ကိုင်လီဂျင်းနာ၏ boyfriend အမေရိကန်ရက်ပ်အဆိုတော် တိုင်ဂါ အိမ်လခမပေးမှုဖြင့် တရားရုံးက ဒေါ်လာ ၁၀၀၀၀ ဆုငွေထုတ်ကာ ဖမ်းဝရမ်းထုတ်ပြန်

ကိုင်လီဂျင်းနာ၏ boyfriend အမေရိကန်ရက်ပ်အဆိုတော် တိုင်ဂါ အိမ်လခမပေးမှုဖြင့် တရားရုံးက ဒေါ်လာ ၁၀၀၀၀ ဆုငွေထုတ်ကာ ဖမ်းဝရမ်းထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
23 Aug 2016 10:25 am တွင် တင်ခဲ့သည်
1452 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ရက်ပ်အဆိုတော် တိုင်ဂါသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးကမ်းခြေမြို့တွင် နေအိမ်ငှားရမ်းနေထိုင်ခဲ့ရာတွင် အိမ်လခမပေးချေမှု၊ နေအိမ်ပျက်စီးစေရန်ပြုလုပ်မှုတို့ဖြင့် နေအိမ်ပိုင်ရှင်က တရားစွဲဆိုထားရာတွင် အမှုလာရောက်ရင်မဆိုင်သောကြောင့် ဆန်တာမိုနီကာတရားရုံးမှ ကန်ဒေါ်လာ ၁၀၀၀၀ ဆုငွေထုတ်ကာ ဖမ်းဝရမ်းထုတ်ထားကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အသက် ၂၆ နှစ်ရှိပြီဖြစ်သည့် တိုင်ဂါသည် အိမ်ရှင်အား ကန်ဒေါ်လာ ၄၈၀၀၀၀ ကျော် အကြွေးပေးရန်ရှိသည်ဟု ဆိုသည်။

တိုင်ဂါငှားရမ်းနေထိုင်သော နေအိမ်သည် ပစိဖိတ်သမုဒ္ဒရာကို စီးမိုးရှုမြင်နိုင်သော ကုန်းမြင့်တွင်တည်ရှိပြီး တစ်လလျှင် အိမ်ငှားခ ကန်ဒေါ်လာ ၁၆၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်။

တိုင်ဂါသည် ငှားရမ်းနေထိုင်စဉ်ကာလအတွင်း ကော်ဇောပေါ်တွင် ၀ိုင်နီများ ဖိတ်စင်ကျစေခြင်း၊ အိပ်ခန်းအတွင်းနံရံတွင် အပေါက်ဖောက်ခြင်း၊ အင်တာကွန်းစနစ်ကို ဖြုတ်သိမ်းထားခြင်း၊ ကြမ်းခင်းများ ပျက်စီးစေခြင်းများ ပြုလုပ်ခဲ့သည့်အတွက်လည်း လျော်ကြေးငွေ ပေးအပ်ရမည်ဟု ဆိုသည်။

အဆိုပါနေအိမ်အပြင် တိုင်ဂါသည် ကယ်လီဖိုးနီးယားပြည်နယ်၊ ကာလာဘာဆက်စ်မြို့တွင် နေအိမ်များ ငှားရမ်းနေထိုင်ရာ၌ အိမ်လခမပေးမှုကြောင့် နေအိမ်ပိုင်ရှင် နှစ်ဦးက တရားစွဲဆိုထားသည်။

တိုင်ဂါသည် Cash Money အမည်ရှိ သူ၏ ဂီတဗွီဒီယိုတွင် သူ့၌ ငွေများစွာရှိကြောင်း ပြသခဲ့ဖူးသည်။

ယင်းဗွီဒီယိုဖိုင်ကို https://goo.gl/28eLYy လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

တိုင်ဂါသည် နာမည်ကျော်မော်ဒယ် ကိုင်လီဂျင်းနာ၏ boyfriend လည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကိုင်လီဂျင်းနာ၏ boyfriend အမေရိကန်ရက်ပ်အဆိုတော် တိုင်ဂါ အိမ်လခမပေးမှုဖြင့် တရားရုံးက ဒေါ်လာ ၁၀၀၀၀ ဆုငွေထုတ်ကာ ဖမ်းဝရမ်းထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
ကိုင်လီဂျင်းနာ၏ boyfriend အမေရိကန်ရက်ပ်အဆိုတော် တိုင်ဂါ အိမ်လခမပေးမှုဖြင့် တရားရုံးက ဒေါ်လာ ၁၀၀၀၀ ဆုငွေထုတ်ကာ ဖမ်းဝရမ်းထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service