ကျူးကျော်စာရင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ စတင်၍ ကွင်းဆင်းကောက်မည်

ကျူးကျော်စာရင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ စတင်၍ ကွင်းဆင်းကောက်မည် - Property News in Myanmar from iMyanmarHouse.com
22 Aug 2016 9:58 am တွင် တင်ခဲ့သည်
920 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး ရှိ ကျူးကျော်နေထိုင်သူများ စာ ရင်းကို ဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်မှစတင်၍ လာမည့်နှစ် ပတ်အတွင်း ကွင်းဆင်းကောက် ယူမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူရေးလုပ်ငန်းစီ မံချက်အစည်းအဝေးကို ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုး မင်းသိန်း ဦးဆောင်၍ သြဂုတ် ၁၈ ရက်တွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ပြုလုပ်ခဲ့ပြီးကွင်းဆင်း စာရင်းကောက်ယူမှုကို ဒဂုံမြို့ နယ် (တောင်ပိုင်း)မှ စတင်ပြုလုပ် မည်ဖြစ်ကြောင်း ယင်းမြို့နယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးညီညီကပြောသည်။

‘‘ကျူးကျော်စာရင်းမှာအစ် ကိုတို့မြို့နယ်က အများဆုံးဖြစ် နေတော့ တောင်ဒဂုံကစပြီး ကောက်ယူမယ့်သဘောပေါ့။အုပ် ချုပ်ရေးပိုင်းရော၊ မြို့နယ်နေပြည် သူတွေရော အားလုံးပူးပေါင်းပါ ၀င်လာဖို့ ဆောင်ရွက်မှာပါ။ လာ မည့်နှစ်ပတ်အတွင်း စနိုင်မယ် ထင်တယ်။ စနစ်တကျကောက် ယူသွားမှာပါ’’ဟု ၎င်းကဆိုသည်။

ကျူးကျော်နေထိုင်သူများ အား ကွင်းဆင်းစာရင်းကောက်ယူ ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က စီစဉ်နေပြီးစတင်ကောက် ယူမည့်ရက်ကို သတ်မှတ်နိုင်ခြင်း မရှိသေးဘဲ စက်တင်ဘာအတွင်း စတင်နိုင်ဖွယ်ရှိကြောင်း လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက 7Day Daily အားပြောကြား သည်။

ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူရာတွင် အမှန် တကယ်နေစရာမရှိ၍ကျူးကျော် သူများနှင့် စီးပွားဖြစ်ကျူးကျော်သူ များကို ခွဲခြားကာ ကောက်ယူမည် ဖြစ်ပြီး အကြမ်းဖျင်းစီမံချက်အ ဖြစ် အပိုင်းလေးပိုင်းဖြင့် လုပ် ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ကသတင်း ထုတ် ပြန်သည်။

အဆိုပါအပိုင်းလေးပိုင်းတွင် ကွင်းဆင်းကောက်ယူရေးအဖွဲ့ များ ဖွဲ့စည်းခြင်း၊ ကောက်ကွက် များ သတ်မှတ်ခြင်းနှင့် ပုံစံများဖြန့် ဝေခြင်း၊ ကွင်းဆင်းကောက်ယူ ခြင်းနှင့် အိမ်ထောင်စုသက်သေ ကတ်ပြားထုတ်ပေးခြင်း၊ ကောက် ယူရရှိသည့် အချက်အလက်များ ကို စိစစ်ကြီးကြပ်ခြင်းတို့ပါဝင် ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးခရိုင် လေးခုတွင် ကျူးကျော်နေထိုင်သူ များ ခန့်မှန်းစာရင်း၌ အရှေ့ပိုင်း ခရိုင်တွင် လူဦးရေ တစ်သိန်းငါး သောင်းကျော်၊ အနောက်ပိုင်းခရိုင် တွင် ရှစ်သောင်းကျော်နှင့် တောင် ပိုင်းခရိုင်တွင် ကိုးသောင်းကျော်၊ မြောက်ပိုင်းခရိုင်၌ တစ်သိန်းခုနစ် သောင်းကျော်ရှိကြောင်း ဖော် ပြထားသည်။

အစိုးရသစ်လက်ထက် ကျူး ကျော်နေထိုင်သူများနှင့် ပတ် သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် က ကျူးကျော်များကို နေစရာနှင့် အလုပ်အကိုင်များ ဖန်တီးပေးကာ နောင်တစ်ချိန်တွင် ကျူးကျော် ဘ၀မှ ပြောင်းလဲပေးသည့် အစိုးရ ခေတ်တစ်ခေတ် သမိုင်းတွင်ကျန် ရစ်ရန် ကြိုးပမ်းလုပ်ဆောင်မည် ဟု ပြီးခဲ့သည့် မေလ ၂၆ ရက်က ကတိပြုပြောကြားခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service