အများပြည်သူပိုင်နေရာများကို ပြန်လည်ပိုင်ဆိုင်ခွင့် ရရှိရေး အစိုးရက ရန်ကုန်တိုင်းလွှတ်တော်တွင် ကတိပေးထား၍ လွှတ်တော်ကော်မတီက စောင့်ကြည့်နေဟုဆို

အများပြည်သူပိုင်နေရာများကို ပြန်လည်ပိုင်ဆိုင်ခွင့် ရရှိရေး အစိုးရက ရန်ကုန်တိုင်းလွှတ်တော်တွင် ကတိပေးထား၍ လွှတ်တော်ကော်မတီက စောင့်ကြည့်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
1 Sep 2016 10:54 am တွင် တင်ခဲ့သည်
1472 ကြိမ် ကြည့်ရှု့ပြီး
အများပြည်သူပိုင် နေရာများကို အများပြည်သူ ပြန်လည်ပိုင်ဆိုင်ခွင့် ရရှိရေး ကိစ္စအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းအစိုးရ အဖွဲ့က လုပ်ဆောင်မည်ဟု ကတိပေးထားသဖြင့် ယင်းကိစ္စအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်
အခွင့်အရေး ကော်မတီက အဓိကထား စောင့်ကြည့်နေကြောင်း အဆိုပါ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။

“ဒီအစိုးရလက်ထက် လွှတ်တော်မှာ ကတိပေးထားတဲ့ ကိစ္စတွေထဲကဦးစားပေး စောင့်ကြည်တာကတော့ ပြည်သူလူထုပိုင် မြေနေရာကို ပြည်သူပြန်လည် ပိုင်ဆိုင်ခွင့်ရရေး အဆိုပါ။ အဲဒါကို အစိုးရဘက်က လုပ်ပေးနိုင်မှု ရှိမရှိ ဦးစားပေး စောင့်ကြည့်နေတာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ဝင်းက သြဂုတ် ၃၁ ရက်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အများပြည်သူပိုင် နေရာများအား အစိုးရဌာနများက ကျူးကျော်ခြင်း၊ ဂရန်ထုတ် ရောင်းချခြင်းများ ရှိနေခြင်းကြောင့် အများပြည်သူပိုင် နေရာများကို အများပြည်သူ ပြန်လည် ပိုင်ဆိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရေး အဆိုကို သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီး အဆိုအား ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“အရင်အစိုးရလက်ထက် ပြည်သူပိုင်နေရာတွေ၊ ပြည်သူလူထု အပန်းဖြေရမယ့် နေရာအကုန်လုံးကို သူတို့က လုပ်ကိုင်ခွင့်တွေ ယူထားတယ်။ ပြီးတော့ အဆောက်အအုံတွေ ဆောက်ကြတယ်။ ပြီးတော့ ပန်းခြံတွေကိုလည်း ကျူးကျော်ပြီး လုပ်ထားတယ်။ အခု တဖြည်းဖြည်းနဲ့တော့ ပန်းခြံမှာရှိတဲ့ အဆောက်အအုံတွေကတော့ ဖယ်သွားပြီ။
ရန်ကုန်တစ်တိုင်းလုံးဆိုတော့ အများကြီးရှိတာ။ အဲဒါတွေကို အစိုးရဘက်က လုပ်မလုပ် ကျွန်တော်တို့ ကွင်းဆင်းစောင့်ကြည့်မယ်။ ဒီကိစ္စက ကျယ်ပြန့်တယ်။ ဒါကြောင့် အချိန်တော့ ပေးရမှာပေါ့။ အများပြည်သူပိုင်တဲ့ နေရာတွေဆိုတာ အစိုးရပဲဖြစ်ဖြစ်၊ ကုမ္ပဏီပဲဖြစ်ဖြစ်၊ ခရိုနီပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့် မရှိဘူးလေ။ ဒါကြောင့် ဒါတွေကို ဖော်ထုတ်ပြီး အများပြည်သူပိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု ဦးခင်မောင်ဝင်းက ဆက်လက် ပြောကြားသည်။

ပြည်သူ့နေရာများကို အစိုးရတာဝန်ရှိသူများက မိမိပိုင် မြေနေရာများကဲ့သို့ သဘောထားကာ ငှားရမ်းရောင်းချခြင်းများ ရှိနေပြီး အများပြည်သူပိုင်သည့် ပန်းခြံများကိုယခင်အစိုးရလက်ထက်က နှစ်ရှည်ငှားရမ်းခြင်းများ ပြုလုပ်ကာ ကန်တော်ကြီး မျှော်စင်ကျွန်း၊ မြကျွန်းသာ၊ အင်းလျားကန်ပေါင်စသည့် ပြည်သူပိုင် မြေနေရာများအား
ပြည်သူများက ပိုင်ဆိုင်ခွင့်မရရှိခဲ့ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။

“၀န်ကြီးများရုံးဟာ အများပြည်သူ လေ့လာခွင့်ပေးတဲ့ နေရာဖြစ်ဖို့ လိုတယ်။ အင်းလျားကန်ပေါင်မှာလည်း ဆိုင်ခန်းတွေ ဆောက်ပြီး ကားဝင်ကြေးကောက် စီးပွားရှာနေတဲ့
နေရာဖြစ်နေတယ်။ မြကျွန်းသာမှာ ဆိုရင်လည်း အဆောက်အအုံတွေ ဆောက်ထားပြီး အတော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်။ ပြည်သူပိုင်မြေနေရာတွေ ဖျက်ဆီးခြင်း ခံနေရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

ယင်းကိစ္စအား အဆိုတင်သွင်းခဲ့သူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်ကလည်း အဆိုအား အစိုးရဘက်က လုပ်ဆောင်ပေးခြင်း ရှိမရှိ စောင့်ကြည့်မည်ဖြစ်ပြီး လိုအပ်ပါက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်းပြန်လည်
မေးမြန်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service