်နီယာများ၊ လုပ်သားများဖြင့် ဆောင်ရွက်လျက်ရှိကာ မြို့ပြလူနေမှုအတွက် Clubhouse၊ Gym၊ Sauna၊ Steam room နှင့် Playground များ ထားရှိပေးမည်ဖြစ်သည်။

ချမ်းသာရွှေမြေကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်အေးအေးလတ်က ''ဒီဧရာချမ်းသာအဆင့် မြင့်အိမ်ရာစီမံကိန်းကြီး ပြီးစီးသွားပြီဆိုရင်တော့ လစဉ် ပုံမှန်ဝင်ငွေရှိတဲ့ ပြည်သူတစ်ယောက်အတွက် နေထိုင် လို့ရတဲ့ အခွင့်အရေးဖြစ်သွားပါပြီ။ ဒါပေမယ့် သူ့အနေနဲ့ ကြိုးစားဖို့တော့လိုပါလိမ့်မယ်။ ဒီလိုအဆင့်မြင့်ကွန်ဒိုမှာ နေထိုင်ဖို့အတွက် အလုပ်ကြိုးစားမယ်ဆိုရင် နိုင်ငံတော် အတွက်ရော လူ့စွမ်းအားမြှင့်တင်ရေးအတွက်ပါ တစ်ဖက် တစ်လမ်းက အကူအညီဖြစ်ပါလိမ့်မယ်။ အခန်းတွေကို နိုင်ငံခြားသားတွေလည်း ဝယ်ယူပိုင်ခွင့်ရှိပါတယ်။ အိမ်ခန်းတစ်ခန်းကို ငွေကျပ် သိန်း ၆ဝဝ နဲ့ အခြေခံရောင်းချ ပေးမှာဖြစ်ပါတယ်။ ဝယ်ယူတဲ့ပြည်သူတွေအနေနဲ့လည်း မိမိပေးချေရတဲ့ ငွေတန်ဖိုးနဲ့ ညီမျှစွာ အရည်အသွေးမီ အိမ်ရာမှာ နေထိုင်နိုင်ကြမှာဖြစ်ပါတယ်''ဟု ပြောသည်။

ဧရာချမ်းသာအဆင့်မြင့်အိမ်ရာစီမံကိန်းမှ အခန်းများ ရောင်းချမည့်ပုံစံအရ Plan A မှာ ကနဦး ၂ဝ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ငွေကျပ် သိန်း ၁၂ဝ ကို ပေးသွင်းရ မည်ဖြစ်ကာ တစ်လလျှင် ငွေကျပ် ခြောက်သိန်းနှုန်းဖြင့် ၂၄ လ ငွေပေးသွင်းရမည်ဖြစ်သည်။ ထို့နောက် ငွေပေးသွင်းထားသူအား အခန်းအပ်နှံမည်ဖြစ်ပြီး ကျန်ငွေကျပ်သိန်း ၃ဝဝ ကို အပြီးသတ်မပေးသွင်းနိုင်ပါက လည်း အရစ်ကျစနစ်ဖြင့် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ Plan B မှာ နိုင်ငံတကာမှ အလုပ်လုပ်ပြီး ပြန်လာသည့် ပြည်သူလူငယ်များဖြစ်သော အိုးအိမ်အသစ် ထူထောင်မည့် လူငယ်များအတွက် ငွေတစ်လုံးတစ်ခဲတည်း ပေးဆောင်ရန်မလိုသော လစဉ်အရစ်ကျ ၄ နှစ်မှ ၁၄ နှစ်ထိ ငွေပေးသွင်းနိုင်သည့်အစီအစဉ်ဖြစ်သည့် အနည်းဆုံး တစ်လလျှင်ငွေကျပ် ခုနစ်သိန်း ရှစ်သောင်းမှစ၍ နှစ်အလိုက်ပေးသွင်းမည့် ပမာဏငွေပေးသွင်းရုံဖြင့် အိမ်ခန်းတစ်ခန်းရယူပိုင်ဆိုင်နိုင်မည့် အထူးအခွင့်အရေး များကို စီစဉ်ထားသေးကြောင်း သိရသည်။

အဆိုပါ စီမံကိန်းဆောင်ရွက်ပြီးစီးပါက ရန်ကုန်မြို့ သို့ အကြောင်းကိစ္စအရပ်ရပ်ကြောင့် လာရောက်လည်ပတ် ကြမည့် ခရီးသွားဧည့်သည်များအတွက်ပါ အကျိုးရှိဖြစ်စေ မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ လူဦးရေအချို့အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြတော့မည်ဖြစ် ကာ ဧရာချမ်းသာအဆင့်မြင့်အိမ်ရာစီမံကိန်းအား ၂ဝ၁၃ ခုနှစ်တွင် စီမံကိန်းစတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service