ဆောက်လုပ်ရေးလိုင်စင် စရန်ငွေကျပ်သိန်း ၅၀၀ အပေါ် အတိုးခံစားခွင့်ပြုရန် တောင်းဆိုမည်

ဆောက်လုပ်ရေးလိုင်စင် စရန်ငွေကျပ်သိန်း ၅၀၀ အပေါ် အတိုးခံစားခွင့်ပြုရန် တောင်းဆိုမည် - Property News in Myanmar from iMyanmarHouse.com
2 Sep 2016 10:09 am တွင် တင်ခဲ့သည်
2267 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ဆောက်လုပ်ရေး ကန်ထရိုက်တာလိုင်စင်အတွက် စရန်ပေးသွင်း ထားရသည့် ငွေကျပ်သိန်း ၅၀၀ အား အတိုးခံစားခွင့်မရရှိမှုနှင့် ပတ်သတ်ပြီး မြို့တော်ဝန်ထံ တင်ပြမည်ဖြစ်ကြောင်း လိုင်စင်ရ ကန်ထရိုက်လုပ်ငန်းရှင်များက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းတခုသည် အဆောက်အအုံတခု ဆောက်လုပ်မည်ဆိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ကန်ထရိုက်တာလိုင်စင်အတွက် စရန်ငွေ ပေးသွင်းရလေ့ရှိကြောင်း၊ ယခင်မြို့တော်ဝန်ဟောင်း ဦးကိုလေး လက်ထက်က ထိုစရန်ငွေများအပေါ် အတိုးနှုန်း ခံစားခွင့်ပြုခဲ့သော်လည်း မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက် ရောက်ချိန်၌ အတိုးနှုန်းကို ခံစားခွင့်မပြုတော့ဘဲ အဖွဲ့အစည်းတခုတွင် ရန်ပုံငွေထည့်ဝင်သည်ဟုဆိုကာ ယနေ့ထိတိုင် ခံစားခွင့် ဖြတ်တောက်ခဲ့သည့်အပေါ် ယခုမြို့တော်ဝန်သစ်ထံ တင်ပြတောင်းဆိုမည်ဟု ကန်ထရိုက်လုပ်ငန်းရှင်များက ပြောသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘုရင် အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမီတက် ဥက္ကဋ္ဌဦးကိုကိုအောင်က “ မြို့တော်ဝန်ဦးကိုလေး လက်ထက်မှာ သိန်း ၅၀ စရန်ပေးရာကနေ သိန်း ၁၀၀ အထိ စရန်ငွေ ပေးလာရတယ်။ ဦးအောင်သိန်းလင်း လက်ထက်ရောက်တော့ သိန်း ၄၀၀ ထပ်သွင်းခိုင်းတော့ စရန်က သိန်း ၅၀၀ ဖြစ်သွားတယ်။ အရင်တုန်းက အတိုးပေးခဲ့ပြီး ဦးအောင်သိန်းလင်းလက်ထက်မှာ ရတဲ့အတိုးတွေကို မပေးတော့ဘဲ အဖွဲ့အစည်းတခုရဲ့ ရန်ပုံငွေဆိုပြီး ထုတ်သုံးလိုက်တယ်လို့ ဆိုတယ်။ အဲဒီနောက်ပိုင်း မရခဲ့တာ ဒီနေ့အထိပဲ။ ဒါကို အစိုးရသစ်ရဲ့ မြို့တော်ဝန်အသစ်ကို တင်ပြသွားမယ်” ဟု ပြောသည်။

လက်ရှိချိန်၌ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်မည်ဆိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ကန်ထရိုက်လိုင်စင်အတွက် ပေးသွင်းနေရသည့် စရန်ငွေနှုန်းထားမှာ အကြီးတန်း ကန်ထရိုက်တာ လိုင်စင်ကြေး စရန်ငွေအဖြစ် ကျပ်သိန်း ၅၀၀၊ အငယ်တန်း ကန်ထရိုက်တာ လိုင်စင်ကြေး စရန်ငွေအဖြစ် သိန်း ၂၀၀ ပေးသွင်းရသည်ဟု ကန်ထရိုက်တာ လုပ်ငန်းရှင်များက ပြောသည်။

အကြီးတန်းလိုင်စင်ရ ကန်ထရိုက်တာ တဦးဖြစ်သည့် ဦးအောင်နိုင်က “ ကျနော်တို့ကတော့ ကန်ထရိုက်လိုင်စင်ကြေးသိန်း ၅၀၀ ပေးခဲ့ရတာ ၃ နှစ်လောက် ရှိနေပြီ။ လုပ်ငန်းလုံးဝမလုပ်တော့လို့ လိုင်စင်ကို ပြန်ထုတ်ရင် ဒီငွေပြန်ရမယ်။ မထုတ်ခင်မှာတော့ သူတို့ဆီအပ်ထားတဲ့ သိန်း ၅၀၀ က အတိုးကို ခံစားခွင့်ပြုတာ မရှိဘူး။ ဒါကို နဂိုတည်းက တင်ပြချင်တဲ့သူလည်း ရှိတယ်။ သိသိချည်းနဲ့ပဲ ထားခဲ့လိုက်ရတာ”ဟု ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန ( အဆောက်အအုံ) ဒုတိယ အင်ဂျင်နီယာမှူး ဦးနေ၀င်းက ကန်ထရိုက်လိုင်စင်အတွက် ပေးသွင်းထားရသည့် စရန်ငွေ ကျပ်သိန်း ၅၀၀ အပေါ် အတိုးခံစားခွင့် မရှိခြင်းသည် နိုင်ငံတော်ပေါ်လစီဖြင့်သာ ပြောင်းလဲနိုင်ပြီး စည်ပင်အနေဖြင့် လုပ်ဆောင်၍မရကြောင်း ဧရာဝတီကို ပြောသည်။

“ငွေအသေအနေနဲ့ ဘဏ်မှာထားတယ်။ အတိုး ပေးတာမပေးတာ မသိဘူး။ အတိုးက အရင်က ပေးဖူးတယ်။ နောက်ပိုင်းမှာ ငွေကို အရှင်မထားတော့ဘူး။ စီးပွားရေးဘဏ်မှာ အပ်ထားတယ်။ ဒါကို နိုင်ငံတော်ပေါ်လစီနဲ့ ပြောင်းမှရမှာ ကျနော်တို့က ပြောင်းလို့မရဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် စရန်ငွေ ကျပ်သိန်း ၅၀၀ ပေးသွင်း၍ လိုင်စင်တင်ထားသည့် ကန်ထရိုက်တာဦးရေ ၉၈၁ ဦးရှိပြီး လိုင်စင်မတင်ဘဲ လုပ်ကိုင်နေသည့် အင်ဂျင်နီယာသောင်းချီ ရှိနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ တရားဝင်လိုင်စင်ရရှိထားသည့် ကန်ထရိုက်များသည် “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လိုင်စင်ရကန်ထရိုက်တာများအသင်း” (YCDC L/C Association) ဖွဲ့စည်းရန် သြဂုတ်လ ၃၁ ရက်တွင် ဖိတ်ခေါ်ခဲ့ပြီး ထိုအဖွဲ့အစည်းမှတ်ပုံတင်ရန်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ လျှောက်ထားမည်ဟု သိရသည်။

အထက်ပါအသင်း ဖွဲ့စည်းရခြင်းသည် ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်း အဆောက်အအုံများ ဆောက်လုပ်ရာ၌ အရည်အသွေးပြည့် အဆောက်အအုံများ ဖြစ်စေရန်၊ မြို့တော်အင်္ဂါရပ်နှင့်အညီ လိုအပ်သည့် စည်းမျဉ်းဥပဒေများကို အကြံပြု ဆွေးနွေးနိုင်ရန်နှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အခက်အခဲရှိပါက ပူးပေါင်းဖြေရှင်းရန် ရည်ရွယ်ပြီး လိုင်စင်ရ ကန်ထရိုက်တာများအသင်းကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service