သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၃၈ သန်းကျော်ရှိ

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၃၈ သန်းကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Aug 2016 9:59 am တွင် တင်ခဲ့သည်
1623 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါအထူးစီးပွားရေး ဇုန်တွင် ယခုနှစ်ဇူလိုင်အထိ ရင်း နှီးမြှုပ်နှံမှုပမာဏသည် အမေရိ ကန် ဒေါ်လာ ၈၃၈ သန်းကျော် ရှိပြီး စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုအများဆုံးဖြစ်ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

လက်ရှိတွင် သီလ၀ါအထူး စီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၄ နိုင်ငံက ရင်းနှီးမြှုပ်နှံထားပြီး စင် ကာပူနိုင်ငံက ဒေါ်လာ ၃၇၂ သန်း ကျော်ဖြင့် ပမာဏအများဆုံး ရင်း နှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန် ကြားရေးမှူးတစ်ဦးကပြောသည်။

ထို့အပြင် ဂျပန်နိုင်ငံက ဒေါ် လာ ၂၅၈ သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ သန်း ၆၀ နှင့် ဟောင် ကောင်က ဒေါ်လာ ၃၈ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း သ တင်းရရှိသည်။

လက်ရှိတွင် သီလ၀ါအထူး စီးပွားရေးဇုန်၌ စက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက် ပံ့ရေးကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍ၊ ကုန်စည်ရောင်းဝယ်ရေးကဏ္ဍနှင့် အိမ်ရာ အဆောက်အအုံတည် ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတို့တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံက ရင်းနှီးမြှုပ် နှံထားပြီး စက်မှုကဏ္ဍတွင်ဒေါ်လာ ၆၄၉ သန်းကျော်ဖြင့် ပမာဏ အ များဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သတင်းရရှိသည်။

ကျန်ကဏ္ဍများဖြစ်သည့် သယ်ယူပို့ဆောင်ရေးနှင့် ထောက် ပံ့ရေးကဏ္ဍတွင် ဒေါ်လာ သန်း ၇၀ ခန့်၊ ၀န်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၅၅ သန်း၊ ကုန်စည် ရောင်းဝယ်ရေးကဏ္ဍတွင် ကန် ဒေါ်လာ ၄၁ သန်းကျော်နှင့် အိမ် ရာအဆောက်အအုံတည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍတွင် ကန်ဒေါ်လာ ၂၂ သန်းအထိ ရင်းနှီးမြှုပ်နှံထား ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင် စာရင်းများတွင် ဖော် ပြထားသည်။

ထို့ပြင် သီလ၀ါအထူးစီးပွား ရေးဇုန်၏ ရင်းနှီးမြှုပ်နှံမှုသည် နောင်နှစ် အနည်းငယ်အတွင်း ကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးလာနိုင်ပြီး ကုန်ပစ္စည်းထုတ် လုပ်တင်ပို့မှု ကန်ဒေါ်လာ သန်း ၃၅၀ ရရှိမည်ဟု သီလ၀ါအထူးစီး ပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ခန့်မှန်းထားသည်။

သီလ၀ါအထူးစီးပွားရေးဇုန် သည် ၂၀၁၅ အောက်တိုဘာတွင် လုပ်ငန်း စတင်လည်ပတ်နိုင်ပြီး မြန်မာနိုင်ငံ၌ ပထမဆုံး တည် ထောင်နိုင်ခဲ့သည့် အထူးစီးပွား ရေးဇုန်ဖြစ်သည်။

သီလ၀ါအထူးစီးပွားရေးဇုန် သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး မြန်မာ နိုင်ငံက ၅၁ ရာခိုင်နှုန်းနှင့် ဂျပန် နိုင်ငံက ၄၉ ရာခိုင်နှုန်းဖြင့်လည် ပတ်နေသည့် စီမံကိန်းဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service