ရန်ကုန်မြို့သစ်စီမံကိန်းကို လေးထောင့်ကန်တွင် ပြုလုပ်ရန် ပညာရှင်များ တင်ပြ

ရန်ကုန်မြို့သစ်စီမံကိန်းကို လေးထောင့်ကန်တွင် ပြုလုပ်ရန် ပညာရှင်များ တင်ပြ - Property News in Myanmar from iMyanmarHouse.com
19 Aug 2016 9:58 am တွင် တင်ခဲ့သည်
3955 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြိုသစ်စီမံကိန်းကို အရှေ့ဒဂုံမြိုနယ်၊ လေးထောင့်ကန်အနီးရှိ လယ်မြေဧက ၁၇၀၀၀ ကျော်တွင် ပြုလုပ်ရန် သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပုလဲခန်းမတွင် ပြုလုပ်သော ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပက်သက်၍ လွှတ်တော်ဥက္ကဌ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ဆွေးနွေးမှုတွင် မြို့ပြစီမံကိန်း ပညာရှင်များက မြို့သစ်ဖော်ဆောင်သင့်သော နေရာများ၏ ဦးစားပေးနေရာအဖြစ်ဒဂုံအရှေ့ပိုင်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက် အနီးရှိ လယ်မြေဧက ၁၇၀၀၀ ကျော်ပေါ်တွင် ပြုလုပ်ရန် တင်ပြခဲ့ကြောင်းယင်းအစည်းအဝေးသို့ တတ်ရောက်ခဲ့သည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြိုနယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနေနိုင်ဦးက ပြောသည်။

ယင်းအစည်းအဝေးတွင် မြို့သစ်စီမံကိန်း ပြုလုပ်သင့်သော နေရာ ၄ ခု တင်ပြရာ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ လေးထောင့်ကန်ရပ်ကွက်အနီးမှ လယ်မြေများ အပြင်၊ သန်လျင်မြို့နယ်ရှိ ကုလားဝဲတံတားအနီးတွင် လည်းကောင်း၊ ဒလမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်ကြားတွင် လည်းကောင်း၊ ကြည်မြင်တိုင် တစ်ဖက်ကမ်းတို့တွင်လည်းကောင်း ဦးစားပေးအလိုက် တင်ပြခဲ့ကြောင်း သိရသည်။

''လေးထောင့်ကန်က လယ်မြေတွေက၊ ၁၉၉၀ တုန်းက ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က သိမ်းခဲ့တဲ့ မြေတွေ။ မြေလျော်ကြေးတော့ မပေးရသေးဘူး။ ပြီးတော့ ဟံသာဝတီလေဆိပ်နဲ့လည်း နီးတယ်။ အမှတ်(၂) လမ်းမကြီးနဲ့လည်း နီးတယ်။ ရန်ကုန်-မန္တလေး ရထားလမ်းနဲ့ နီးတဲ့အတွက် အဲဒီနေရာကို မြို့သစ်စီမံကိန်းလုပ်ဖို့ ဦးစားပေးချင်တယ်လို့ တင်ပြကြတယ်။ အဲဒီမှာရှိတဲ့ လယ်မြေတွေကိုလည်း ခေတ်ကာလနဲ့ လျော်ညီတဲ့
လျော်ကြေးပေးမယ်ဆိုရင် ဒေသခံတွေလည်း ကျေနပ်မယ်။ အစိုးရအနေနဲ့လည်း ကုန်ကျစရိတ် သက်သာမယ်။ ဒါကြောင့် အဲဒီနေရာကို ဦးစားပေး တစ်နေရာမှာ လုပ်သင့်တယ်လို့ မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က တင်ပြသွားတယ်''ဟု တွံတေးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောသည်။

ပညာရှင်များ၏ တင်ပြချက်များတွင် ယခင်အစိုးရလက်ထက်မှ ဆောင်ရွက်ရန် ခွင့်ပြုချက် ရရှိထားခဲ့သော ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းမှာ ပညာရှင်များ၏ တွက်ချက်မှုအရ မဖြစ်သင့်သော မြို့သစ်စီမံကိန်း ဖြစ်ကြောင်းနှင့် ပထမဆုံး ဆောက်လုပ်ရန် လျာထားသော ကြည်မြင်တိုင်-အလတ်ချောင်း တံတားမှာ ဆောက်လုပ်ရန် စံချိန်မမီသော တံတားဖြစ်သည်ဟု ပညာရှင်များက ပြောကြားတင်ပြခဲ့ကြောင်း သိရသည်။

'' အနောက်တောင် မြို့သစ်စီမံကိန်းက ဖြစ်ဖို့အလားလာ နည်းသွားပြီလို့ ပြောရမှာပဲ။ ၀န်ကြီးချုပ်ကလည်း သူရဲ့ မဲဆန္ဒနယ်မြေမှာ ပြုလုပ်ဖို့ ပြောထားတာရှိသလို အခုပညာရှင်တွေကလည်း လေးထောင့်ကန်အနီးက လယ်မြေဧက ၁၇၀၀၀ ကျော်မှာ လုပ်ဖို့ တင်ပြလာတယ်။ ဒါက အတည်တော့ မဖြစ်သေးပေမယ့် အနောက်တောင်မြို့သစ်အတွက် အခြေနေမကောင်းဘူးလို့ ထင်တယ်''ဟု လွတ်တော်ကိုယ်စားလှယ် ကိုနေနိုင်ဦးက ပြောသည်။

ယခုကဲသို့ ပညာရှင်များ၏ အကြံပြုတင်ပြချက်များကို ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ မှတ်တမ်းပြုထားမည်ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပက်သက်ပြီး သက်ဆိုင်ရာ ဌာနများနှင့် ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားရန် ရှိကာ ကော်မတီ၏ ဆုံးဖြတ်ချက်ကို မကြာမီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

Credit: အိမ်ခြံမြေ ဝန်ဆောင်မှုအဖွဲ့

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service