မြန်မာနိုင်ငံသားများဘဏ်က ယခုလ ၂၆ ရက်တွင် စတော့ရှယ်ယာ စတင်ရောင်းချမည်

မြန်မာနိုင်ငံသားများဘဏ်က ယခုလ ၂၆ ရက်တွင် စတော့ရှယ်ယာ စတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
15 Aug 2016 11:16 am တွင် တင်ခဲ့သည်
1230 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ် ချိန်းတွင် တတိယမြောက်ကုမ္ပဏီ အဖြစ် မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizens Bank)က ယခုလ ၂၆ ရက်၌ ရှယ်ယာများ စတင်ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ကြေညာသည်။

အဆိုပါဘဏ်သည် မူလက ဇူလိုင်တွင် ရောင်းချရန်စီစဉ်ခဲ့ သော်လည်း တစ်လနောက်ကျပြီး သြဂုတ်မှသာ စတင်ရောင်းချ နိုင်ခြင်းဖြစ်သည်။

တတိယမြောက် ရောင်းချ မည့် မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizens Bank)သည် မူလက ၎င်းတို့ သီးသန့်ရောင်းချ ထားသည့် ရှယ်ယာများထက် ရှယ်ယာအသစ်များ ထုတ်ရောင်းရန် စီစဉ်ထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံသားများဘဏ် ၏ ရှယ်ယာအဖွင့်ဈေးကိုမူ ရှယ် ယာများ စတင်ရောင်းချမည့်ရက်မတိုင်မီ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်စတော့အိတ် ချိန်းတွင် သီလ၀ါကုမ္ပဏီသည်အစုရှယ်ယာတစ်စုလျှင် ၄၅,၀၀၀ ကျပ်၊ FMI ကုမ္ပဏီသည် ၂၀,၀၀၀ ကျပ်ဖြင့် ဈေးကျဆင်းနေပြီး အ ရောင်းအ၀ယ်ပြုလုပ်သူများ နည်း ပါးနေကာ ဈေးကွက်အေးနေ ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများဘဏ် သည် ရှယ်ယာများကို ဇူလိုင်တွင် စတင်ရောင်းချပါက မူလက ရောင်းချနေသည့် သီလ၀ါနှင့် FMI ကုမ္ပဏီတို့၏ ရှယ်ယာဈေးနှုန်း များ ထပ်မံကျဆင်းနိုင်ကြောင်း ရှယ်ယာဝယ်ယူထားသူ
အချို့က ခန့်မှန်းပြောကြားသည်။

တတိယမြောက် ၀င်ရောက်ရောင်းချမည့် မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizens Bank)ဘဏ်သည် ၁၉၉၆ တွင် ရှယ်ယာများ စတင်ရောင်းချခဲ့ သည်။ ယခုအချိန်တွင် ဘဏ်ခွဲ ပေါင်း ၁၉ ခု ဖွင့်လှစ်နိုင်ပြီး မတည်ရင်းနှီးငွေ ကျပ် ၅၃ ဘီလီယံရှိကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချမည့် ကုမ္ပဏီများသည် အများပိုင်ကုမ္ပဏီဖြစ်ရန်လိုပြီး ၂ နှစ်ဆက်တိုက် အမြတ် ငွေရရှိရန် လိုအပ်ကြောင်း ယင်း ကော်မရှင်၏ စံနှုန်းသတ်မှတ် ချက်၌ ပါရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service