စတော့အိတ်ချိန်းတွင် ငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များရောင်းချရန် အစီအစဉ်ရှိဟုဆို

စတော့အိတ်ချိန်းတွင် ငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များရောင်းချရန် အစီအစဉ်ရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
29 Aug 2016 10:20 am တွင် တင်ခဲ့သည်
726 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ် ချိန်းတွင် အစိုးရငွေတိုက်လက် မှတ်နှင့် ငွေတိုက်စာချုပ်များ ရောင်းချရန် အစီအစဉ်ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်း အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။

‘‘လက်ရှိ အချိန်မှာတော့ တင်ရောင်းတာမရှိပါဘူး။ ရောင်း ပြီးသားကို တင်ထားတာပဲ ရှိ တယ်။ ဥပဒေအရ တင်ရောင်းခွင့် ရှိပါတယ်’’ဟု ဦးသက်ထွန်းဦးက ပြောကြားသည်။

အစိုးရငွေတိုက်လက်မှတ် နှင့် ငွေတိုက်စာချုပ်များသည် အ စိုးရနှင့် ဗဟိုဘဏ်၏ငွေကြေးလို အပ်ချက်အရ ထုတ်ရောင်းသည့် ဈေးကွက်ဖြစ်ပြီး အများအားဖြင့် ဘဏ်အချင်းချင်းသာ ရောင်း ဝယ်ကြသည်။ သို့သော် အစိုးရက ရန်ကုန်စတော့အိတ်ချိန်းတွင် တင်ရောင်းခိုင်းလျှင် တင်ရောင်း ရန် အဆင်သင့်ရှိနေကြောင်း ဦး သက်ထွန်းဦးက ပြောသည်။

ကမ္ဘာပေါ်တွင် အစိုးရငွေ တိုက်လက်မှတ်နှင့် အစိုးရငွေ တိုက်စာချုပ်များကို စတော့အိတ် ချိန်းမှတစ်ဆင့် ရောင်းချသည့်နိုင် ငံများသည် ၁၀ ရာခိုင်နှုန်းကျော် သည်ဟု ဆိုသည်။

ယခုဘဏ္ဍာနှစ်တွင် အစိုးရ ၏ဘတ်ဂျက်လိုငွေစုစုပေါင်း ကျပ် ၃,၀၉၀ ဘီလီယံရှိပြီး ထိုသို့ ပြည်ထောင်စုလိုငွေကို ဖြည့်ဆည်းရာ တွင် အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များကို ပြည်တွင်း၌ ထုတ်ရောင်းချခြင်းဖြင့် ဆောင်ရွက်မည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က သြဂုတ် ၂၅ ရက်တွင် ပြည်ထောင်စုလွှတ် တော်သို့ ပြောကြားခဲ့သည်။

အဆိုပါ လိုငွေ၏ ၆၀ ရာခိုင် နှုန်းကို အစိုးရငွေတိုက်လက် မှတ်နှင့် အစိုးရငွေတိုက်စာချုပ် များအား အများပြည်သူသို့ ရောင်းချမည်ဖြစ်ပြီး ကျန်လိုငွေကို ဗဟို ဘဏ်က ချေးယူဖြည့်တင်းမည်ဟု ၎င်းက ဆက်လက်ပြောသည်။

အစိုးရ ငွေတိုက်လက်မှတ် ကျပ်ဘီလီယံ ၉၀၀ ကျော်နှင့် အ စိုးရငွေတိုက်စာချုပ် ကျပ်ဘီလီယံ၉၀၀ ကျော်တို့ အများပြည်သူသို့ လေလံစနစ်ဖြင့် ရောင်းချမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ဆို သည်။ ကျန်ရှိသည့် လိုငွေ ၄၀ ရာခိုင်နှုန်းဖြစ်သည့်ကျပ်ဘီလီယံ ၁,၂၀၀ ကျော်ကို ဗဟိုဘဏ်က ငွေတိုက်လက်မှတ်ဖြင့် ဝယ်ယူ မည်ဟုဆိုထားသည်။

အစိုးရငွေတိုက်စာချုပ်ဆို သည်မှာ သုံးနှစ်နှင့် ငါးနှစ်သက် တမ်းရှိ အစိုးရငွေချေးစာချုပ်ဖြစ် ပြီး အတိုးနှုန်း ၈ ဒသမ ၇၅ မှ ၉ ဒသမ ၅ အထိ ရသည်။ အစိုးရငွေတိုက်လက်မှတ်ဆိုသည်မှာ သုံးလမှ တစ်နှစ်အထိသက်တမ်းရှိသည့် ငွေချေးစာချုပ်များဖြစ်ပြီး အတိုးနှုန်း ၇ ဒသမ ၂၅ ရာခိုင်နှုန်းခန့်ရှိသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service