အမေရိကန်တွင် ၀ိုင်စက်ရုံနှင့် နေအိမ်တစ်လုံးပါဝင်ကာ ဧက ၉၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးကို ကန်ဒေါ်လာ ၁၃ သန်းမျှဖြင့် ရောင်းချမည်

အမေရိကန်တွင် ၀ိုင်စက်ရုံနှင့် နေအိမ်တစ်လုံးပါဝင်ကာ ဧက ၉၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးကို ကန်ဒေါ်လာ ၁၃ သန်းမျှဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
26 Aug 2016 11:15 am တွင် တင်ခဲ့သည်
1894 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ပြင်ရှိ ၀ိုင်စက်ရုံနှင့် နေအိမ်တစ်လုံးပါဝင်ကာ ဧက ၉၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးကို ကန်ဒေါ်လာ ၁၂ ဒသမ ၈ သန်းမျှဖြင့် ရောင်းချမည်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်အတွင်းတွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ ကား ၃ စင်း ၀င်ဆန့်သော ကားဂိုဒေါင်တစ်ခု ပါဝင်ပြီး ၀ိုင်စက်ရုံမှထုတ်လုပ်သော ၀ိုင်မှာလည်း ဆု ၂ ကြိမ် ရရှိထားသည်ဟု ဆိုသည်။

ခြံဝန်းမှာ လော့စ်အိန်ဂျလိမြို့ကြီးမှ ကားဖြင့်သွားလျှင် ၄၅ မိနစ်ခန့်သာ မောင်းနှင်ရသော အရပ်တွင် တည်ရှိသည်။

ဧက ၉၀ ကျယ်သော ခြံဝန်းကြီးအတွင်း ၀ိုင်စက်ရုံသာမက စပျစ်စိုက်ခင်းများလည်း ပါဝင်သည်။
အဆိုပါစက်ရုံနှင့် ခြံဝန်းကို ယခင်နှစ်အတွင်းကပင် အရောင်းဈေးကွက်သို့ တင်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၅ သန်းဖြစ်သည်။

ယင်းဝိုင်စက်ရုံမှ တစ်နှစ်လျှင် ၀ိုင်ပုလင်းပေါင်း ၄၅၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။
ယင်းခြံဝန်းကြီးနှင့် တစ်မိုင်ခန့်ကွာဝေးသော နေရာတွင် လေယာဉ်ငယ်များနှင့် ရဟတ်ယာဉ်များ ဆင်းသက်နိုင်သော လေယာဉ်ကွင်းငယ်တစ်ခု တည်ရှိသည်။

အဆိုပါခြံဝန်းကြီးနှင့် ၀ိုင်စက်ရုံကို ပိုင်ဆိုင်သူမှာ ဘာရီ ဂိုးဖာ့ဘ်ဆိုသူဖြစ်ပြီး လုပ်ငန်းများမှ အနားယူရန်အတွက် ရောင်းချခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တွင် ၀ိုင်စက်ရုံနှင့် နေအိမ်တစ်လုံးပါဝင်ကာ ဧက ၉၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးကို ကန်ဒေါ်လာ ၁၃ သန်းမျှဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service