ဆက်ဆောက်ရန် ကျန်သည့် တန်ဖိုးနည်းအိမ်အလုံး ၁၀၀ အတွက် နီပွန်ဖောင်းဒေးရှင်း ရုပ်သိမ်း

ဆက်ဆောက်ရန် ကျန်သည့် တန်ဖိုးနည်းအိမ်အလုံး ၁၀၀ အတွက် နီပွန်ဖောင်းဒေးရှင်း ရုပ်သိမ်း - Property News in Myanmar from iMyanmarHouse.com
11 Aug 2016 12:03 pm တွင် တင်ခဲ့သည်
1569 ကြိမ် ကြည့်ရှု့ပြီး
ဒုက္ခသည်များပြန်လည်အခြေချနေထိုင်နိုင်ရေးကို ရည်ရွယ်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၊ ဘိတ်-ထားဝယ်ခရိုင်တွင် တန်ဖိုးနည်းအိမ်ရာအလုံး ၄၀၀ ဆောက်လုပ်လျှက်ရှိရာ ဆက်ဆောက်လုပ်ရန် ကျန်နေသေးသည့် အိမ်အလုံး ၁၀၀ အတွက် The Nippon Foundation (နီပွန်ဖောင်ဒေးရှင်း)မှ ရုပ်သိမ်းလိုက်ကြောင်း ခရိုင်တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများ၊ နီပွန်ဖောင်ဒေးရှင်း တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးတို့ ယခုလသြဂုတ်၈ရက်နေ့ညနေပိုင်းက တွေ့ဆုံဆွေးနွေးမှုတစ်ခုအပြီးတွင် တိုင်းဒေသ ကြီးအစိုးရဘက်မှ ယင်းနေရာ၌ ဆက်လက်ဆောက်လုပ်ရန် ခွင့်မပြုတော့ခြင်းဖြစ်သည်။

ယခုကိစ္စအပေါ် ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဆာပိတုက “တိုင်းဒေသကြီး အစိုးရနဲ့တွေ့ပြီး ဆွေးနွေးတော့ အိမ်အလုံး ၃၀၀ပဲ ခွင့်ပြုတယ်။ ကျန်တဲ့ အိမ်အလုံး ၁၀၀ အတွက် သူတို့ ဘက်က တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေး အကြောင်းပြပြီး အဲဒီနေရာမှာ ဆက်ဆောက်ဖို့ လုံးဝကို ခွင့်မပြုတော့တာ ဖြစ်ပါတယ်။ ခွင့်မပြုတဲ့အခါကျတော့ အလှူရှင်ဖြစ်တဲ့ နီပွန်လည်း ကျန်တဲ့ ၁၀၀ကို ဖြုတ်လိုက်တယ်ဗျာ”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းခရိုင်အတွင်းရှိ ကေအဲန်ယူနယ်နိမိတ်မှ မြို့နယ်များဖြစ်သည့် ထီးမိုပွာမြို့နယ်တွင် အိမ်ခြေ အလုံး ၂၀၀၊ လယ်မူလားမြို့နယ် တွင် ၁၀၀လုံး၊ ကစယ်ဒိုမြို့နယ်အတွင်း အိမ်ခြေအလုံး ၁၀၀တို့ကို နီပွန်ဖောင်ဒေးရှင်းမှ ပြီးခဲ့သည့် မေလမှ စတင်ဆောက်လုပ်လျှက်ရှိပြီး မြို့နယ် ၃ခုအတွက် ဆောက်လုပ်ပြီးစီးမှု အခြေအနေမှာ ၃၀ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရန် ယခင်က ကစယ်ဒိုမြို့နယ်ရှိ မော့သော့ကွာနှင့် ကျောက်တွင်းရွာ
အကြားရှိ မြေနေရာအား သတ်မှတ်ထားသော်လည်း ယင်းနေရာမှာ ဒေသခံများ၏ ဥယျာဉ်ခြံမြေများနှင့် မလွတ်ကင်းသည့်အတွက် ဆောက်လုပ်နေဆဲဖြစ်သည့် တောင်နီရွာတွင် ခွင့်ပြုပေးရန် သြဂုတ် ၈ရက်နေ့က ဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်က တောင်းဆိုထားသည်။

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကော်မတီဝင် စဧရာဝင်းက “ခွင့်မပြုတာ မဟုတ်ပါဘူး။ ဒီတောင်နီရွာ IDPs ကိစ္စကို ပြည်ထောင်စုအစိုးရကို တင်ပြဆဲဖြစ်တဲ့အတွက် သူတို့အတွက် ပြုလုပ်နေတဲ့ အိမ်အလုံး ၁၀၀ ကို အခြား IDPsရွာ၃ရွာကို ပြန်မျှဝေပြီး ဆောက်လုပ်ဖို့ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ သြဂုတ် ၁၀ရက်နေ့တွင် ပြောဆိုသည်။

ဂျပန်နိုင်ငံရှိ နီပွန်ဖောင်ဒေးရှင်း၏ ပြန်လည်ထူထောင်ရေး အကူအညီပေးမှု အစီအစဉ်များကို ကေအဲန်ယူ ခရိုင် ၄ခုတွင် လုပ်ဆောင်သွားရန် ယခုနှစ်၊ မတ်လ ၂ရက်နေ့က ဖားအံမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် စီမံကိန်းဖော်ဆောင်မှု ညှိနှိုင်းအစည်းအဝေးတွင် လက်ခံသဘောတူခဲ့ကြသည်။

၎င်းသဘောတူညီချက်များအရ နီပွန်ဖောင်ဒေးရှင်းမှ အဆိုပါနယ်မြေများအတွင်း အိမ်ခြေအလုံး ပေါင်း ၁၂၅၀၊ စာသင်ကျောင်း ၇ ကျောင်း၊ ဆေးပေးခန်း ၃ခု၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ၁ခု၊ တံတား ၁ စင်းနှင့် ရေတွင်း ၅တွင်းကို ဂျပန်ယန်း ၁.၀၈ ဘီလီယံအကုန်ကျခံကာ ကူညီဆောက်လုပ်ပေးသွားရန် ပါရှိသည်ဟု သိရသည်။

Creedit: thithtoolwin

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service