ဘန်ကောက်ကွန်ဒိုဈေးကွက် အ၀ယ်မရှိသော်လည်း မေးမြန်းစုံစမ်းမှုများ အလွန်မြင့်မားလာလျက်ရှိနေ

ဘန်ကောက်ကွန်ဒိုဈေးကွက် အ၀ယ်မရှိသော်လည်း မေးမြန်းစုံစမ်းမှုများ အလွန်မြင့်မားလာလျက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
22 Aug 2016 10:42 am တွင် တင်ခဲ့သည်
1163 ကြိမ် ကြည့်ရှု့ပြီး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ကွန်ဒိုဈေးကွက်၌ အ၀ယ်မရှိသော်လည်း မေးမြန်းစုံစမ်းမှုများ အလွန်မြင့်မားလာလျက် ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုအခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံရေးနှင့် အတိုင်ပင်ခံကုမ္ပဏီ Jones Lang LaSalle (JLL)မှ ထုတ်သည်ဟု ဘန်ကောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

JLL က သုံးသပ်ရာတွင် အဆိုပါအချက်အလက်က ဘန်ကောက်တွင် ကွန်ဒိုမီနီယံဝယ်လိုအား ခိုင်မာလျက်ရှိနေသည်ကို ပြသခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ၀ယ်လက်တို့သည် မ၀ယ်ယူမီ ဆုံးဖြတ်ချက်ချရန်အတွက် ပိုမိုအချိန်ယူလျက်ရှိကြခြင်းဖြစ်ကြောင်း သုံးသပ်သည်။

အခန်းတစ်ခန်းသည် ၎င်းတို့လိုလားသည်များနှင့် လိုက်လျောညီထွေရှိ၊ မရှိ၊ ဈေးကွက်ပေါက်ဈေးမှန်ဟုတ်၊ မဟုတ်တို့ကို ဆုံးဖြတ်ရန်အတွက် ပိုမိုအချိန်ယူကြခြင်းဖြစ်သည်ဟု JLL က ခန့်မှန်းသည်။

သို့ရာတွင် မည်မျှအချိန်ယူသည်ဖြစ်စေ ကွန်ဒိုခန်းဝယ်ရန် စုံစမ်းသူအများစုမှာ နောက်ဆုံးတွင် ၀ယ်ယူဖြစ်ကြလိမ့်မည်ဟု JLL က သုံးသပ်သည်။

ဈေးကွက်အတွင်းတွင် ကွန်ဒိုခန်းရောင်းလိုအားမြင့်နေကာ အ၀ယ်မရှိသည်ကို ၀ယ်လက်တို့က သိရှိကြခြင်းကြောင့် ကွန်ဒိုဈေးနှုန်းများ ပြုတ်ကျလာစေရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။

ဝယ်လက်တို့က ယင်းသို့မျှော်လင့်စောင့်ဆိုင်းနေစေကာမူ ဘန်ကောက်ရှိ ၀ယ်လိုအားအများဆုံးဒေသများရှိ ကွန်ဒိုခန်းဈေးနှုန်းများမှာ ပိုမို၍ပင် မြင့်တက်လာလျက်ရှိနေသည်။

ဝယ်လက်တို့ အများဆုံးမေးမြန်းစုံစမ်းသည်မှာ စတုရန်းတစ်မီတာလျှင် ဘတ်ငွေ ၂၀၀၀၀၀ အောက်အခန်းမျိုးဖြစ်သည်ဟု ဆိုသည်။

ဝယ်လက်တို့အကြိုက်ဆုံးဒေသများရှိ ကွန်ဒိုဈေးနှုန်းမှာ ဘတ်ငွေ ၂၀၀၀၀၀ ထက် ပိုမိုမြင့်မားနေသည်။
Developer တို့ကမူ ကွန်ဒိုဈေးနှုန်းကို လျှော့ချပေးခြင်းမရှိဘဲ မက်လုံးအချို့သာ ဖြည့်စွက်ပေးလျက်ရှိသည်။
ယင်းမက်လုံးများတွင် ပရိဘောဂများ ပါဝင်ခြင်း၊ လက်လွှဲရယူခ ကင်းလွတ်ခြင်းနှင့် အိမ်ရာစီမံခန့်ခွဲစရိတ်ကို နှစ်အတန်ကြာ ကင်းလွတ်ခွင့်ပေးခြင်းတို့ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service