သန်လျင်တံတားသစ် အမြန်တည်ဆောက်မည်

သန်လျင်တံတားသစ် အမြန်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
11 Aug 2016 10:42 am တွင် တင်ခဲ့သည်
2022 ကြိမ် ကြည့်ရှု့ပြီး
သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်ကို ဆက်သွယ်ထားသည့် သန်လျင်တံတားအမှတ် (၁)သည် ယနေ့အချိန်တွင် များပြား လာသည့် မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များစွာ ဖြတ်သန်းနေသည့် အတွက်ကြောင့် အချိန်မရွေး ကျိုးကျနိုင်သည့် အနေအထားရှိသည့်အတွက် သန်လျင် တံတား အမှတ်(၃)ကို အမြန်ဆုံး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တံတားအမှတ်(၃)ကို လက်ရှိ အသုံးပြုလျက်ရှိသည့် တံတားဟောင်းဘေးတွင် လေးလမ်းသွားတံတားအဖြစ် တည်ဆောက် သွားမည်ဖြစ် ကာ ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ သဘောတူညီချက်ရရှိထား ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရန် အတွက် တံတားတည်ဆောက် ရာတွင် လိုအပ်မည့် ငွေကြေးနှင့် နည်းပညာများကို အကူအညီပေးမည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် အသေးစိတ်ညှိနှိုင်းတိုင်ပင် ရေးဆွဲလျက် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောသည်။

"အခုလက်ရှိတံတားက အလယ်မှာ ရထား သွားပြီး အစွန်းထွက် သံမဏိရက်မနှစ်ဖက်ပေါ် မှာ ကားလမ်းလုပ်ထားတဲ့အတွက် ကားလေး တွေကိုပဲ ပေးဖြတ်ဖို့ အစကတည်းက ပြောထားတာပါ။ အခုချိန်မှာ ကားငယ်ကလေးတွေတင် မကဘူး၊ ကားကြီးတွေရော၊ ကုန်တင်ကားတွေ ပါ ဖြတ်နေတဲ့ အတွက် အချိန်မရွေး ကျိုးကျသွား နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုချက် ရတာနဲ့ လေးလမ်းသွား တံတားသစ်တစ်စင်း အမြန်ဆုံးဆောက်လုပ်သွားမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။ သန်လျင်တံတား အမှတ်(၁)ကို တည်ဆောက်ထားသည့် နည်းပညာအရ မီးရထား လမ်းကိုသာ အဓိကဦးစားပေးခဲ့ကာ သံကူ ကွန်ကရစ်အမာခံအဖြစ် ဆောက်လုပ်ထားခဲ့ ပြီး အစွန်းထွက် သံမဏိသံပေါင်များပေါ် တွင် မော်တော်ကားလမ်းများကို ဘေးတစ်ဖက်တစ်ချက်စီတွင် ထည့်သွင်းတည် ဆောက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ သီလ၀ါ အထူးစီးပွားရေးဇုန်၊ စက်ရုံ၊ အလုပ်ရုံများနှင့် လူနေထူထပ်လာ သည့် သန်လျင်မြို့နယ်သို့ နေ့စဉ် မော်တော် ယာဉ်စီးရေ ၁၅,၀၀၀ ခန့် ဖြတ်သန်းသွားလာနေကြသည့် အပြင် ကျဉ်း မြောင်းသည့် ချဉ်းကပ်လမ်းများကြောင့် ယခု အခါတွင် ယာဉ်ကြောကျပ် တည်းမှုများ ဖြစ်လာကာ တံတားပေါ်တွင် ကားတစ်စီး စက်ချို့ယွင်းပါက ရှောင်ကွင်းသွားလာနိုင်ရန် ခက်ခဲပြီး မကြာခဏ ယာဉ်ကြောပိတ်လျက် ရှိသည်။

ထို့ပြင် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် သန်လျင် မြို့နယ်ကို ဆက်သွယ်ထားသည့် သန်လျင် တံတားအမှတ်(၂) ရှိသော်လည်း ရန်ကုန်မြို့ နှင့် နီးကပ်ပြီး သွားလာရလွယ်ကူ ပိုမိုအဆင် ပြေသည့် သန်လျင်တံတား အမှတ်(၁)မှာ ယာဉ် ဖြတ်သန်းအသုံးပြုမှု ပိုများလျက်ရှိသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုအဖြစ် ၁၉၈၈ ခုနှစ် တွင် ရန်ကုန်-သန်လျင် တံတားအမှတ်(၁)ကို တရုတ်ပညာရှင်များနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနတို့ ပူးပေါင်းဆောက်လုပ်ခဲ့ရာ ၁၉၉၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service