အိမ်ခြံမြေ ဈေးကစားတာတွေမရှိတော့လို့ ဈေးကွက်အေး

အိမ်ခြံမြေ ဈေးကစားတာတွေမရှိတော့လို့ ဈေးကွက်အေး - Property News in Myanmar from iMyanmarHouse.com
30 Aug 2016 10:27 am တွင် တင်ခဲ့သည်
1771 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်က တချို့နေရာတွေ အရောင်းအဝယ်ပြန်ရှိနေပေမဲ့ ပြန်ရောင်းရင် အထွက်ခက်တာ ၊ ဝယ်ထားတဲ့ဈေး ပြန်မရနိုင်မှာ စိုးတာတွေ ဈေးကွက်အေးနေတယ်လို့ သိရတယ် ။

ဝယ်ချင်သူတွေအကြိုက် ဈေးကွက်ဖြစ်နေပေမဲ့ အရင်ကလို ဈေးကစားဖို့ ဝယ်ယူမှုတွေမရှိတော့တာကြောင့် ဈေးကွက်က အေးနေတယ် ယူဆနေကြတာလို့ အကျိုးဆောင်တချို့က ပြောပါတယ် ။ အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်တစ်ခုတည်းမဟုတ်ဘဲ အငှား ၊ အပေါင်စတဲ့ဈေးကွက်တွေပါ ပါဝင်နေတာကြောင့် ဈေးကွက်တစ်ခုအေးနေရင် တစ်ခုကလည်ပတ်နေသေးတာကြောင့် အိမ်ခြံမြေဈေးကွက်က မရပ်တာဖြစ်တယ်လို့လည်း အကျိုးဆောင်တချို့က ပြောပါတယ် ။

‘အခုဈေးကွက်ထဲမှာက ကြည့်တဲ့သူတွေပဲများတယ် ၊ အဝယ်နည်းနေတာ ၊ အငှားဈေးကွက်ကတော့ အမြဲရှိပါတယ် ၊ ဈေးကစားပြီး ပွဲဖြစ်ခဲ့တဲ့အချိန်ကလို အရောင်းအဝယ်ပြန်ဖြစ်ဖို့ကတော့ စောင့်ဆိုင်းရဦးမှာ ၊ လက်ရှိမှာတော့ ဈေးလျော့ရောင်းတာမျိုးရှိတယ်ဆိုတာက ဆက်မကိုင်ထားနိုင်သူတွေပါ ၊ တကယ်နေရာကောင်းပြီး မြို့ထဲပိုင်းတွေလို နေရာတွေမှာ ဈေးလျော့ရောင်းတာတွေ မရှိပါဘူး’ လို့ ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ဈေးကွက်အခြေအနေကို ပြောပါတယ် ။

ဈေးကွက်ထဲမှာ ဝယ်မယ်ဆိုရင် ဝယ်သူတွေအနေနဲ့ ကိုယ်ဝယ်ထားပြီး ပြန်ရောင်းမထုတ်သေးဘဲ ထားနိုင်တာမျိုးမှ အဆင်ပြေနိုင်မယ် ။ ပြန်ရောင်းလို့လည်းလွယ်ကူမယ် ၊ လူကြိုက်များတဲ့နေရာမျိုးတွေကို ရွှေးဝယ်သင့်တယ် ။ အခုချိန်မှာ ဝယ်သူတွေအတွက် စိတ်ကြိုက်ဈေးနဲ့ ညှိနှိုင်းပြီး ရွှေးလို့ရနေတာကြောင့် ဝယ်ထားသင့်တာပါ ။ တချို့တွေကတော့ ပြန်ရောင်းထုတ်ရင် ခက်တဲ့လက်ရှိဈေးကွက်ကိုပဲကြည့်ပြီး မဝယ်ရဲကြသေးတာလို့ အကျိုးဆောင်တချို့က ပြောပါတယ် ။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘အိမ်ခြံမြေ ဈေးကွက်က အခုလိုဈေးကွက်အေးတာမျိုးက အရင်ကလဲ ကြုံခဲ့ဖူးကြတာပဲ ၊ နောက်ပိုင်းပြန်ကောင်းလာတာပဲလေ ၊ အိမ်ခြံမြေက ဝယ်ထားရင် မှားတယ်ဆိုတာမျိုးမရှိပါဘူး ၊ မြေဝယ်မကျဆိုတဲ့ စကားလက်ကိုင်ခဲ့ကြတာပဲ ၊ အခုလိုအချိန်က နေရာကောင်းတွေ သိမ်းလို့ကောင်းတဲ့အချိန်ပဲ’လို့ ပြောပါတယ် ။

လက်ရှိမှာ ရင်းနှီးမျြုပ်နှံဖို့ ဝယ်ယူမယ်ဆို အလားအလာကောင်းတာက တိုက်ခန်းတွေနဲ့ ကွန်ဒိုတွေဖြစ်တယ် ။ ပြန်မရောင်းနိုင်သေးလည်း အငှားထားရင် ဈေးကောင်းရတာကြောင့် တွက်ခြေကိုက်တဲ့ ရင်းနှီးမှုတစ်ခု ဖြစ်တယ်လို့ ပြောပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service