လှိုင်သာယာနှင့် တောင်ဒဂုံရှိ အိမ်ခန်း ၂,၀၀၀ ကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချမည်

လှိုင်သာယာနှင့် တောင်ဒဂုံရှိ အိမ်ခန်း ၂,၀၀၀ ကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
31 Aug 2016 10:21 am တွင် တင်ခဲ့သည်
2845 ကြိမ် ကြည့်ရှု့ပြီး
စက်တင်ဘာတွင် ရန်ကုန်မြို့၌ အိမ်ရာအခန်းပေါင်း ၂,၀၀၀ ကျော် ရောင်းချနိုင်ရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းလိုက်ကြောင်း သတင်းရရှိသည်။

အခန်းများကို အမှန်တကယ်အိမ်လိုအပ်နေသူများအား စနစ်တကျရောင်းချနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ လွှဲပြောင်းပေး လိုက်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က အိမ်ရာစီမံကိန်း များကို ယခင်ကကဲ့သို့ မဲစနစ်ဖြင့် ရောင်း ချခြင်းထက် အခြားစနစ်ဖြင့် ရောင်းရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ် နေသည်ဟုသိရသည်။

ရောင်းချမည့်အခန်းများသည်လှိုင်သာယာနှင့် တောင်ဒဂုံမြို့ နယ်ရှိ အိမ်ရာစီမံကိန်း သုံးခုမှ ဖြစ်ပြီး အခန်းပေါင်း ၂,၀၀၀ ရောင်း ချမည် ဖြစ်သည်။

အခန်းတစ်ခန်းလျှင် အထပ် အမြင့်ပေါ်မူတည်ပြီး ကျပ်သိန်း၁၀၀ ခန့်ဖြင့် ရောင်းချမည့် အိမ်ရာများသည် ၀ယ်ယူလိုသူများပြားသဖြင့် ဦးစားပေး အဖြစ် နေအိမ်အပိုင်မရှိသူ ၀င်ငွေနည်း ပြည်သူများအား ဘဏ်ချေးငွေဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းကျပ်သိန်း ၁၀၀အောက် တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတစ်သိန်းရှစ်သောင်းခန့်ကို အစိုးရသစ် လက်ထက်၌ တည် ဆောက်နိုင်ရန်စီစဉ် ထားကြောင်း ပြီးခဲ့သည့် ဇွန်လ ၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဆောက်လုပ်ရေးဝန် ကြီး ဦးဝင်းခိုင်က ပြောကြား ထားသည်။ယခုရောင်းချသည့် အခန်း များသည် ယခင်အစိုးရ လက် ထက်က တည်ဆောက်ခဲ့သည့် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာစီ မံကိန်းများ ဖြစ်သည်။

အခန်းရောင်းချရာတွင် ယခင် အစိုးရလက်ထက်က တည်ဆောက်ခဲ့သည့် ရတနာဧရာဝဏ် အိမ်ရာ စီမံကိန်းများကဲ့သို့  ဈေးနှုန်းကြီး မြင့်သွားခြင်း မျိုးမဖြစ်သင့်ဘဲ အခြေခံပြည်သူများ လက်လှမ်းမီ သည့် ဈေးနှုန်းဖြစ်ရန် လိုအပ်ပြီး ဘဏ်ချေးငွေတွင် အတိုးနှုန်းလျှော့ချပေးသင့်ကြောင်း မြို့ပြစီမံကိန်း ပညာရှင် ဦးမြင့်မိုရ်ဆွေက သုံးသပ်ပြောကြားသည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service