မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနက ယခုဘဏ္ဍာ နှစ်အတွင်းတည်ဆောက်ပေးသွားမည့် လေးခန်းတွဲ လေးထပ်နှင့် လေးခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာ ၃၄ လုံး၊ အခန်း ၄၂၈ ခန်း တည်ဆောက်ပြီးစီးသွားပါက အခြေခံပညာဆရာ၊ ဆရာမများကို ၅၀ ရာခိုင်နှုန်းအထိ ဦးစားပေးနေရာချထားပေးသွားမည်ဟုမန္တလေးတိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးဦးဇာနည်အောင်က ပြောသည်။
"အခုဆောက်နေတဲ့ ဝန်ထမ်းအိမ်ရာက ထွက်လာတဲ့အခန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို မူလတန်းကနေ အထက်တန်းအထိ သင် ကြားပေးနေတဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေအတွက် ပေးသွားပါမယ်။ ဘာကြောင့်လဲဆိုရင် မြို့နယ်တစ်ခုမှာ ကြည့်လိုက်ရင် ပညာရေးဝန်ထမ်းတွေက အများဆုံးပဲ သူတို့ကို နေစရာလုံလုံလောက် လောက်မပေးနိုင်သေးပါဘူး။ ဘာကြောင့် အခြေခံပညာ ဆရာ၊ ဆရာမတွေကို ဦးစားပေးရသလဲဆိုရင် နိုင်ငံအတွက် သားကောင်းရတနာတွေ မွေးထုတ်ပေးနိုင် ဖို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ နှလုံးသားကို အလှတရားတွေ တပ်ဆင်ပေးနေတာ အဲဒီဆရာ၊ ဆရာမတွေ ပါ။ သူတို့တွေက သူတို့အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း အလုပ်မလုပ်နိုင်ဘူး၊ စားဝတ်နေရေး အတွက် အဆင်မပြေရင် သူတို့အလုပ် အပေါ်ကို ယုံကြည်ကိုးစားမှု မြတ်နိုးမှု မရှိတော့ဘူးဆိုရင် နှလုံးသား တပ်ဆင်ပေး တဲ့နေရာမှာ ကောင်းကောင်း တပ်ဆင်မပေး နိုင်တော့ဘူး၊အဲဒီလိုသာ ဖြစ်နေမယ်ဆိုရင် နှလုံးသားမရှိတဲ့စစ်ဗိုလ်ချုပ်ကြီးတွေထွက်လာမယ်။ နှလုံးသားမရှိတဲ့ဆရာဝန်၊ အင်ဂျင်နီယာတွေ ထွက်လာမယ်။ နောက်ဆုံး အဆင့် နှလုံးသားမရှိတဲ့ ဈေးရောင်းသူတွေထွက်ပေါ်လာမယ်။ ကျွန်တော်တို့တိုင်းပြည် မှာ အောက်ခြေကနေ အထက်အထိ နှလုံးသားရှိတဲ့သူတွေ များများရှိလာဖို့ လိုပါတယ်။ နှလုံးသားမရှိတဲ့သူတွေကြောင့် တိုင်းပြည်အများကြီးနောက်ကျကျန်ရစ် ခဲ့ရတယ်။ အဲဒါကြောင့် နှလုံးသားတပ်ဆင်တဲ့ နေရာက အလွန်အရေးကြီးပါတယ်။ ဒါ ကြောင့် ၅၀ ရာခိုင်နှုန်းကို ဆရာ၊ဆရာမ တွေကို ပေးတာပါ"ဟုဝန်ကြီးဇာနည် အောင်က ပြောသည်။
အဆိုပါအိမ်ရာများကို တည်ဆောက် ပေးခြင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့်ဝန်ထမ်းများနေထိုင်နိုင်ရန် ငွေကျပ်သိန်း၆၇,၈၆၀အကုန်အကျခံတည်ဆောက်ပေးသွားမည်ဖြစ်ပြီး ထွက် လာသည့်အခန်းများကို ဝန်ထမ်းများအား ချထားပေးရာတွင်စနစ်တကျမူဝါဒများချမှတ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်ကိုသာ လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။
"တည်ဆောက်ရေးအပိုင်းတွေ စနိုင် ဖို့အတွက် ဇွန်လ ၁ ရက်နေ့ကစပြီး တင်ဒါ တွေ လက်ခံခဲ့တယ်။ တင်ဒါမှာပါတဲ့ သတ်မှတ်စည်းကမ်းတွေနဲ့ ပြည့်စုံတဲ့လုပ်ငန်းရှင်တွေကို ရွေးချယ်ပြီး ဆောက်လုပ် ခိုင်းတယ်။ အဆင့်အတန်းလည်းမီ လုပ်ငန်း ရှင်တွေလည်း လုပ်ပျော်မယ့် အခြေအနေ တစ်ခုကို လုပ်ဆောင်ပေးသွားမှာပါ။အရည်အသွေးကောင်းမွန်ခိုင်ခန့်တဲ့ အဆောက်အအုံတွေဖြစ်ဖို့ သတ်မှတ်ချက် တွေနဲ့အတူ ပွင့်လင်းမြင်သာစွာ ဆောင်ရွက် သွားမှာပါ"ဟု မန္တလေးတိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြော သည်။
ယခုအခါ မန္တလေးတိုင်းဒေသကြီး အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းစုစုပေါင်း၏၅ ရာခိုင်နှုန်းခန့်ကို သာ အိမ်ရာများ ချထားပေးနိုင်သေးသဖြင့် ဝန်ထမ်းတိုင်းအိမ်ရာနေထိုင်ခွင့်ရရှိရန်ကြိုးစားဆောင်ရွက်လျက်ရှိပြီးအမှန်တကယ်လိုအပ်သူများသာ နေထိုင်ခွင့်ရရှိစေရန် လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။
"အခုဆောက်နေတဲ့ဝန်ထမ်းအိမ်ရာ တွေချထားပေးတဲ့အခါမှာ လစာနည်း ဝန်ထမ်းကို ဦးစားပေးမယ်။ လစာချင်းတူ ရင် လုပ်သက်များသူကို ဦးစားပေးမယ်၊ လုပ်သက်ချင်းတူနေရင် အိမ်ထောင်ဘက်ပါ ဝန်ထမ်းဖြစ်နေသူကို ဦးစားပေးရွေးချယ် မှာ ဖြစ်ပါတယ်"ဟုဝန်ကြီးဦးဇာနည်အောင်ကဆက်လက်ပြောသည်။
တည်ဆောက်နေလျက်ရှိသည့် ဝန်ထမ်း အိမ်ရာများကို တာဝန်ထမ်းဆောင်နေသည့် မြို့နယ်များတွင် အိမ် (သို့)မြေ ပိုင်ဆိုင်မှု ရှိသူများနှင့် အိုးအိမ်ဦးစီးဌာန၏ စည်း မျဉ်းစည်းကမ်းဖောက်ဖျက်ထားသူဝန်ထမ်း များ လျှောက်ထားခွင့်မရှိကြောင်း၊ ဝန်ထမ်း အိမ်ရာလျှောက်ထားရာတွင် ဝန်ထမ်းဖြစ် ကြောင်း မိမိတာဝန်ထမ်းဆောင်နေသည့် ဌာန၏ အကြီးအကဲ၊ မြို့နယ်အဆင့်ထောက်ခံ ချက်တစ်ခုသာ လိုအပ်ကြောင်း၊ ဘဏ္ဍာ ရေး နှစ်အလိုက် ရရှိသည့် ဘတ်ဂျက်ဖြင့် တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာများတွင် ပညာရေးဝန်ထမ်းများကို ၅၀ ရာခိုင်နှုန်း အထိ ဦးစားပေးသွားမည်ဟု သိရသည်။
ယခုတည်ဆောက်မည့် ဝန်ထမ်း အိမ်ရာများကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ အောင် မြေသာစံမြို့နယ်တွင် လေးခန်းတွဲ လေးထပ် သုံးလုံး၊ ချမ်းမြသာစည်မြို့နယ်တွင် လေး ခန်းတွဲ လေးထပ်တစ်လုံး၊ ကျောက်ဆည် မြို့နယ်တွင် လေးခန်းတွဲသုံးထပ်လေးလုံး၊ မြင်းခြံမြို့နယ်တွင် လေးခန်းတွဲ လေးထပ် တစ်လုံးနှင့် လေးခန်းတွဲ သုံးထပ်တစ်လုံး၊ တောင်သာမြို့နယ်တွင် လေးခန်းတွဲ သုံး ထပ်နှစ်လုံး၊ မိတ္ထီလာမြို့နယ်တွင် လေးခန်း တွဲ သုံးထပ်နှစ်လုံး၊ ဝမ်းတွင်းမြို့နယ်တွင် လေးခန်းတွဲ သုံးထပ်နှစ်လုံး၊ မလှိုင်မြို့ နယ်တွင် လေးခန်းတွဲ သုံးထပ်နှစ်လုံး၊ သာစည်မြို့နယ်တွင် လေးခန်းတွဲ သုံးထပ် နှစ်လုံး၊ ရမည်းသင်းမြို့နယ်တွင် လေးခန်း တွဲ သုံးထပ်သုံးလုံး၊ ကျောက်ပန်းတောင်း မြို့နယ်တွင် လေးခန်းတွဲသုံးထပ်နှစ်လုံး၊ ပြင်ဦးလွင်မြို့နယ်တွင် လေးခန်းတွဲ သုံးထပ်သုံးလုံး၊မိုးကုတ်မြို့နယ်တွင် လေးခန်း တွဲ သုံးထပ်နှစ်လုံး၊ သပိတ်ကျင်းမြို့နယ် တွင် လေးခန်းတွဲ သုံးထပ်နှစ်လုံးတို့ဖြစ် ကြောင်း သိရသည်။
"အစိုးရဆိုတာဝန်ထမ်းတွေအပါအဝင် နိုင်ငံသူနိုင်ငံသားတွေအားလုံးရဲ့ စားဝတ် နေရေးကိစ္စတွေကို တာဝန်ယူပြီးတော့ စီမံခန့်ခွဲကြရတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဝန်ထမ်းတွေအတွက် နေစရာထိုင်စရာတွေ ကိုတော့ ဖန်တီးပေးနိုင်ရမယ်။ ခေတ် အဆက်ဆက် ဝန်ထမ်းတွေရဲ့ နေရေးအတွက်အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ ကြရင် အားလုံးအဆင်ပြေနေမှာပေါ့၊ ဒီ နေ့အချိန် တိုင်းဒေသကြီးအတွင်းမှာ ဝန် ထမ်းတွေ နေထိုင်ဖို့အတွက် ၂ ရာခိုင်နှုန်း ကနေ ၅ ရာခိုင်နှုန်းအထိပဲ ပေးနိုင်သေးတယ်။ ဒီနှုန်းဟာ အင်မတန်နည်းပါတယ်။ ကျွန် တော်တို့ ဝန်ထမ်းတွေအဖို့စားစရာ၊ဝတ်စရာအဆင်မပြေရင်တောင် နေစရာအဆင် ပြေမယ်ဆိုရင် မိမိအလုပ်ကို ဣနြေ္ဒရရ လေး လုပ်နိုင်တာပေါ့ဗျာ၊ အရင်နှစ်တွေက တစ်နှစ်ကို အခန်းအရေအတွက် ၄၀ဝ ဝန်းကျင်ပဲ တည်ဆောက်ပေးနိုင်ခဲ့တယ်။ ဒါတွေကို ကျွန်တော်တို့ အစိုးရအနေနဲ့ စာနာတဲ့အတွက် ဝန်ထမ်းအိမ်ရာတွေကို အများကြီးတည်ဆောက်နိုင်အောင်လုပ် ဆောင်သွားမယ"ဟု ဝန်ကြီးဦးဇာနည်အောင်က ဆက်လက်ပြောသည်။
မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနအနေဖြင့်ယခုဘဏ္ဍာနှစ်အတွင်း၌တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ၊အငြိမ်းစားဝန်ထမ်းများနှင့်အခြေခံလူတန်းစားများ နေထိုင်ရန်အတွက် အိမ်ရာဆောက်လုပ်ရန် အစီအစဉ်ရှိသော်လည်း မြေနေရာအခက်အခဲရှိနေခြင်း ကြောင့် မြေနေရာရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်များရှိ ဌာနဆိုင်ရာများ ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ် နေလျက်ရှိကြောင်း သိရသည်။
လင်းဝသန် (ရွှေကျွန်းလုံး) မှ iMyanmarHouse.com အတွက် အထူးရေးဆွဲဖော်ပြသည်။
Credit: iMyanmarHouse.com