ဒဂုံမြို့သစ် အတွင်းကွက် စံနှုန်း သိန်း ၂ဝ ခန့် ပိုများမည်ဟု သတင်းထွက်ပေါ်နေ

ဒဂုံမြို့သစ် အတွင်းကွက် စံနှုန်း သိန်း ၂ဝ ခန့် ပိုများမည်ဟု သတင်းထွက်ပေါ်နေ - Property News in Myanmar from iMyanmarHouse.com
19 Aug 2016 10:40 am တွင် တင်ခဲ့သည်
1937 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ်အတွင်း ရန်ကုန်မြို့၏မြို့နယ်အလိုက် အိမ်ခြံမြေစံနှုန်းအသစ်တွင် ဒဂုံမြို့ သစ်အတွင်းကွက်များအတွက် သတ်မှတ်ထားမှုမှာ ယခင်ကထက် ကျပ်သိန်း ၂ဝ ခန့်များလာမည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောဆိုနေကြသည်။ ''မထုတ်ပြန်သေးတော့ သေချာတော့မသိရသေးပါဘူး။ တစ်ဆင့်စကားတွေနဲ့ပြောနေ ကြတာပါပဲ။ စံနှုန်းလဲ ထပ်တိုးမယ်၊ ဝင်ငွေခွန်လဲ တိုးထားတာ။ ဒါတွေကို ဒီနှစ်ပြောင်း ပေးမယ်။ မပြောင်းပေးဘူးကလဲ မသေချာတော့ တကယ်အခွန်ဆောင်ပြီး ဝယ်သူတွေ အတွက် ဈေးများတယ်''ဟု ဝသုန်အကျိုးဆောင်လုပ်ငန်းမှ ဦးဝင်းမောင်က ပြောသည်။

ယခင်စံနှုန်းများမှာ လမ်းအတွင်းပိုင်းမြေကွက်များကို ကျပ်သိန်း၃ဝဝအဖြစ် တန်ဖိုးသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး စံနှုန်းအသစ်မှာ ကျပ်သိန်း ၃၂ဝ ဖြစ်မည်ဟု အကျိုးဆောင်အသိုင်းအဝိုင်းမှ ပြောဆိုနေကြခြင်းဖြစ်သည်။ ယခုနှစ် တစ်နှစ်တာအတွက် စံနှုန်းသတ်မှတ်ချက်မှာ ယခင်ကထက်များလာပါက ဝင်ငွေခွန်နှုန်းထားများအား ပြန်လည်လျော့ပေးသင့်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ ''စံနှုန်းတွေထွက်လာမှာနဲ့ ဝင်ငွေခွန်နှုန်းထား ပြောင်းမပြောင်းကို အမည်ပြောင်းချင် သူတွေက စောင့်ကြည့်နေကြတာ စံနှုန်းတိုးပြီး ဝင်ငွေခွန်နှုန်းထား ပြန်လျှော့ပေးမလားလို့ပါ။ စံနှုန်းက ဝင်ငွေခွန်ဆောင်ရမည့်တန်ဖိုးကို သတ်မှတ်ထားတာဆိုတော့ အခြေအ နေစောင့်ပြီး မပြောင်းကြသေးတာတွေလဲရှိတယ်''ဟု ဝါရင့်အကျိုးဆောင် ဦးမောင်မောင် ထွန်းက ဆိုသည်။

ဒဂုံမြို့သစ်အတွင်းကွက်များအတွက် မသိနိုင်သေးသော်လည်း ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)မှ ညှိနှိုင်းထားချက်များအရ ယခုနှစ်အတွက် မြို့နယ်အလိုက် အိမ်ခြံမြေ တစ်ပေပတ်လည် စံနှုန်းသစ်များမှာ ယခင် နှစ်များထက် လျော့နည်းပြီး သင့်တင့်သည့်နှုန်းထားတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဒုဥက္ကဋ္ဌ(၁) ဦးသန်းဦးက ပြောသည်။ အိမ်ခြံမြေစံနှုန်းထားများနှင့် ဝင်ငွေခွန်နှုန်းထားများကို ယခင်နှစ်များက အောက်တိုဘာလဝန်းကျင်၌သာ ထုတ်ပြန်လေ့ရှိကြောင်း သိရသည်။ အိမ်ခြံမြေ တစ်ပေပတ်လည်စံနှုန်းများကို အိမ်ခြံမြေအရောင်းအဝယ် တည် ဆောက် မှုနှင့်ပြုပြင်ခြင်းများအပေါ် အခွန်ထမ်းဆောင်ရာ၌ ပြောင်းလဲလာသော ဈေးနှုန်းများနှင့် ကိုက်ညီမှုရှိပြီး ထိန်းချုပ်မှုရှိစေရန် ပြင်ဆင်သတ်မှတ်ခြင်းဖြစ်သည်။

Credit : Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service