ရှမ်းပြည်နယ် လွှတ်တော်အဆောက်အအုံအသစ် တည်ဆောက်ရန်ပြင်ဆင်နေမှု ဒေသခံများ ကန့်ကွက်

ရှမ်းပြည်နယ် လွှတ်တော်အဆောက်အအုံအသစ် တည်ဆောက်ရန်ပြင်ဆင်နေမှု ဒေသခံများ ကန့်ကွက် - Property News in Myanmar from iMyanmarHouse.com
11 Aug 2016 10:28 am တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး
တောင်ကြီးမြို့ သစ် တောရပ်ကွက်ရှိ နှစ်ရှည်ထင်းရှူး ပင်များကို ခုတ်ထွင်၍ ရှမ်းပြည် နယ် လွှတ်တော်အဆောက်အအုံ အသစ် တည်ဆောက်ရန် ပြင်ဆင် နေမှုကို တောင်ကြီးဒေသခံများ က ကန့်ကွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၁၀ ရက်မှစ၍ ယင်း နေရာအနီး မြေတိုင်းတာနေပြီး နှစ်ရှည်ထင်းရှူးပင်များ ခုတ်ထွင် ၍ လွှတ်တော်ရုံးအသစ် တည် ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည် ဟု တောင်ကြီးအခြေစိုက် ရှင်သန် ကမ္ဘာမြေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ချယ်ရီကျော်က ပြောသည်။

‘‘တောင်ကြီးမြို့ရဲ့ အထင် ကရနေရာ သွားလမ်းတစ်ခုဖြစ်ပါ တယ်။ စိမ်းစိုလန်းဆန်းနေတဲ့ သဘာဝပတ်ဝန်းကျင်မပျက်စီးသေးတဲ့ နေရာတစ်ခုပါ။ ဒါကို အစိုးရအဖွဲ့ကလည်း ခွင့်မပြုထားဘူး၊ လွှတ်တော်ရဲ့ သဘောထား ဆုံးဖြတ်ချက်လည်း မယူဘဲနဲ့ လွှတ်တော်ရုံးသစ်ဆောက်ဖို့ လုပ်နေတာကို အန်တီတို့ အနေနဲ့ ကန့် ကွက်သွားမှာ ဖြစ်ပါတယ်’’ဟု ဒေါ်ချယ်ရီကျော်က ပြောသည်။

ယခင်အစိုးရလက်ထက်က တင်ပြထားသည့် စီမံကိန်းဟောင်း ကို အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု တောင် ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောသည်။

‘‘အရင်အစိုးရလက်ထက်က စီမံကိန်းရေးဆွဲထားတာပါ။ မြို့သူမြို့သားတွေလည်း လက်မခံပါ ဘူး။ ဒီနေရာမှာ ပြည်သူတွေ လုပ် စေချင်တာက အနားယူအပန်းဖြေ လည်ပတ်ဖို့ ပန်းခြံနေရာလေးပါ။ လွှတ်တော်ရုံးသစ်ကို အစိုးရအဖွဲ့ က သဘောမတူဘဲ လုပ်ပိုင်ခွင့်မရှိ ပါဘူး။ လုပ်ရင်လည်း ဆက်ကန့် ကွက်သွားရမှာပဲ’’ဟု ဦးတင်မောင်တိုးက ပြောသည်။

ရှမ်းပြည်နယ် လွှတ်တော် အဆောက်အအုံသည် ပျက်စီးယို ယွင်းနေခြင်းမရှိသေးဘဲ ရှမ်းပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရေနှင့်လည်း ကိုက်ညီမှုရှိသည် ဟု ဦးတင်မောင်တိုးက ပြောကြား သည်။

ရှမ်းပြည်နယ် လွှတ်တော်ရုံး အသစ် တည်ဆောက်ရန် စီစဉ်နေ မှုနှင့် ပတ်သက်၍ လွှတ်တော်ရုံးသို့ ဆက်သွယ်မေးမြန်းသော် လည်း ပြန်လည်ဖြေကြားခြင်းမရှိ ပေ။ လွှတ်တော်ရုံးအသစ် တည် ဆောက်ရန် စီစဉ်နေမှုကို တောင် ကြီးဒေသခံများ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့များ ကန့် ကွက်သည့် လက်မှတ်များ ရေး ထိုးကောက်ခံသည့် ကမ်ပိန်းလုပ် ရှားမှု ဆောင်ရွက်မည်ဟု ဆို သည်။

‘‘ဒီလိုလုပ်နေတဲ့ ကုမ္ပဏီကို တော့ မသိရသေးဘူး။ အများ ပြည်သူနဲ့ဆိုင်တဲ့လမ်းကို ပိတ်ပြီး တော့ အပန်းဖြေတဲ့နေရာ၊ မြို့ရဲ့ အထင်ကရနေရာမှာ အပင်တွေ ခုတ်ပြီး လုပ်ဆောင်မှာကို ဒေသခံ အနေနဲ့ ကန့်ကွက်သွားမှာပါ’’ဟု ရှင်သန်ရာကမ္ဘာမြေအဖွဲ့မှ ဦးသူရစောသိန်းက ပြောသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service