ရှန်ဟိုင်းအိမ်သစ်ပျမ်းမျှဈေးနှုန်း သမိုင်းတစ်လျှောက် စံချိန်တင် မြင့်တက်

ရှန်ဟိုင်းအိမ်သစ်ပျမ်းမျှဈေးနှုန်း သမိုင်းတစ်လျှောက် စံချိန်တင် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
26 Aug 2016 10:09 am တွင် တင်ခဲ့သည်
458 ကြိမ် ကြည့်ရှု့ပြီး
ရှန်ဟိုင်းတွင် အိမ်သစ်များ၏ ပျမ်းမျှဈေးနှုန်းသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း စံချိန်တင်မြင့်တက်ခဲ့သည်။ သို့သော်လည်း ဝယ်လိုအားကမူ တည်ငြိမ်နေခဲ့သည်။

အစိုးရမတည်​သည့်​ အိမ်ရာများမှအပ ရှန်ဟိုင်းတွင် သြဂုတ်လ ၂၁ ရက်က ကုန်​ဆုံးခဲ့သော ပြီးခဲ့သည့်​ သီတင်းပတ်က ၁ စတုရန်းမီတာလျှင် ၄၁,၂၅၉ ယွမ်(၆,၁၈၀ အမေရိကန်ဒေါ်လာ) ပျမ်းမျှ ဈေးနှုန်းဖြင့် ရောင်းချခဲ့ရသည်ဖြစ်ရာ ယင်းမတိုင်မီသတင်းပတ်ကထက် ၄ ဒသမ ၉ ရာခိုင်​နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ရှန်ဟိုင်းမြို့သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်ကြောင်း Shanghai Homelink အိမ်ခြံမြေအေဂျင်စီကုမ္ပဏီက သြဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

"၁ စတုရန်းမီတာကို ပျမ်းမျှဈေးနှုန်း ယွမ် ၄၁,၀၀၀ ကို ကျော်တာ ဒါပထမဆုံးအကြိမ်ပါပဲ။ အလယ်​အလတ်​ နဲ့ အဆင့်မြင့်အိမ်ခန်းစီမံကိန်းတွေကို ဝယ်လိုအားကလည်း အရင်အပတ်ကလို ရှိနေဆဲပါပဲ" ဟု Shanghai Homelink ၏ သုတေသီ ခဲရှောင်ကျွမ်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်​ သီတင်းပတ်က ရောင်းချရသည့် အိမ်သစ်ဧရိယာသည် ၂၈၇,၉၀၀ စတုရန်းမီတာရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ကထက် ၃ ဒသမ ၉ ရာခိုင်​နှုန်း ​မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်သစ်ရောင်းလိုအားသည် စတုရန်းမီတာ ၁၀၃,၆၀၀ ခန့်ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၃၄ ဒသမ ၈ ရာခိုင်​နှုန်း ​လျော့နည်းခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service