ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ရခိုင်ပြည်နယ် လွှတ်တော်အတည်ပြု

ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ရခိုင်ပြည်နယ် လွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
16 Aug 2016 11:13 am တွင် တင်ခဲ့သည်
2097 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်၊ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေသည့် ရခိုင်ပြည်နယ်တွင် ဒေသ ခံ ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိလာစေရန် ပုဏ္ဏား ကျွန်း စက်မှုဇုန်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရေး ပြည် နယ်လွှတ်တော်မှ အတည်ပြုလိုက် ပြီဖြစ်ကြောင်း သိရသည်။

''လောလောဆယ် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေ မရှိသေးတဲ့ အတွက်ကြောင့် လွှတ်တော်ကနေ တွန်းအားပေးရတဲ့ သဘောပါ။ ဒီစီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်နိုင် ဖို့ လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်းတာကို လွှတ်တော်အ နေနဲ့ကတော့ ဒီအဆိုကို လက်ခံအတည်ပြုလိုက်ပြီဆိုတော့ လွှတ်တော် ပြန်တက်တဲ့နေ့မှာ အသေးစိတ် ဆွေး နွေးသွားမှာပါ''ဟု ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းကို အဖွဲ့အစည်းနှင့် ကုမ္ပဏီများ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဒေသအတွင်း လူနေမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပြင် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန် ရည်ရွယ်ကာ ယခင်အစိုးရ လက်ထက်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ သတ်မှတ်အတည်ပြု ခဲ့ကြောင်း သြဂုတ် ၉ ရက် နံနက်ပိုင်းက ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွင် ပုဏ္ဏား ကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က အဆိုတင် သွင်းခဲ့သည်။

''အဲဒီ စက်မှုဇုန် လျာထားတဲ့မြေပေါ်မှာ လျှပ်စစ်မီး၊ ရေ ဘာမှ မရသေးတဲ့အပြင် ဘာတစ်ခုမှ ဆောင်ရွက်ထားတာ မရှိသေးပါဘူး။ အရင်အစိုးရ လက်ထက်ကတည်းက ဖော်ဆောင်ပေးသင့်တဲ့ စီမံကိန်းပါ။ ဒီအဆို အောင်မြင်ခဲ့ရင်တော့ ပြည်နယ်အစိုးရက နှောင့်နှေးကြန့် ကြာနေတဲ့ စီမံကိန်းကို ပြည်သူတွေ ရဲ့ တိုက်တွန်းချက်ကြောင့် မြန်မြန် ဖော်ဆောင်ပေးမလား ဆိုတာတော့ မျှော်လင့်ချက်နဲ့ စောင့်စားနေပါတယ်'' ဟု ပုဏ္ဏားကျွန်းမြို့နယ် ရခိုင်အမျိုး သားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ထို့အပြင် စီမံကိန်းကို မြေဧက ၁၈ဝဝ ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး မြေလျော်ကြေးများကိုလည်း တောင်သူလယ်သမားများနှင့် ဈေး နှုန်းသတ်မှတ်ရေး ညှိနှိုင်းမှုများလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ရပြီး မြေပိုင် ရှင်အများစုမှာ ¤င်းတို့တောင်းဆို သော လျော်ကြေးငွေကိုမူ လက်ရှိ အချိန်ထိ မရရှိသေးကြောင်း ဒေသ ခံများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ၌ ရခိုင်ပြည်နယ် တွင် သဘာဝဘေးအန္တရာယ် အ ခြေအနေများကိုလည်း ရင်ဆိုင်နေ ရပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသခံပြည်သူများ အလုပ်အ ကိုင် အခွင့်အလမ်းရရှိရေး စိန်ခေါ် မှုများ ရှိနေကြောင်း သိရသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service