"တိုက်ခန်း အရောင်းအဝယ်နှင့် အိမ်ခြံမြေ အရောင်းအဝယ်များ ယခုတလော ဝယ်သူမရှိသလောက် ဖြစ်နေတယ် မဟုတ်လား" ဟု စာရေးသူနှင့် တွေ့ကြုံသူအိမ်ခြံမြေ လောကသားများက
တွေ့တိုင်း မေးကြသည်။
စာရေးသူက "တိုက်ခန်း အရောင်းအဝယ်လည်း ရှိတယ်၊ အိမ်ခြံမြေ အရောင်းအဝယ်တွေလည်း ရှိတယ်" ဟု ပြုံးပြီး ဖြေလိုက်တယ်။စာရေးသူကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးခဲ့ရသည်။
မြေကွက်များ အကြောင်းကို အကျိုးဆောင်ဂျာနယ်နှင့် ရွှေအနှစ် ဂျာနယ်တို့တွင်အလျဉ်းသင့်သလို ရေးသားပေးခဲ့သည်။
မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝက်ဘ်ဆိုက်ဖြစ်သော iMyanmarHouse.com တွင်လည်း ရေးသားဖော်ပြပါသည်။
ကွန်ဒို၊ တိုက်ခန်းဆိုတော့လည်း ရှုခင်းလေးတွေ သာယာတယ်...
မကြာသေးမီ ရက်ပိုင်းအတွင်းက iMyanmarHouse.com ၏လမ်းညွှန်မှုဖြင့် မိတ်ဆွေတစ်ဦးနှင့် သိကျွမ်းခွင့်ရသည်။"ကျွန်မက စိုးစိုးပါ ဆရာ၊ သင်္ဃန်းကျွန်း မလိခကွန်ဒို အိမ်ရာမှာ တိုက်ခန်းတစ်ခန်းဝယ်ဖို့ သွားကြည့်ထားပြီးပါပြီ၊ ပထမဆုံးတိုက်ခန်း အမည်ပေါက်ထံက ဒါရိုက်ဝယ်မှာပါ" "ဘယ် နှစ်လွှာကို ဝယ်မှာလဲ၊ ဈေးကကော ဘယ်လောက်လဲ စိုးမိုးရဲ့" "၄ လွှာပါ၊ ရောင်းဈေးက သိန်း(၁၂၀၀) နဲ့ စာချုပ်မှာပါ" "ဈေးက သင့်ပါတယ်၊လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းတယ်၊ကွန်ဒိုဆိုတော့ အေးအေးချမ်းချမ်း လုံလုံခြုံခြုံလည်း ရှိတယ်။ လေကောင်းလေသန့်ရပြီး ရှုခင်းတွေ ကြည့်ရတာလည်း စိတ်ချမ်းသာမယ့်နေရာမျိုးဘဲ" ဟု စာရေးသူက မုဒိတာပွားရင်း အားပေးလိုက်သည်။
ဝယ်သူအကြိုက် ဆောက်လုပ်ထားတဲ့ မလိခအိမ်ရာ ဝယ်သတိုင်းစိတ်ချမ်းသာ
တိုက်ခန်းတွေက ၁၂ထပ်ခွဲထိရှိတယ်။ဓါတ်လှေကားလည်း ရှိတယ်။လုံခြုံရေးတွေလည်း အပြည့်ရှိတယ်လေ၊ အဲ့ဒီ အချက်လေးတွေကြည့်ပြီး ဝယ်ဖို့ဆုံးဖြတ်လိုက်တာပါ။ ပြီးတော့ကားတစ်စီးရပ်နားခွင့် ပေးထားတယ်လေ။အပြင်
ထွက်လိုက်တာနဲ့ ရတနာလမ်းမကြီးကိုရောက်ပြီး၊ ဟိုဘက်ထိပ် ဆက်လျှောက်ရင် တောင်ဥက္ကလာသွားတဲ့ သံသုမာလမ်းမကြီး ရောက်တယ်လေ။
"စိုးစိုး ပြောတာနဲ့ပဲ တော်တော်နေချင်စရာကောင်းနေပြီ၊ လိုက်ကြည့်ချင်တဲ့ စိတ်တောင်ပေါက်လာပြီနော်။ ဘယ်တော့ စာချုပ်မှာလဲ" "တစ်ပါတ်လောက်တော့ စောင့်ရမယ်ဆရာ" "ဟင်........(၇)ရက်ကြီးများတောင် ကြာရအောင် ရောင်းမယ့်သူတွေက ဘယ်မှာနေလို့လဲ" "လာရှိုးက လာရမှာတဲ့.....စီးပွားရေးသမားတွေဆိုတော့ မအားသေးလို့ တစ်ပါတ်စောင့်ခိုင်းထားလို့ပါ"
ဂျာနယ်မှာ မရှာအား၊ iMyanmarHouse မှာ တွေ့လို့ ဝယ်ဖြစ်သွား
"ဟုတ်ပါပြီ။ ဝယ်ဖို့ ဘယ်လို အဆက်အသွယ်ရတာလဲဟင်" "iMyanmarHouse.com မှာ ရှာလိုက်တာလေ၊ ရောင်းပေးမယ့် အိမ်ခြံမြေအကျိုးဆောင်နဲ့ တွေ့ဆုံပြီး တိုက်ခန်းကို အရင်သွားကြည့်လိုက်တာ၊ သေချာပြီဆိုတာနဲ့ ပိုင်ရှင်က ခေတ္တ ရန်ကုန်ရောက်နေတဲ့ အချိန်ဆိုတော့ စရန်ပေးစာချုပ်ပြီး သိန်းနှစ်ရာလောက် စရန်ချလိုက်တယ်၊ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်တဲ့ အိမ်ရာဆိုတော့ အရှုပ်အရှင်း ရှိ/မရှိနဲ့ လူနေထိုင်ခွင့်ရ/မရ သွားစုံစမ်းကြည့်ပြီးပြီဆရာ၊ အရှုပ်အရှင်း ကင်းပါတယ်၊ ရောင်းမယ့်သူတွေက ကြိုပွိုင့် ဝယ်ထားသူတွေဆိုတော့ သူတို့အမည်ပေါက်ရထားတာ" "ကောင်းပြီလေ၊ဒါဆိုလည်း ပိုင်ရှင်ဖြစ်သူ လားရှိုးက ရောက်လာရင် ဆရာထံ ဖုန်းဆက်လိုက်လေ။ အခုတော့ စရံပေးစာချုပ်နဲ့ တိုက်ခန်းပိုင်ဆိုင်မှု အထောက်အထားမိတ္တူတွေ ပေးခဲ့ပေါ့။အပြီးအပိုင် စာချုပ်ချုပ်ဖို့ ကြိုတင်စီစဉ်ထားလိုက်တာပေါ့" ဟု စာရေးသူက ပြောလိုက်ရာ စိုးစိုးလည်း အသင့်ပါလာသော စာချုပ်စာတမ်းများကို ပေးအပ်ပြီး နှုတ်ဆက်၍ ပြန်သွားသည်။
ကွန်ဒို၊ တိုက်ခန်း စာချုပ်ဖြစ်သော်ငြား ရောင်းသူထံမှ ပါဝါယူထား.....
စာရေးသူလည်း စိုးစိုးအပ်ထားခဲ့သော စရန်ပေးစာချုပ်နှင့် ကွန်ဒိုတိုက်ခန်း စာရွက်စာတမ်းများကို ဖတ်ရှုကြည့်လိုက်သည်။ကြိုပွိုင့်ဝယ်ထားသည့် တိုက်ခန်းဖြစ်၍ အရစ်ကျပေးစေခဲ့သည့် စာရွက်စာတမ်းများနှင့် နောက်ဆုံးအပြီးအပိုင်ပေးချေပြီးသည့်စာချုပ်တွင် ရောင်းသူ၊ ဝယ်သူနှင့် အသိသက်သေ(၂)ဦးက လက်မှတ်ရေးထားသည်။လူနေထိုင်ခွင့်ရပြီဖြစ်၍ အခန်းသော့ အပ်နှံသည့် သဘောတူညီချက်ကို တွေ့ရသည်။ ပထမဆုံးကန်ထရိုက်တာနှင့် ဝယ်သူတို့ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်၍ သတင်းစာထည့်၍ ကြော်ငြာစရာမလိုပါ။သို့သော် ဝယ်သူ မစိုးစိုးက စေ့စပ်သေချာအောင် ပြုလုပ်ထားချင်သည်ဆို၍ ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာတွင် ကြော်ငြာပေးရသေးသည်။(၇) ရက်ပြည့်သည့်နေ့အထိစောင့်သော်လည်း ကန့်ကွက်မည့်သူ တစ်ဦးတစ်ယောက်မျှ ပေါ်မလာပါ။ထို့ကြောင့် တိုက်ခန်းအပြီး အပိုင် အရောင်းအဝယ် စာချုပ်ကို ရောင်းသူများရောက်လာသည့်နေ့တွင် ချုပ်ဆိုလိုက်ကြသည်။
ဝယ်သူမဆိုထားနှင့် စာရေးသူပင် သဘောကျသည့် တာဝါအိမ်ရာတိုက်ခန်းအပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ရောင်းချသည့် ကွန်ဒိုတိုက်ခန်းနှင့်ပင် ချုပ်ဆိုပြီးနောက် စာရွက်စာတမ်းမူရင်းများကို လက်ခံယူသည်။အခန်းအားလုံး အသစ်စက်စက် ပြင်ဆင် မွမ်းမံထားသည်ကို တွေ့ရသည်။ဘုရားခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ အသင့်ပြင်ဆင်ထားပြီးဖြစ်သည်။ဧည့်ခန်းကို ပါကေးခင်းပေးထားသည်။စိုးစိုးဝယ်သည့် တိုက်ခန်းမှာ Tower-C တွင် ပါဝင်ပြီး အရှေ့ဘက်အခြမ်းတွင် ရှိသဖြင့် အရှေ့၊ တောင်၊ မြောက် ရှုခင်းများကို ကြည့်နိုင်သည်။ယင်းသို့ တိုက်ခန်းကို စိတ်တိုင်းကျ စစ်ကြည့်ရှုပြီးနောက် ရောင်းသူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ လက်ခံယူရန် ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ သွားကြသည်။ကိုယ်စားလှယ် လွှဲစာယူပြီးနောက် ဝယ်သူကပေးရန် ကျန်နေသည့် ငွေကျပ် သိန်းတစ်ထောင်ကို ရောင်းသူ၏ ကမ္ဘောဇဘဏ် စာရင်းသို့ လွှဲပေးလိုက်သည်။ဤတွင်မှ ရောင်းသူက ကွန်ဒိုတိုက်ခန်းသော့နှင့် တိုက်ခန်းအပြီးအပိုင် အရောင်းအဝယ် စာချုပ်မူရင်းနှင့် ဆက်စပ်စာချုပ်များကို ပေးအပ်သည်။ထို့နောက် ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီတွင် တိုက်ခန်းအရောင်းအဝယ်စာချုပ်မိတ္တူကိုပြ၍ အမည်ပြောင်းခွင့်ရသည်။
ရောင်းသူကိုယ်စား၊ ပါဝါကိုင်ထား၊ လွှဲပြောင်းခွင့်ရလို့သွား
ဤတွင်မှ မူလတိုက်ခန်းအမည်ပေါက် နာမည်မှ ယခုဝယ်သူ မစိုးစိုး အမည်သို့ ပြောင်းပေးလိုက်ပါသည်။ရောင်းသူထံမှ ကိုယ်စားလှယ်လွှဲစာ(GP) ယူထားခြင်းဖြင့် ရောင်းသူကိုယ်စား ဝယ်သူမှ ရောင်းချခြင်း ပေါင်နှံခြင်းကို ပေးကမ်းခြင်း လှူဒါန်းခြင်း လွှဲပြောင်းခြင်းကို ပြုလုပ်နိုင်ပါသည်။ယင်းသို့ ပါဝါယူထားခြင်းဖြင့် ရောင်းသူများမှာ ဝယ်သူထံ ထပ်မံ လာစရာမလိုတော့ပါ။တိုက်ခန်းအရောင်းအဝယ်က အခုလိုဆိုတော့လည်း အလွယ်သားပါလား ဟု စာရေးသူတွေးနေမိပါတော့သည်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com