သန်လျင် ကြယ်စင်အိမ်ရာစီမံကိန်းဇုန်-စီ၏ ပထမပိုင်းစီမံကိန်းကို ၂၀၁၈ ခုနှစ်အပြီးတည်ဆောက်မည်

သန်လျင် ကြယ်စင်အိမ်ရာစီမံကိန်းဇုန်-စီ၏ ပထမပိုင်းစီမံကိန်းကို ၂၀၁၈ ခုနှစ်အပြီးတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
25 Aug 2016 10:07 am တွင် တင်ခဲ့သည်
1519 ကြိမ် ကြည့်ရှု့ပြီး
သန်လျင်ကြယ်စင်အိမ်ရာစီမံကိန်း ဇုန်-စီ၏ ပထမပိုင်းစီမံကိန်းတွင် တည်ဆောက်မည့်
အထပ်မြင့်အဆောက်အအုံသုံးလုံးကို ၂၀၁၈ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း
အဆိုပါစီမံကိန်းကို ရင်းနှီးမြှုပ်နှံ ဆောက်လုပ်သည့် YOMA Strategic Holding ကုမ္ပဏီ၏
အထွေထွေမန်နေဂျာ Mr.Craig Maturi က ပြောသည်။

မြေဧက ၁၇ ဧကပေါ်တွင် သန်လျင် ကြယ်စင်အိမ်ရာစီမံကိန်း ဇုန်-စီအတွက် အထပ် ၂၀ ကျော်မြင့်မည့် အဆောက်အအုံ ခြောက်လုံးကို အကောင်အထည်ဖော် တည် ဆောက်မည်ဖြစ်ပြီး ထိုအထပ်မြင့် အဆောက်အအုံ ခြောက်လုံးအထဲမှ အဆောက်အအုံ သုံးလုံး ပထမပိုင်းအနေဖြင့် စတင်တည်ဆောက် မည်ဖြစ်သည်။

"ဇုန်စီမှာအထပ်မြင့်အဆောက်အအုံ ခြောက်လုံးပါဝင်မှာဖြစ်ပြီး ပထမပိုင်းအနေနဲ့ ၂၈ ထပ်မြင့်တဲ့အဆောက်အအုံတာဝါ ၁၊ ၂၅ ထပ်မြင့်တဲ့ အဆောက်အအုံ တာဝါ ၃ နဲ့ တာဝါ ၄ ကို ၂၀၁၈ ခုနှစ်မှာအပြီးဆောက် မှာပါ။ အခုချိန်မှာ တာဝါ ၂ နဲ့ တာဝါ ၄ ကို ပိုင်လုပ်ငန်းတွေ စဆောက်နေပြီး
တာဝါ ၃ ကိုလည်း စဆောက်နေပါပြီ။ ဇုန်-စီအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ၂၀၁၅ ခုနှစ်
နှစ်ကုန်ပိုင်းကတည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်"ဟု Mr.Craig Maturi က ပြောသည်။

အဆိုပါ အထပ်မြင့်အဆောက်အအုံများ ၏အခန်းများမှာ စတုရန်းပေ ၇၅၅ မှ စတုရန်း ပေ ၃,၀၀၀
အထိ အကျယ်အ၀န်းရှိပြီး နှစ်ယောက်အိပ်ခန်း၊ သုံးယောက်အိပ်ခန်း သို့မဟုတ် လေးယောက်အိပ်ခန်းများ
ပါဝင် မည့်အခန်းပေါင်း ၉၅၄ ခန်း ပါရှိမည်ဖြစ်သည်။ ယင်းအဆောက်အအုံများ၏ အခန်း တစ်ပေ
ပတ်လည်ဈေးမှာ အမေရိကန်ဒေါ်လာ ၂၁၀ ခန့်ရှိကာ အထပ်အမြင့်ပေါ်မူတည်ပြီး ဈေးနှုန်းများ
ကွာခြားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ သန်လျင်ကြယ်စင်အိမ်ရာ စီမံကိန်းမှ ၂၀၁၀ ပြည့်နှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့သည့် စီမံကိန်းဇုန်-အေနှင့် ၂၀၁၃ ခုနှစ် တွင် အကောင်အထည်ဖော်ခဲ့သော
ဇုန်-ဘီများရှိ အဆောက်အအုံများ၏ အခန်းအားလုံးနီးပါး မှာ ရောင်းချပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

"လက်ရှိအချိန်မှာ သန်လျင်ကြယ်စင် အိမ်ရာစီမံကိန်းရဲ့ ဇုန်-အေက တိုက်ခန်း အားလုံးရောင်းချလို့
ပြီးသွားပါပြီ။ ဇုန်-ဘီ ကလည်း အခန်း ၉၀ ရာခိုင်နှုန်းကျော် ရောင်းချပြီးပါပြီ။ ဇုန်-စီကတော့ လက်ရှိအချိန်မှာ ရောင်းချနေဆဲဖြစ်ပါတယ်"ဟု Mr.Craig Maturi ပြောသည်။

လက်ရှိတွင် ဆောက်လုပ်ပြီးစီးပြီဖြစ် သော သန်လျင်ကြယ်စင်အိမ်ရာစီမံကိန်း၏ ဇုန်-အေနှင့်
ဇုန်-ဘီတွင် အထပ်မြင့်အဆောက် အအုံငါးလုံးစီပါဝင်ပြီး ဇုန်-အေတွင် အခန်း ပေါင်း ၉၂၈ ခန်းရှိကာ
ဇုန်ဘီတွင် အခန်း ပေါင်း ၁,၀၄၃ ခန်းရှိသည်။

သန်လျင်မြို့၏ ပဲခူးမြစ်ကမ်းဘေးတွင် ရှိပြီး ၂၀၁၀ ပြည့်နှစ်က မြေ ၄၆၅ ဧက ကျယ်ဝန်းသော
မြေပေါ်တွင် စတင်အကောင် အထည်ဖော်ခဲ့သည့် ကြယ်စင်အိမ်ရာစီမံ ကိန်းသည် စီမံကိန်းများ
အားလုံးအကောင် အထည်ဖော်ပြီးပါက အခန်းပေါင်း ၉,၀၀၀ ကျော် ပေါ်ထွက်လာမည်ဖြစ်သည်။

သန်လျင်ကြယ်စင်အိမ်ရာဝင်းအတွင်း အိမ်ရာများအပြင်၊ ရုံးခန်းနေရာများ၊ စားသောက်ဆိုင်များနှင့်
လက်လီအရောင်းခန်းမ များ၊ အပန်းဖြေနေရာများနှင့် ရေကူးကန် များအပြင် ကလေးကစားကွင်းများလည်း
ပါဝင်မည်ဖြစ်ပြီး အိမ်ရာအတွင်း နေထိုင် သူများ တည်ငြိမ်သော လျှပ်စစ်မီးအားကို ရရှိစေရန် သီးသန့်
ထရန်စဖော်မာများလည်း ပါဝင်မည်ဖြစ်ကာ Pun Hlaing Siloam Hos- pital နှင့်ပူးပေါင်း၍ လာမည့်
စက်တင်ဘာလတွင် ကျန်းမာရေးဆေးပေးခန်းများလည်း စတင်ဖွင့်လှစ်မည်ဖြစ်သည်။

ယခုအချိန်တွင် သန်လျင်ကြယ်စင်အိမ် ရာစီမံကိန်းအတွင်း နေထိုင်သူ ၁,၀၀၀ ကျော် ခန့်ရှိနေပြီး
နေထိုင်သူများ သွားလာလည်ပတ် နိုင်စေရန် ပိတ်ရက်များတွင် အိမ်ရာမှ မြို့ထဲရှိ အထင်ကရနေရာများသို့
ဖယ်ရီ ကားများ စီစဉ်ပေးလျက်ရှိသည်။


Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service