ဆင်ခြေဖုံးမြို့နယ်တွေက ဈေးသက်သာတဲ့ လုံးချင်းအိမ်ရာများ

ဆင်ခြေဖုံးမြို့နယ်တွေက ဈေးသက်သာတဲ့ လုံးချင်းအိမ်ရာများ - Property News in Myanmar from iMyanmarHouse.com
26 Aug 2016 10:43 am တွင် တင်ခဲ့သည်
3531 ကြိမ် ကြည့်ရှု့ပြီး
ဆင်ခြေဖုံးမြို့နယ်တွေက အဆင့်မြင့်လုံးချင်းအိမ်ရာတွေကို မြေတန်ဖိုးမပါဝင်တဲ့ လျော့ဈေးတွေနဲ့ ပြန်လည်ရောင်းချလာတာတွေ ရှိနေတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ် ။

ပြန်ရောင်ချကြတဲ့ လုံးချင်းတိုက်အများစုကတော့ မြောက်ဒဂုံမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်ဘက်က အာရ်စီအဆင့်မြှင့်တင်ထားတဲ့ လုံးချင်းတွေဖြစ်ပါတယ် ။ ဈေးနှုန်းတွေကတော့ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ကနေ ကျပ်သိန်း ၂၅၀၀ ဝန်းကျင်လောက်အထိ ရှိနေပါတယ် ။

‘အရောင်းအဝယ်ကျဆင်းနေချိန်မှာ ထုတ်ရောင်းကြေတာဆိုတော့ ဈေးက အရမ်းနည်းတယ် ၊ တချို့တိုက်တွေဆို ဆောက်ထားတဲ့ စရိတ်လောက်ပဲကျတယ် ၊ အထဲမှာပါဝင်တဲ့ အသုံးအဆောင်ခနဲ့ တွက်ကြည့်ရင် အဲဒီလောက်ငွေနဲ့ ဒီလိုအိမ်တွေ အသစ်မဆောက်နိုင်ဘူး’လို့ သုခ အိမ်ခြံမြေအကျိုးဆောင်က ကိုနန္ဒက ပြောပါတယ် ။

ပြန်လည်အရောင်းတင်လာကြတဲ့ လုံးချင်းတိုက်အများစုက လူမနေထိုင်ရသေးတဲ့တိုက်တွေများပြီး တချို့အိမ်တွေကတော့ အသုံးအဆောင်ပရိဘောဂ ပစ္စည်းတွေပါပါဝင်ကြပါတယ် ။

လုံးချင်းတိုက်တွေရဲ့ အကျယ်အဝန်းကတော့ ပေ ၄၀x ပေ ၆၀ ကနေ ပေ ၈၀ x ပေ ၈၀ လောက်အထိ အကျယ်အဝန်းရှိကြပါတယ် ။ အွန်လိုင်းဈေးကွက်ထဲမှာ အရောင်းတင်ထားတဲ့ လုံးချင်းတိုက်တွေကတော့ လာရောက်မေးမြန်းတဲ့ ဝယ်လက်ပေါ် မှုတည်ပြီး ဈေးလျော့ကာ ပြန်လည်ရောင်းချကြတာတွေ ရှိပါတယ် ။

အခုနောက်ပိုင်း အဆင့်မြင့်ပြန်လည်ဆောက်လုပ်တဲ့ လုံးချင်းတိုက် ကုန်ကျစရိတ်တွေကတော့ ပေ ၄၀ x ပေ ၆၀ အာရ်စီ တစ်ထပ်ကို ကျပ်သိန်း ၆၀၀ လောက်အထိ ကုန်ကျစရိတ်ရှိပြီး အထပ်မြင့်နဲ့ ပုံစံဒီဇိုင်းအလိုက် တည်ဆောက်စရိတ် ကွဲပြားခြားနားတာ ဖြစ်ပါတယ် ။ လုံးချင်းတိုက်ဈေးကွက်တွေက အရောင်းဘက်မှာ လျော့ဈေးနဲ့ အရောင်းတင်ကြပေမဲ့ အငှားဈေးကွက်မှာတော့ ဝါတွင်းကာလမှာကို အမြင့်ဈေးနဲ့အငှားဖြစ်နေတာ ဖြစ်ပါတယ် ။

သည်လိုဈေးနှုန်းသက်သာတဲ့ အာရ်စီ လုံးချင်းတိုက် အများစုကတော့ မြောက်ဒဂုံ (၃၃) ရပ်ကွက် ၊ (၃၄) ရပ်ကွက် ၊ (၄၁) တိုးချဲ့ရပ်ကွက် ၊ (၃၅) ရပ်ကွက်နဲ့ တောင်ဒဂုံ (၂၁) ရပ်ကွက်တွေမှာ ဆောက်လုပ်ထားတဲ့ အိမ်တွေပဲ ဖြစ်ပါတယ် ။

Credit: Modern Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service