""၂၀၄၅ ခုနှစ် အိမ် ခြံ မြေ"" ၂၀၄၅ ခုနှစ်.....သို့ရောက်လေပြီ

""၂၀၄၅ ခုနှစ် အိမ် ခြံ မြေ"" ၂၀၄၅ ခုနှစ်.....သို့ရောက်လေပြီ - Property News in Myanmar from iMyanmarHouse.com
29 Aug 2016 11:35 am တွင် တင်ခဲ့သည်
1183 ကြိမ် ကြည့်ရှု့ပြီး
အိမ် ခြံ မြေ အခွန်နှုန်းထားများလျှော့ချပေးလိုက်သည်။
အရောင်းအဝယ်မျာလည်း အရမ်းလိုက်လာသည်။

ပြည်တွင်းအကျိုးဆောင်များ နားနေရသည်ကိုမရှိ။နေကုန်ပြေးလွှားနေကြရလေသည်။
လက်ရှိတက်လာသော အစိုးရက အိမ် ခြံ မြေ အခွန်နှုန်းထားကို သိန်းတစ်ထောင်အောက် ၁ ရာခိုင်နှုန်း၊ သိန်း တစ်ထောင်အထက် ၁.၅ ရာခိုင်နှုန်း ၊သိန်း တစ်သောင်အထက်ကို ၂ ရာခိုင်နှုန်း အထိ ပြင်ဆင်ပေးလိုက်သည်။အိမ် ခြံ မြေ ဈေးကွက်
အညွှန်းနှုန်းကား ဇယားထိပ်သို့ထောင်ထက်သွားသည်။

သို့သော်ငြား ပြည်တွင်း မြေပိုင်ရှင်အချင်းချင်း အရောင်းအဝယ်မပြုလုပ်ကြတော့။မြန်မာပြည်သူ ၊ပြည်သားအားလုံး နေစရာ အိမ်ခန်း တိုက်ခန်းများအပြင် အပိုမြေကွက်များကိုပါပိုင်ဆိုင်နေသည့် ခေတ်
ကိုရောက်နေပြီဖြစ်သည်။ယခုကား ၂၀၁၅ ၊ ၂၀၁၆ ကဲ့သို့ ကျူးကျော်ဆိုသူများမရှိတော့။တစ်ချိန်က ကျူးဆိုသူအားလုံးကားအစိုးရအဆက်ဆက်စီစဉ်ပေးခဲ့သော တန်ဖိုးနည်းအိမ်ရာများပေါ်သို့ရောက်ကုန်ကြပြီဖြစ်သည်။ဈေးကွက်မှာလည်း တစ်ဆစ်ချိုးပြောင်းသွားပြီဖြစ်သည်။ဗဟန်း ၊ ရွှေဂုံတိုင် ၊ ရွှေတောင်ကြား ၊ Downtown Area မည်သူမျှ စိတ်မဝင်စားကြတော့ပေ။အဘယ်ကြောင့်နည်း....?။

မြို့သစ်စီမံကိန်းများကြောင့်ပင်ဖြစ်သည်။ကြည့်မြင်တိုင်တစ်ဖက်ကမ်းမြို့သစ်၊ လေးထောင့်ကန်မြို့သစ် ၊ လှည်းကူး မြို့သစ်၊ တွံတေး ကော့မှူး ကွမ်းခြံကုန်း မြို့သစ် အစရှိသည့် မြို့သစ်များကို အစိုးရအဆက်ဆက် ကဖော်ဆောင်ပေးခဲ့ကြသည်။ထို့ကြောင့်ပင် မြို့သစ်များကားဖွံဖြိုးစည်ပင်နေပေတော့သည်။ထူးခြားသည်က ယခု ၂၀၄၅ ခုနှစ် အစိုးရများက ယင်မြို့သစ်များတွင် အထပ်နိမ့်စီမံကိန်းများအား ခွင့်ပြုခြင်းမရှိပေ။အထပ်နိမ့် စီမံကိန်းများသည် မြို့သစ်များရှိ အခြားသော အထပ်မြင့်စီမံကိန်းများ၊အထပ်မြင့် ကွန်ဒိုများ နှင့် ကားပါကင်ပါဝင်မှုမလုံလောက်ဟူသော အကြောင်းပြချက်များဖြင့်တားဆီးထားကြသည်။မြို့သစ်များရှိအထပ်နိမ့်ဆိုသည်မှာ၁၀ထပ်တိုက်များကိုပြောဆိုခြင်းဖြစ်
သည်။အထပ်မြင့်သတ်မှတ်ခံရသော တိုက်များမှာ အထပ် ၉၀ မှစ၍ ၁၀၀ အထက်တိုက်များကို ဆိုလိုခြင်းပင်ဖြစ်ပေသည်။

ယင်းမြို့သစ်များ၏ ဈေးနှုန်းများသည် ယခင် ၂၀၁၅ -၂၀၁၆ ခုနှစ်အတွင်းက ထိပ်တန်းစာရင်းဝင်ခဲ့သော မြို့နယ်များထက် ဈေးနှုန်းအရ များစွာသာလွန်လှပေသည်။တစ်ချိန်တစ်ခါက ဈေးတန်းအမြင့်တွင်ရှိခဲ့သော ရွှေတောင်ကြားပင် ယခုအခါ သိန်းရာဂဏန်းမျှပင်မရှိတော့။လက်ရှိ ဈေးတန်းအမြင့်နေရာများက ကြည့်မြင်တိုင်အောက်ချိုင့် ၊လှိုင်သာယာအစွန်မြို့သစ်များက ဈေးကွက်ကို ဦးဆောင်နေပြီဖြစ်သည်။

မြို့ပြလူနေမှု စနစ်အရလည်း မြို့သစ်များက အားကောင်း ခေတ်မီ လွန်းနေပေသည်။မြို့သစ်လမ်းမကြီးများမှာ ၁၆ လမ်းသွားများ၊ ငါးထပ် ခုံးကျော်တံတားများ ၊ကျည်ဆန်ထက်မြန်သော အမြှောက်ရထားများ ၊နောက်ဆုံးပေါ် ခေတ်မီ BRT ယာဉ်များဖြင့် အစစကောင်းမွန်သပ်ရပ်နေပေသည်။လျှပ်စစ်မီးသည်လည်း ၂၄ နာရီ အားအပြည့်ဖြင့် မြို့သစ်များကို အလင်းပေးနေလေသည်။

ယင်အချက်များကြောင့်ပင် အိမ် ခြံ မြေ အရောင်းအဝယ်မှာလည်း ဈေးကွက်ပြောင်းလဲလာပေသည်။အမေရိကန်ရင်းနှီးမြုပ်နှံလိုသူများက မြန်မာပြည်တွင် တိုးဝှေ့၍လာရောက်ရင်းနှီးမြုပ်နှံနေကြသည်။မြန်မာနိုင်ငံသားများကိုယ်တိုင်ကလည်း အရည်အသွေးပိုင်းဆိုင်ရာတွင်လည်း တိုးတက်ကောင်းမွန်လာကြပြီဖြစ်သည်။မြန်မာငွေသည် ယူရိုငွေကြေးထက် တန်ဖိုးမြင့်လာပြီး ကမ္ဘာကပင် စံထားအသုံးပြုလာကြပြီဖြစ်သည်။

MC.Donald ,KFC အစရှိသည့်ဒိတ်ဒိတ်ကျဲ အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံသူများက မြန်မာအကျိုးဆောင်များကို မျက်နှာသာပေးဆက်ဆံနေကြရပြီဖြစ်သည်။အရောင်းအဝယ် တစ်ဆစ်ချိုးပြောင်းလဲမှုတွင် မြို့ဟောင်းသည် ပါ မလာတော့။မြို့ဟောင်းသည်ပုံစံတစ်မျိုးပြောင်းသွားသည်။
တစ်ချိန်ကခေတ်ကောင်းခဲ့သော မြို့ဟောင်းကို ပြည်သူများက ရိုးရာ အငွေ့အသက်ဖြင့်သာ ဆက်လက်ထိန်းသိမ်းထားလိုကြသည်။ထို့ကြောင့် ဝါးပိုးအခြေစိုက်နေအိမ်များ ၊ အုတ်နံရံအစား ထရံကာများ ၊ အင်ဖက်မိုး ၊ဓနိကာ များဖြင့်မြို့ဟောင်းကို ရှေးခေတ်အတိုင်း ထားရှိလိုက်ကြတော့သည်။

မြို့သစ်သည်ကား စိုက်ပျိုးရေးမြို့တော်ဖြစ်လာသည်။နှစ်ကာလ မှာ ၂၀၄၅ ခုနှစ်ဖြစ်သည်နှင့်အညီ စက်မှုစနစ်က အသွင်ပြောင်းသွားခဲ့ပြီဖြစ်သည်။မြန်မာနိုင်ငံသည်လည်း
အော်ဂဲနစ် စိုက်ပျိုးရေးနိုင်ငံဖြစ်လာသည်။(FAO)ဟူသော ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ကြီး၏ အဓိက မဏ္ဍိုင်နိုင်ငံဖြစ်လာတော့သည်။ဂျုံ ၊ဆန် စပါး ၊ ပြောင်း ၊ဝါ အစှိသည်တို့အပြင် အခြားသော စိုက်ပျိုးသီးနှံများကို အော်ဂဲနစ် စနစ်ဖြင့် ကမ္ဘာ့ဈေးကွက်ကို တင်ပို့ချုပ်ကိုင်ထားသည်အထိအဆင်ပြေနေပေတော့သည်။

ယင်းအတွက် လာရောက်ရင်းနှီးမြုပ်နှံလိုသော FDI များအတွက် ယခင်အခေါ် စက်မှုဇုန်(ယခု)လယ်ယာဇုန်များ၏ ဈေးကလည်း ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဖြစ်လာပေတော့သည်။
ထို လယ်ယာဇုန် ဧက ကွက်များကို ကန်သမ္မတဟောင်း ဂျော့ခ်ျဘုရှ်၊ အိုဘားမား ၊ရုရှား မှ ပူတင် ၊ မြောက်ကိုရီးယားမှ ခေါင်ဆောင် ကင်ဂျုံအန် ၊ တောင်ကိုရီးယားသမ္မတပက်ဆွန်ဟီးတို့က လာရောက် ဝယ်ယူ၍ ဈေးကောင်းပေးဝယ်ကြကာ နဂါးမောက်သီးများ အေည်ဂဲနစ်စနစ်ဖြင့် လာရောက်ရင်းနှီးစိုက်ပျိုးကြလေသည်။

အိမ် ခြံ မြေ ဈေးကွက်သည် အခင်းအကျင်းပုံစံပြောင်းသွားသည်။
နိုင်ငံသားများအားခုံး နေအိမ်ပိုင်ဆိုင်ကြသည်။
နိုင်ငံတကာ အကျိုးဆောင်များကား မြန်မာ့အိမ်ခြံမြေ အကျိုးဆောင်များနှင့်MOU ရေးထိုးလာရောက်လုပ်
ကိုင်နေကြသည်။အခွန်နှုန်းထားများလည်း လျော့ကျ
သွားပြီဖြစ်သည်။မြို့သစ်များစည်ပင်ဖွံ့ဖြိုးနေသည်။
ကမ္ဘာတွင် မြို့ပြအင်္ဂါရပ်အကောင်းဆုံးဖြစ်နေသည်။
သက္ကရာဇ်ကား ၂၀၄၅ ရှိပြီဖြစ်သည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service