ဒေသဖွံ့ဖြိုးရေးနှင့် အ လုပ်ကိုင်ရရှိရေးတို့အတွက် ချင်း ပြည်နယ်အတွင်း အနည်းဆုံး အခန်း ၂၀ ရှိသော ဟိုတယ်လုပ် ငန်းလုပ်ကိုင်ခွင့်များပေးတော့ မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။
‘‘ကျွန်တော်တို့ လက်ရှိမှာ လာရောက်လျှောက်ထားတဲ့ ဟို တယ်တည်ဆောက်ခွင့် လေးငါးခု ကို စိစစ်နေပါတယ်။ ဟိုတယ်ဇုန် လုပ်ခွင့်တော့ ကျွန်တော်တို့ မပေး ပါဘူး။ ဟိုတယ်တည်ဆောက်ခွင့် ပဲ သေချာစိစစ်ပြီး ပေးမှာပါ’’ဟု ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်၊ စက်မှုနှင့် ဟိုတယ်ခရီးဝန်ကြီး ဆ လိုင်းအိုက်ဇက်ခင်က ပြောသည်။
ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခွင့် အတွက် ဒေသခံလုပ်ငန်းရှင်များနှင့် ပြင်ပလုပ်ငန်းရှင် ငါးဦးက ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထား သည်။ ပြည်နယ်အစိုးရအဖွဲ့က ဟိုတယ်လုပ်ငန်းအတွက် သင့် လျော်သော နေရာကို ဆုံးဖြတ်စိ စစ်ပြီးမှသာ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြပြီး ခွင့်ပြုချက်ထပ် မံတောင်းခံမည်ဟု ဆိုသည်။
ဟိုတယ်တည်ဆောက်ခွင့် များကို ဖလမ်း၊ ဟားခါး၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များတွင် ခွင့်ပြုမည်ဖြစ်ပြီး ခွင့်ပြုမည်ဆိုပါက မြေ ငါးဧကထက်ပို၍ ခွင့်ပြုမည်မဟုတ်ကြောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။ ဟိုတယ်ကိုအနည်းဆုံးအခန်း ၂၀ နှင့် အထက်ခွင့်ပြုမည်ဆိုသော်လည်း အများဆုံး မည်မျှအထိရှိရမည်ကိုမူ ပြောကြားခြင်းမရှိပေ။
သဘာဝအရင်းအမြစ်များပျက်စီးဆုံးရှုံးမှုနည်းသည့် ဒေသများတွင် ပါဝင်သည့် ချင်းပြည်နယ်၏ သဘာဝအလှအပရှုခင်းများကို အခြေခံ၍ ခရီးသွားလုပ်ငန်းကို ပြည်နယ်အစိုးရက အကောင်အထည်ဖော်နေပြီး အောက်တိုဘာလတွင် ကမ္ဘာလှည့်ခရီးသည်များကို ဖိတ်ခေါ်မှုမြှင့်တင်ပွဲပြုလုပ်ရန်လည်းရှိသည်ဟု ပြည်နယ်ဟိုတယ်ခရီးဝန်ကြီးက ဆက်လက်ပြောသည်။
တည်ဆောက်မှုနှင့် ပတ် သက်၍ လုပ်ကိုင်ခွင့်ချပေးရန် စီမံခန့်ခွဲမှုများကို ပြည်နယ်အစိုးရအ ဖွဲ့အပါအ၀င် အခြားသက်ဆိုင်ရာ နယ်ပယ်များမှ ကျွမ်းကျင်သူ ရပ်မိရပ်ဖများပါဝင်သော အဖွဲ့ရှစ်ဖွဲ့ က စိစစ်နေသည်ဟု ဆိုသည်။
Credit: 7Daydaily