ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီသို့ အစိုးရသစ်က ပြန်ကြားမှုမရှိသေးဟုဆို

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီသို့ အစိုးရသစ်က ပြန်ကြားမှုမရှိသေးဟုဆို - Property News in Myanmar from iMyanmarHouse.com
15 Aug 2016 11:01 am တွင် တင်ခဲ့သည်
1069 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူအထူးစီးပွား ရေးဇုန် စီမံကိန်းအကောင်အ ထည်ဖော်ရန် တရုတ်ကုမ္ပဏီက တင်ဒါအောင်ထားသော်လည်း ခုနစ်လကျော် ကြာသည်အထိ ဆက်လက်လုပ်ကိုင်ရန် အစိုးရသစ်မှ စီမံခန့်ခွဲမှုကော်မတီသို့ တစ် စုံတစ်ရာ ညွှန်ကြားချက်မ
ထုတ်ပြန်သေးကြောင်း သတင်းရရှိသည်။

‘‘အုပ်ချုပ်ရေးဆိုင်ရာတော့ စီမံခန့်ခွဲမှုကော်မတီအနေနဲ့လုပ် နေပါတယ်။ စီမံခန့်ခွဲမှုကော်မတီကသူလုပ်စရာရှိတာဆက်လုပ် နေပါ
တယ်’’ဟု ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးဦးအောင်ကျော် သန်းကပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီကိုယခင် အစိုးရက ဒုဝန်ကြီးတစ်ဦးအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တင်ဒါအောင်ထားသည့် တရုတ်အစိုးရပိုင်ကုမ္ပဏီနှင့် စီမံခန့်ခွဲမှုကော်မ တီသည် အစိုးရကိုယ်စားညှိနှိုင်းမှု ပြုလုပ်နေသည်ဟု ဦးအောင်ကျော်သန်းက ပြောသည်။

ရခိုင်ပြည်နယ်ကျောက်ဖြူ တွင် အထူးစီးပွားရေးဇုန်အ ကောင်အထည်ဖော်ရန် တရုတ် CITICကုမ္ပဏီကို ယခင်အစိုးရ လက်ထက်က ၂၀၁၅ ဒီဇင်ဘာ၌ တင်ဒါခွင့်ပြုထားခြင်းဖြစ်သည်။

အထူးစီးပွားရေးဇုန်နည်းပ ညာဥပဒေ၌
တင်ဒါအောင်မြင်ပြီး ကုမ္ပဏီသည်ခြောက်လအတွင်း လုပ်ငန်းအကောင်အထည်ဖော် ရန်စီမံကိန်းအသေးစိတ်ကို စီမံခန့် ခွဲမှုကော်မတီသို့ တင်ပြရမည်ဖြစ် သည်။

ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းပေးထား သည့် အထူးစီးပွားရေးဇုန်ဗဟိုအ ဖွဲ့ထံသို့ ၁၅ရက်အတွင်း တင်ပြရ မည်ဖြစ်သည်။ ယင်းဗဟိုအဖွဲ့
သည် ရက်ပေါင်း ၃၀အတွင်းအ ဆိုပါစီမံကိန်းကို လက်ခံခြင်းနှင့် ငြင်းပယ်ခြင်းပြုရမည်ဟု ဆိုထား သည်။

ယခုတင်ဒါအောင်မြင်ထား သည့် CITICကုမ္ပဏီသည် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းကို အ ကောင်အထည်ဖော်ရန် လုပ်ကိုင် ခွင့်ရရှိထားသည်။ စက်မှုဇုန်အ တွက် တင်ဒါခေါ်ယူစဉ်ကပင်ရှယ် ယာပိုင်ဆိုင်မှုကို မြန်မာဘက်က ၅၁ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီ ဘက်က ၄၉ရာခိုင်နှုန်းသတ်မှတ် ထားသော်လည်း ရေနက်ဆိပ်ကမ်းအတွက် သတ်မှတ်ချက်မရှိ သေးကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူက ပြောကြားသည်။

စီမံကိန်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြော ရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေး မြန်းခဲ့သော်လည်း အဆက်အ သွယ်မရပေ။

နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူး
ဦးဇော်ဌေးက လာမည့် တစ်ပတ်အတွင်း အဆို ပါစီမံကိန်းနှင့်ပတ်သက်ပြီး ကြေ ညာချက်ထုတ်ပြန်ရန်ရှိသည်ဟု ဆိုသည်။

အဆိုပါ စီမံကိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အလျင်အမြန်အကောင်အထည် ဖော်ခြင်းနှင့် စီမံကိန်းအတွက် တရုတ်ထံမှ မြန်မာအစိုးရချေးယူ ရမည့်ချေးငွေသည် အတိုးနှုန်းများ ခြင်းကြောင့် ဒေသခံများက စိုးရိမ်ခဲ့သော စီမံကိန်းဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service