ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများ ၂ဝ၁၇ တွင် စတင်နိုင်ရန် မျှော်မှန်း

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများ ၂ဝ၁၇ တွင် စတင်နိုင်ရန် မျှော်မှန်း - Property News in Myanmar from iMyanmarHouse.com
19 Aug 2016 10:04 am တွင် တင်ခဲ့သည်
2117 ကြိမ် ကြည့်ရှု့ပြီး
တောင်ကိုရီးယားနိုင်ငံ၏ ချေးငွေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကို ၂ဝ၁၇ ခုနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန် မျှော်မှန်းထားပြီး ဆောက်လုပ်မည့် ကုမ္ပဏီများကိုလည်း တင်ဒါစနစ်ဖြင့် အမြန်ဆုံးရွေးချယ်သွားနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောသည်။

''ဆောက်မယ့်ကုမ္ပဏီတွေကို တင်ဒါပေးနိုင်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ အကြံပေးကုမ္ပဏီတစ်ခုကို ရွေးနေတယ်။ တစ်လအတွင်းမှာ ဘယ်အကြံပေးကုမ္ပဏီနဲ့ လုပ်မလဲဆိုတာ
ကြေညာပေးသွားမယ်။ ကိုရီးယားချေးငွေနဲ့ ဆောက်မှာဖြစ်တဲ့အတွက် ကိုရီးယားကုမ္ပဏီကိုပဲ ရွေးရမှာဖြစ်တယ်။ အကြံပေးကုမ္ပဏီ ရွေးပြီးတာနဲ့ တည်ဆောက်မယ့် ကိုရီးယားကုမ္ပဏီတွေကို တင်ဒါခေါ်ပြီး ရွေးပါ့မယ်။ တင်ဒါရွေးဖို့ကိစ္စကတော့ အချိန်နည်းနည်းတော့ ယူရမယ်။ အဲဒါကြောင့် ၂ဝ၁၇ အတွင်းမှာတော့ တည်ဆောက်ရေးလုပ်ငန်းတွေ စနိုင်မယ်လို့ မှန်းပါတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းအတွက် တည်ဆောက်ရေးလုပ်ငန်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းခန့် ကုန်ကျမည် ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကို ကိုရီးယားနိုင်ငံက ချေးမည်ဖြစ်ပြီး မြန်မာအစိုးရဘက်က အမေရိကန်ဒေါ်လာ ၃ဝ ဒသမ၃၄ သန်းကို စိုက်ထုတ်ကျခံမည် ဖြစ်သည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာအစိုးရနှင့် ကိုရီးယားအစိုးရတို့ အကြား ဒလတံတား တည်ဆောက်ရေးအတွက် ချေးငွေရယူခြင်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တံတားတည်ဆောက်ရေးကို ၅ နှစ်အတွင်း အပြီးဆောက်လုပ်မည်ဟု မျှော်မှန်းထားသည့်အတွက် လာမည့် ၂ဝ၂ဝ တွင် ပြီးစီးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

တံတားဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများအတွက်အချိန် ၁ နှစ်ခန့် ကြာမြင့်ခဲ့ပြီး ၄ လမ်းသွား၊ သံမဏိကြိုးဆိုင်း အမျိုးအစားတံတား တည်ဆောက်မည်ဖြစ်ကာ တံတားအရှည်မှာ ၁,၉၃၆ ပေ ရှည်လျားမည် ဖြစ်သည်။ တံတားခြေဆင်းသည် ရန်ကုန်ဘက်အခြမ်းတွင် ဘုန်းကြီးလမ်းမပေါ်အထိ ရောက်ရှိမည်ဖြစ်ပြီး ဒလမြို့နယ်ဘက်အခြမ်းတွင် ဗိုလ်မင်းရောင်လမ်းအထိ ရောက်ရှိမည်ဖြစ်သည်။

ရန်ကုန်မြစ်အတွင်း ဖြတ်သန်းသွားလာနေသည့် ပင်လယ်ကူးသင်္ဘောကြီးများ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်စေရန် အတွက်ကိုလည်း သေချာတွက်ချက် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် တံတားနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် တံတားစီမံကိန်းလုပ်ငန်းများ စတင်ခြင်းနှင့် ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားတွင်
ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ၄င်းက ပြောသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကမူ ရန်ကုန်-ဒလ တံတားစီမံကိန်း အကောင်အထည်ဖော် လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှုအပေါ် တရားဝင်အတည်ပြုပြောဆိုခြင်း မရှိပေ။

ရန်ကုန်-ဒလ မြစ်ကူးတံတားကို ၂ဝ၁၃ ခုနှစ်ကပင် တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း လာမည့်နှစ်တွင်သာ စတင်နိုင်တော့မည် ဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service