ရန်ကုန်မြို့ရှိ နိုင်ငံပိုင်အိမ်ရာများအနက် လမ်းသစ်ရိပ်သာ အိမ်ရာကို ပြန်လည်တည်ဆောက်မည်

ရန်ကုန်မြို့ရှိ နိုင်ငံပိုင်အိမ်ရာများအနက် လမ်းသစ်ရိပ်သာ အိမ်ရာကို ပြန်လည်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1 Sep 2016 10:00 am တွင် တင်ခဲ့သည်
1016 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့အတွင်းရှိသက်တမ်းကြာရှည် နေပြီဖြစ်သော နိုင်ငံပိုင်အိမ်ရာများကိုယခင်အစိုးရလက်ထက်ကပင် အဆင့်မြှင့် တင်မှုများ ပြုလုပ်လျက်ရှိရာလက်ရှိအစိုးရကပထမဦးဆုံးအစီအစဉ်အဖြစ်လမ်းသစ်ရိပ်သာအိမ်ရာကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံပိုင်အိမ်ရာများကိုအဆင့်မြှင့်တင်ရာတွင်ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီ များနှင့်အကျိုးတူ လုပ်ကိုင်တည်ဆောက် မည်ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ များက လုပ်ငန်းများကို
ငွေကြေးစိုက်ထုတ် တည်ဆောက်ရမည်ဖြစ်ကာ ထွက်ပေါ် လာမည့် အခန်းများကို တည်ဆောက်သည့်
ကုမ္ပဏီနှင့် အစိုးရတို့ အချိုးကျ ခွဲဝေရယူရမည်ဖြစ်ပြီး တည်ဆောက်မှုများပြီးစီးပါကလည်းမူလနေထိုင်သူများကိုယင်းနေရာ၌ပင် ပြန်လည်နေရာချထားပေး မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

"အရင်အစိုးရလက်ထက်တုန်းက ရန်ကုန် မှာရှိတဲ့ အစိုးရအိမ်ရာ ၁၁ ခုက နှစ်ခုကို အဆင့်မြှင့်ပြီး မူလနေထိုင်သူတွေကို နေရာချထားပေးခဲ့ပြီးပါပြီ။ ကျန်တဲ့အိမ်ရာစီမံကိန်း ကိုးခုကို အခုအစိုးရ
လက်ထက်မှာ လမ်းသစ် ရိပ်သာကို အဆင့်မြှင့်ဖို့ အစိုးရအဖွဲ့က မူအားဖြင့် သဘောတူပြီးသွားပြီ။
ဘယ်အချိန် တည်ဆောက်မှုလုပ်ငန်းစမယ်ဆိုတာ အတိ အကျမသိသေးပေမယ့် မကြာခင်တော့
လုပ်ငန်းတွေစတင်နိုင်တော့မှာပါ"ဟု ၎င်းက ပြောသည်။

လမ်းသစ်ရိပ်သာအိမ်ရာစီမံကိန်းကို ပြန်လည်အဆင့်မြှင့် တည်ဆောက်မှုတွင် လုံလောက်သည့် ကားပါကင်နေရာများ၊ ဈေးနေရာများကိုပါ ထည့်သွင်းတည်ဆောက် သွားဖြစ်ပြီး ပူးပေါင်း
လုပ်ဆောင်မည့် ကုမ္ပဏီရရှိရန်လည်း တင်ဒါစနစ်ဖြင့် မကြာမီရွေးချယ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် အနော်ရထာလမ်းထောင့်တွင် တည်ရှိသည့် အဆိုပါလမ်းသစ်ရိပ်သာအိမ်ရာသည် ၁၉၅၈ ခုနှစ် ဖဆပလအစိုးရလက်ထက် ပြည်တော် သာစီမံကိန်းအရ တည်ဆောက်ခဲ့သည့်နိုင်ငံပိုင်အိမ်ရာများတွင် တစ်ခုအပါအ၀င် ဖြစ်သည်။သက်တမ်းကြာမြင့်နေပြီဖြစ်သည့် လမ်းသစ်ရိပ်သာအိမ်ရာသည် လေးထပ်တိုက် ၁၁ လုံးရှိပြီး အခန်းပေါင်း ၂၆၄ ခန်းရှိကာ တိုက်၏သက်တမ်းမှာလည်း
နှစ်ပေါင်း၆၀၀န်းကျင်ရှိပြီဖြစ်၍ ခေတ်အဆက်ဆက်တွင် ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့သည့် အကျိုးဆက်များကြောင့် တိုက်များ၏ကြံ့ခိုင်မှုအားနည်းလာခြင်း၊ပျက်စီးယိုယွင်းမှုများရှိနေ သည့်အတွက်ပြန်လည်အဆင့်မြှင့်တင် တည် ဆောက်ရန် လိုအပ်သည်။ "အိမ်ရာမှာနေတဲ့သူတွေနဲ့ အစိုးရအဖွဲ့နဲ့သဘောတူညီမှု ရထားပြီးပါပြီ။ ကားလမ်းတွေ ကျပ်နေတာကြောင့် ဒီအစိုးရအိမ်ရာတွေကို အဆင့်မြှင့်
မယ်ဆိုရင် ကားပါကင်နေရာ တွေပါထည့်ပြီး တည်ဆောက်ပါမယ်။ တိုက်တစ်ခုအတွက် လိုအပ်တဲ့
ကားပါကင်နေရာ ထက်ပိုပြီး ကားပါကင်တွေ ထည့်သွင်းတည်ဆောက်သွားဖို့လည်း စီစဉ်ထားပါတယ်။
ကားပါကင်တွေချဲ့တဲ့အပြင်လမ်းပေါ်မှာဈေးသည်တွေ ဈေးရောင်းနေရတာတွေရှိနေတဲ့အတွက်ဈေးတွေပါ ထည့်သွင်းဆောက်လုပ်သွားပါမယ်"ဟု ဦးယုခိုင်က ပြောသည်။

ဖဆပလအစိုးရနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် ရန်ကုန်မြို့ တော်အတွင်းအိမ်ရာစီမံကိန်းပေါင်း ၁၁ ခု ကို ဆောက်လုပ်ခဲ့ပြီး အစိုးရ၀န်ထမ်းများနှင့် အများပြည်သူများကိုအငှားစနစ်ဖြင့် နေရာ ချထားပေးခဲ့သည်။ ယခင်အစိုးရလက်ထက်တွင်လည်း ယင်း နိုင်ငံပိုင်အိမ်ရာ၁၁ ခုအနက် ၅၁ လမ်း အိမ်ရာနှင့် လင့်လမ်းအိမ်ရာနှစ်ခုကိုပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများနှင့်ဆောက်လုပ် ရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း၍ အဆင့်မြှင့်တင် တည်ဆောက်ခဲ့ပြီး မူလနေထိုင်သူများကို အခန်းများ ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် နိုင်ငံပိုင်အိမ်ရာတစ်ခုဖြစ်သည့် လမ်းသစ်ရိပ်သာအိမ်ရာတွင် နေထိုင်သူအများစုမှာ
မူလအခန်းရရှိထားသူများနှင့် ဆွေစဉ်မျိုးဆက် အမွေဆက်ခံသူများဖြစ် ကြပြီး မိသားစုအစဉ်
အဆက် နှစ်ပေါင်းများ စွာနေထိုင်ကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များ အများဆုံးနေထိုင်ကြသည့် အိမ်ရာဖြစ်ကြောင်း နေထိုင်သူများကပြောသည်။ "ကျွန်တော်တို့နဲ့ လာဆွေးနွေးတော့ နေတဲ့
လူတွေ တော်တော်များများက တိုက်ကို ပြန် ဖျက်ပြီး အသစ်ပြန်ဆောက်ဖို့ မူအားဖြင့်တော့
သဘောတူကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ပြောင်းရွေ့ကြေး။ ဆောက်လုပ်တဲ့
အချိန်မှာ တခြားနေရာမှာ ပြန်ငှား နေရမှာဆိုတော့ သင့်တင့်တဲ့အိမ်ငှားခ၊ အခု နေတဲ့ အခန်းအကျယ်အ၀န်း ပြန်ရမရကိစ္စ တွေနဲ့ပတ်သက်ပြီး သူတို့နဲ့ အများကြီး ဆက်ဆွေးနွေးစရာတွေ
ကျန်ပါသေးတယ်။ သူတို့ ဘက်က ဘယ်တော့ဆောက်မယ်၊ ဘယ် ကုမ္ပဏီနဲ့ ဆောက်မယ်၊
ပြောင်းရွှေ့ကြေးနဲ့ အိမ်ငှားခ ဘယ်လောက်ပေးမယ်၊ ပြန်ရမယ့် အခန်းအကျယ်အ၀န်း၊ အဲဒါတွေနဲ့
ပတ်သက် ပြီးတော့ ဘာမှ ထပ်ပြီးလာမပြောသေးပါဘူး" ဟု လမ်းသစ်အိမ်ရာတွင် နှစ်ပေါင်း ၅၀ ကျော်
နေထိုင်နေလျက်ရှိပြီး လမ်းသစ်ရိပ်သာတိုက် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် တွင် လမ်းသစ်ရိပ်သာ အိမ်ရာစီမံကိန်းကို
အသစ်ပြန်လည်ဆောက်လုပ်ရန် နေထိုင် သူများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့
ခြောက်ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသော် လည်း ပြောင်းရွှေ့ကြေး၊ အိမ်ခန်းငှားရမ်းခ နှင့်
အခန်းပိုင်ဆိုင်မှုစာရွက်စာတမ်းများ ရရှိရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေး မှုများ အဆင်
မပြေခဲ့သဖြင့် ၂၀၁၅ ခုနှစ် တွင် ဆက်လက်ဆွေးနွေးခြင်းမရှိတော့ဘဲ အသစ်ပြန်လည်
တည်ဆောက်ရန်မှာ ကြန့် ကြာနေရခြင်းဖြစ်ကြောင်း လမ်းသစ်ရိပ်သာ တိုက်ခန်းတွင်
လက်ရှိနေထိုင်သူများက ပြောသည်။

"ကျွန်မတို့ကတော့ အမြန်ဆုံးပြန်ပြီး ဆောက်လုပ်စေချင်ပါတယ်။ ကြားရ သလောက်ကတော့
လူတော်တော်များများက သဘောတူထားကြတယ်။ အဆောက်အအုံ ကြံ့ခိုင်မှုတွေကိုတော့
အရင်နှစ်တွေက လာ စစ်သွားတယ်။ တချို့တိုက်တွေထဲက မီးဖို ချောင်နေရာတွေ၊ အပေါ်ထပ်ဆိုရင် ခေါင်မိုး တွေက ရေယိုတာတွေရှိတယ်။ ပြောင်းရွှေ့ ကြေးနဲ့ အိမ်ငှားခတွေနဲ့
ပက်သက်ပြီးတော့ ညှိနှိုင်းနေဆဲပါပဲ" ဟု အဆိုပါ လမ်းသစ်အိမ် ရာတွင် နေထိုင်သူတစ်ဦးက
ပြောသည်။

၁၉၅၁ ခုနှစ် ဖဆပလအစိုးရလက်ထက်မှစ၍ ခေတ်အဆက်ဆက် တာဝန်ယူခဲ့သည့် အစိုးရများက
နိုင်ငံပိုင်အိမ်ရာစီမံကိန်း များကို တည်ဆောက်ပြီး အများပြည်သူနှင့် အစိုးရ၀န်ထမ်းများကို
အငှားစနစ်ဖြင့် နေထိုင် ခွင့်ချထားပေးခဲ့သည့် အိမ်ခန်းပေါင်း ၁၆,၀၀၀ ကျော်ရှိကြောင်း မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကစာရင်းများအရ သိရသည်။


Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service