အထပ်လျှော့ခံရတဲ့ အထပ်မြင့်စီမံကိန်းများ သတ်မှတ်ချက်နဲ့အညီ ပြန်လည်ပြုပြင်ပေးရင် မူလအထပ် ပြန်ပေးမည်ဟုဆို

အထပ်လျှော့ခံရတဲ့ အထပ်မြင့်စီမံကိန်းများ သတ်မှတ်ချက်နဲ့အညီ ပြန်လည်ပြုပြင်ပေးရင် မူလအထပ် ပြန်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
24 Aug 2016 9:34 am တွင် တင်ခဲ့သည်
1223 ကြိမ် ကြည့်ရှု့ပြီး
အထပ်လျှော့ခံရတဲ့ အထပ်မြင့်အဆောက်အအုံတွေကို  သတ်မှတ်ချက်နဲ့အညီ ပြန်ပြုပြင်ပေးရင် မူလပေး ထားတဲ့ အထပ်မြင့်ပြန်လည်တည်ဆောက်ခွင့်ပြုမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက “ပြန်စစ်ဆေးပြီးတော့ သူတို့ ဘက်က ပြင်ပေးစရာရှိတာ ပြင်ပေးကြတယ်လေ၊ ပြင်ပေးတာကိုက်ညီတယ်ဆို ရင်တော့လဲ ခွင့်ပြုပေးမယ်လို့ ထင်ပါတယ်၊ အကုန်လုံးလဲ ဟုတ်ချင်မှဟုတ်မှာပေါ့”လို့ ပြောပါတယ်။

အထပ်လျှော့ခံရတဲ့ အထပ်မြင့် စီမံကိန်း ၁၂ ခုက ဒုတိယအကြိမ် ထပ်မံစစ်ဆေးခံရတာဖြစ်ပါတယ်။   ပါမစ်ကြီးကျပြီး မြေပြင်မှာ တည်ဆောက်နေဆဲ အထပ်မြင့် စီမံကိန်း ၁၂ လုံးကို ပထမအကြိမ်စစ်ဆေးစဉ်မှာ အထပ်မြင့်လျှော့ချတာနဲ့ ဆောက်လုပ်ခွင့်အသစ် ပြန်တင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက ဇူလိုင်လ ၁၂  ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

အထပ်လျှော့ခံရတဲ့ အထပ်မြင့်စီမံကိန်းတွေက ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီကို စီမံကိန်းများ ဆက်လက်တည်ဆောက်ခွင့်ပြုဖို့အသနားခံတင်ပြတာကြောင့် ဒုတိယအကြိမ် မြေပြင်မှာ ထပ်မံစစ်ဆေးပေးခဲ့ပါတယ်။

ဒုတိယအကြိမ်မြေပြင်ကွင်းဆင်း စစ်ဆေးတာတွေကို ရန်ကုန်တိုင်းဒေသကြီးက အထပ်မြင့်စီမံကိန်းတွေ စစ်ဆေးဖို့ ဖွဲ့စည်းပေးထားတဲ့ ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ ဆောက်လုပ်မှု စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လျှပ်စစ်၊  စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပေးတာဖြစ်ပါတယ်။

မူလပေးထားတဲ့ အထပ်မြင့်အတိုင်း ပြန်လည်တည်ဆောက်ဖို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန အဆောက်အအုံကနေ ဆောက်လုပ်ရေးကုမဏီတွေကို အ ကြောင်းကြားပေးမှာဖြစ်ပါတယ်။

ရန်ကုန်မြို့က အထပ်မြင့်အဆောက် အအုံစစ်ဆေးတာတွေကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မေလ ၂၃ ရက်နေ့ကစပြီးရန်ကုန်မြို့တွင်းက အထပ်မြင့်အဆောက်အအုံအားလုံး ယာယီရပ်နားဖို့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အဆောက်အအုံဆောက်လုပ်ခွင့် ရပ်နားတာတည်ဆောက်ခွင့်ကျပြီး အထပ်မြင့်တွေ ပြန်လည်လျှော့ချတာကြောင့် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

အစိုးရသစ်ရဲ့ အထပ်မြင့်စစ်ဆေးရေးက ပြီးခဲ့တဲ့အစိုးရဟောင်းလက်ထက်က ပါမစ်ကြီးကျပြီး   တည်ဆောက်ခွင့်ပြုထားတဲ့ အထပ်မြင့် ၆၄ လုံးကို ပထမအကြိမ် စစ်ဆေး ခဲ့ပြီး အထပ်မြင့် ၁၂ လုံးကို အထပ် လျှော့တာတည်ဆောက်ခွင့်ပြန်တင်ခိုင်းခဲ့ပေမဲ့ ကျန်တဲ့၅၂လုံးကိုတော့ဆက်လက်တည်ဆောက်ခွင့်ပြုပေးလိုက်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service