ရှန်ဟိုင်းအိမ်ခြံမြေမူဝါဒတင်းကျပ်မည့် သတင်းများ ကောလာဟလများသာဖြစ်

ရှန်ဟိုင်းအိမ်ခြံမြေမူဝါဒတင်းကျပ်မည့် သတင်းများ ကောလာဟလများသာဖြစ် - Property News in Myanmar from iMyanmarHouse.com
2 Sep 2016 10:33 am တွင် တင်ခဲ့သည်
910 ကြိမ် ကြည့်ရှု့ပြီး
ရှန်ဟိုင်း၏ မြင့်တက်နေသော အိမ်ခြံမြေဈေးကွက်ကို တည်ငြိမ်စေရန် မူဝါဒများထပ်မံတင်းကျပ်မည်ဟု ထွက်ရှိနေသောသတင်းများသည် ကောလာဟလများ
သာဖြစ်ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေနှင့် မြို့ပြ-ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်က
သြဂုတ်လ ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။

"ပထမအကြိမ်အိမ်ဝယ်ယူသူတွေနဲ့ ဒုတိယအကြိမ်ဝယ်ယူသူများ ပေးချေရမယ့် ပထမအရစ်ကိုရာခိုင်နှုန်း ထပ်မံတိုးမြှင့်ဖို့ လိုမျိုး အခုထွက်ရှိနေတဲ့မူဝါဒရေးရာမှန်းဆချက်တွေကို ကော်မရှင်က ဆွေးနွေးနေခြင်း လုံးဝကို မရှိပါဘူး။ ရှန်ဟိုင်းမှာ အိမ်ခြံမြေအရောင်းအ၀ယ်တည်ငြိမ်ဖို့လက်ရှိစည်းမျဉ်းတွေအတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ကော်မရှင်က ၎င်းတို့၏Wechat အကောင့်မှတစ်ဆင့် ကြေညာခဲ့သည်။

ရှန်ဟိုင်းတွင် ပထမအကြိမ်အိမ်ဝယ်ယူသူများအတွက် အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ပထမအရစ်လက်ငင်းပေးချေရမည်ဖြစ်ပြီး ဒုတိယအကြိမ်အိမ်ဝယ်ယူသူများအတွက် ယင်းအိမ်သည်သာမန်အဆင့်မဟုတ်ပါက အနိမ့်ဆုံးလက်ငင်းပေးချေရသည့် ပထမအရစ်ကို အိမ်တန်ဖိုး၏ရာခိုင်နှုန်း ၇၀ သို့မဟုတ် ယင်းအိမ်သည် သာမန်အဆင့်သာရှိပါက ရာခိုင်နှုန်း ၅၀ ပေးချေရန်လက်ရှိမူဝါဒအရ သတ်မှတ်ထားသည်။

ပထမအကြိမ်အိမ်ဝယ်ယူသူများအတွက် ပထမအရစ်လက်ငင်းပေးချေရမည့် ရာခိုင်နှုန်းကို ၅၀ရာခိုင်နှုန်းသို့ တိုးမြှင့်မည်ဖြစ်ပြီး ဒုတိယအကြိမ်ဝယ်ယူသူများအတွက် ၇၀ ရာခိုင်နှုန်းသို့တိုးမြှင့်တော့မည်ဟု သတင်းများထွက်ရှိခဲ့ခြင်းဖြစ်သည်။

ထိုကောလာဟလများကြောင့် ရှန်ဟိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ်က အိမ်သစ်များ ရောင်းအားကောင်းခဲ့ပြီး အိမ်ခြံမြေဈေးကွက်လှုပ်ခတ်ခဲ့သည်။

အစိုးရမတည်​သည့်​ အိမ်ရာများမှအပ ရှန်ဟိုင်းတွင် သြဂုတ်လ ၂၈ ရက်က ကုန်​ဆုံးခဲ့သောပြီးခဲ့သည့်​ သီတင်းပတ်က ရောင်းချရသည့် အိမ်သစ်ဧရိယာသည် ၅၅၅,၇၀၀ စတုရန်းမီတာရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ကထက် ၉၃ ရာခိုင်​နှုန်း ​မြင့်တက်ခဲ့သည်။ ယင်းနှုန်းက ၅လတာအတွင်း ထိုသီတင်းပတ်ကို အမြင့်ဆုံးဖြစ်ကြောင်း Shanghai Homelink အိမ်ခြံမြေအေဂျင်စီကုမ္ပဏီက သြဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အိမ်သစ်ပျမ်းမျှရောင်းဈေးသည် ၁ စတုရန်းမီတာလျှင် ၄၃,၅၇၁ ယွမ်(၆,၅၁၁ အမေရိကန်ဒေါ်လာ) ရှိခဲ့သည်။ ယင်းမတိုင်မီ သီတင်းပတ်က ၁ စတုရန်းမီတာလျှင် ၄၁,၂၅၉ ယွမ်(၆,၁၈၀ အမေရိကန်ဒေါ်လာ) ပျမ်းမျှ ဈေးနှုန်းဖြင့် ရောင်းချခဲ့ရ
သည်ဖြစ်ရာ ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service