ကန်ထရိုက်ငယ်တွေစုပေါင်းပြီး အစိုးရတင်ဒါတွေကို ဝင်လျှောက်ထားလာကြ

ကန်ထရိုက်ငယ်တွေစုပေါင်းပြီး အစိုးရတင်ဒါတွေကို ဝင်လျှောက်ထားလာကြ - Property News in Myanmar from iMyanmarHouse.com
23 Aug 2016 9:56 am တွင် တင်ခဲ့သည်
1121 ကြိမ် ကြည့်ရှု့ပြီး
အစိုးရကခေါ်ယူတဲ့ တင်ဒါအိမ်ရာစီမံကိန်းတွေကို ကုမ္မဏီအကြီးတွေနဲ့တန်းတူ ဆောက်လုပ်ရေးကုမ္မဏီငယ်တွေကလည်း စုပေါင်းပြီး တင်ဒါလာရောက်လျှောက်ထားတာတွေ အခုနောက်ပိုင်းရှိလာတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။

ဆောက်လုပ်ရေးဈေးကွက်အတွင်း အကျိုးတူကန်ထရိုက်ဈေးကွက် ငြိမ်သက်နေတာနဲ့ အစိုးရရဲ့အထပ်မြင့်ဆောက်လုပ်မှု ကန့်သတ်ချက်တွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းငယ်တွေအနေနဲ့ အစိုးရကခေါ်ယူတဲ့ဆောက် လုပ်ရေးတင်ဒါကိုသာအဓိကထား မျှော်လင့်လာကြပါတယ်။ အရင်ကအစိုးရတင်ဒါတွေကို လုပ်ငန်းကြီးတွေကတစ်ဆင့် အပိုင်းလိုက်ပြန်လည်လုပ်တာတွေရှိပေမဲ့ နောက်ပိုင်းမှာတော့လုပ်ငန်းအသေးတွေစုပေါင်းပြီး လုပ်ငန်းကြီး တွေနဲ့အပြိုင် တင်ဒါလျှောက်ထားလာကြပါတယ်။

ကုမ္မဏီကြီးတွေကပြန်ချပေးတဲ့ လုပ်ငန်းတွေကျတော့ သူတို့ဘက်ကအမြတ်ကိုစားထားပြီး  လုပ်ငန်းပြန်အပ်တာဆိုတော့ အမြတ်နည်းသလိုတစ်ခါတလေအရှုံးပေါ်တာတွေရှိတယ်၊ လုပ်ငန်းငါးခုလောက်ခိုင်းရင်နှစ်ခုလောက် ကရှုံးပြီး သုံးခုလောက်ပဲ အမြတ်ကျန် တာလို့ အသေးစားဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အသေးစားဆောက်လုပ်ရေလုပ်ငန်းတွေ စုပေါင်းတင်တဲ့ တင်ဒါတွေကတော့ ကုမ္မဏီချင်းနားလည်မှုနဲ့ အကောင်းဆုံးဆောက်လုပ်ရေးတစ်ခုရဲ့ ပရိုဖိုင်ကိုသာယူပြီးငွေကြေး  အင်အားစုထည့်ကြတဲ့သဘောဖြစ်ပါတယ်။ သည်လို စုပေါင်းတင်တဲ့ လုပ်ငန်းတွေကတော့အနည်းဆုံးကုမ္မဏီနှစ်ခုမှငါးခုလောက်အထိစုစည်းတည် ထောင်လာကြတာဖြစ်ပါတယ်။ အစိုးရတင်ဒါအောင်မြင်ခဲ့ရင်တော့ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းလိုက်တည်ဆောက်ကြတာ တွေရှိသလို စုပေါင်းဆောက်လုပ်ပြီး ရှယ်ယာဝေစုအလိုက်အမြတ်ခွဲယူ ကြတာတွေလည်း ရှိပါတယ်။

အစိုးရက နောက်ပိုင်းခေါ်ယူတဲ့ ဆောက်လုပ်ရေးတင်ဒါအများစုက  အိမ်ရာစီမံကိန်းတွေများတာကြောင့် ရင်းနှီးမြှုပ်နှံရတဲ့ပမာဏကလည်း အနည်းဆုံး သိန်း ၃၀ဝ၀ဝန်းကျင် လောက်ဖြစ်တာကြောင့် အခုလိုတင်ဒါတွေကိုစုပေါင်း လုပ်ကိုင်လာကြပါတယ်။ ဒါ့အပြင် အစိုးရကအခုနောက်ပိုင်း တင်ဒါလာရောက်လျှောက်ထားတဲ့ကုမ္မဏီတွေနဲ့ပတ်သက်ပြီး တင်ဒါတရားဝင်လျှောက်ထားနိုင်တဲ့ မှတ်ပုံတင်ပုံစံတွေစာရင်းပေးသွင်းခိုင်းတာတွေကြောင့်ဆောက်လုပ် ရေးဈေးကွက်အတွင်းမှာ အင်အားတောင့်တင်းတဲ့လုပ်ငန်း တွေ စုပေါင်းဖွဲ့စည်းလာကြတာဖြစ်ပါတယ်။

‘ကုမ္မဏီတွေအကျိုးတူပေါင်းဖွဲ့လာကြတာကနောက်ပိုင်းပိုများလာတယ်၊ အများစုကပညာရှင်တွေနဲ့ ငွေကြေးတတ်နိုင်သူတွေပေါင်းပြီးလုပ်ငန်းကြီးလုပ်လာကြတာ၊ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတည်းမှာပဲ သင်တန်းပေးတာ ရော၊ drawing ဆွဲတာရော၊cost တွက်တာရော ဆောက်လုပ်တာတွေရော လုပ်လာကြတယ်လို့ UK ဆောက်လုပ်ရေးက မန်နေဂျာ ကိုထက်ဝေက ပြောပါတယ်။

တချို့လုပ်ငန်းကြီးလုပ်ကိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့လည်းငွေကြေးနဲ့ နည်းပညာပိုမိုကောင်းမွန်တဲ့ နိုင်ငံခြားကကုမ္မဏီကြီးတွေနဲ့ ပူးပေါင်းပြီးဆောက်ရွက်တာတွေရှိလို့ နိုင်ငံခြားက အိမ်ခြံမြေနဲ့ပတ်သက်တဲ့ အကျိုးဆောင်တွေဝင်ရောက်လာမှုများလာတာလည်း ဖြစ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service