ဆောက်လုပ်ရေးလောက အခက်အခဲများ ပူးပေါင်းဖြေရှင်းရန် ရန်ကုန်အခြေစိုက်လိုင်စင်ရ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းရန် စီစဉ်

ဆောက်လုပ်ရေးလောက အခက်အခဲများ ပူးပေါင်းဖြေရှင်းရန် ရန်ကုန်အခြေစိုက်လိုင်စင်ရ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
29 Aug 2016 9:26 am တွင် တင်ခဲ့သည်
1653 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးလောက၏ လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ပူးပေါင်းဖြေရှင်းနိုင်ရန် လုပ်ငန်းရှင်များ စုစည်း၍ ရန်ကုန်မြို့ အခြေစိုက် လိုင်စင်ရကန်ထရိုက်တာများအသင်းဟူ၍ ဖွဲ့စည်းတည်ထောင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိဆောက်လုပ်ရေး လောကတွင် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့ အခြေစိုက်လိုင်စင်ရ ကန်ထရိုက်တာများ အသင်း ဖွဲ့စည်းနိုင်ရန် သြဂုတ် ၃၁ ရက်တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အား လုပ်ဆောင်မည့် MKT ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ဆိုသည်။

ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်နေသူ မည်သူမဆို ပါဝင်တက်ရောက်နိုင်ပြီး အသင်းဖွဲ့စည်းရေးနှင့်ပတ်သက် ၍ လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင် နယ်နိမိတ်အတွင်း လုံခြုံစနစ်ကျ ပြီး အရည်အသွေးပြည့်ဝသော အဆောက်အအုံများ ထွက်ပေါ် လာရေးနှင့် မြို့တော်အင်္ဂါရပ်နှင့် အညီ လိုအပ်သည့် စည်းမျဉ်း ဥပဒေများကို အစိုးရအဖွဲ့သို့ အကြံပြုနိုင်ရန် ယခုအသင်းကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဦးမျိုးမြင့်က ဆိုသည်။ ‘‘အဓိကကတော့ကျွန်တော် တို့လောကမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပူးပေါင်းဖြေ ရှင်းနိုင်အောင်ပါ’’ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။အစိုးရသစ်လက်ထက်တွင် ရန်ကုန်မှ အထပ်မြင့်အဆောက် အအုံများကို ကော်မတီတစ်ရပ်ဖွဲ့ကာ အထပ်မြင့် စီမံကိန်း ၁၀၀ ကျော်အား စစ်ဆေးမှုများပြုလုပ်ခဲ့ သောကြောင့် ဆောက်လုပ်ရေး လောကအတွင်း ကြီးမားသော ဂယက်ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် နောက်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့် အစိုးရအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ လိုင်စင်ရ ကန်ထရိုက်တာများအ သင်းကို ရည်ရွယ်ဖွဲ့စည်းလိုက် ခြင်းဖြစ်ကြောင်း ဆောက်လုပ် ရေးလုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ကိုယ်စားပြု လွှမ်းခြုံသည့် မြန်မာ နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှာလည်း တရား ၀င်အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service