နှစ်ပေါင်း ၆၅၀ ကျော် မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခဲ့ကြသော အလယ်ခေတ်ရဲတိုက်ကြီးတစ်လုံးကို လေလံတင်ရောင်းချတော့မည်

နှစ်ပေါင်း ၆၅၀ ကျော် မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခဲ့ကြသော အလယ်ခေတ်ရဲတိုက်ကြီးတစ်လုံးကို လေလံတင်ရောင်းချတော့မည် - Property News in Myanmar from iMyanmarHouse.com
8 Aug 2016 10:49 am တွင် တင်ခဲ့သည်
1566 ကြိမ် ကြည့်ရှု့ပြီး
အီတလီနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ ဗင်းနစ်မြို့အနီးရှိ ဒိုလိုမိုက်တောင်တန်းပေါ်တွင်တည်ရှိသော ၁၃ ရာစုခေတ် ရဲတိုက်ကြီးတစ်လုံးကို မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခဲ့ကြသော မိသားစုမှ လေလံတင် ရောင်းချမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အီတလီနိုင်ငံရှိ နာမည်ကျော်မြို့ကြီးများဖြစ်သော မီလန်၊ ဗီရိုနာ၊ ဗင်းနစ်မြို့ကြီးများအနီးတွင် တည်ရှိသည်။
ယင်းရဲတိုက်ကြီးကို ၁၂၀၀ ပြည့်နှစ်မှ ၁၇၀၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၅၀၀ ကျော်အချိန်ယူဆောက်လုပ်ခဲ့ရသည်ဟု ဆိုသည်။

ယခုရောင်းချမည့် ဆပါးမိသားစုက အဆိုပါရဲတိုက်ကြီးကို ၁၃၆၈ ခုနှစ်တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ရဲတိုက်ကို ရိုမန်နက်စ်၊ ဂေါ့သစ်နှင့် ဘာရုတ်ဗိသုကာဟန်များ ရောယှက်ဆောက်လုပ်ထားပြီး ယူရို ၃၁ သန်း (ကန်ဒေါ်လာ ၃၅ သန်း) ခန့် တန်ကြေးရှိသည်ဟု ခန့်မှန်းသည်။

“ဒီနေအိမ်ကြီးဟာ ကျွန်တော်တို့ မိသားစုအတွက်သာမက တိုင်းပြည်အတွက်ပါ သမိုင်းဝင်နေအိမ်ကြီးဖြစ်ပါတယ်။ ဒီနေအိမ်ကြီးထဲမှာ ကျွန်တော် အမြတ်နိုးဆုံးက ဂေါ့သစ်ဟန် ၀တ်ပြုခန်းနဲ့ အူလ်ရစ်ခန်းမပါ။ ဒီခန်းမက ဘိုးဘွားတွေကို ဂုဏ်ပြုအမည်ပေးထားတာပါ” ဟု မြို့စားကြီး ဆပါးဇူဖလာဗွန်အွန်ဗာလာက ပြောကြားသည်။

ရဲတိုက်ကြီးအတွင်း အိပ်ခန်း ၁၅ ခန်း၊ ရေချိုးခန်း ၁၄ ခန်း၊ မီးဖိုဆောင် ၅ ခု၊ ကပွဲခန်းမတစ်ခု၊ စာကြည့်တိုက်၊ ဘုရားဝတ်ပြုခန်း ၂ ခု၊ ရှစ်ထောင့်မျှော်စင် ၁ ခု၊ ရေကူးကန်၊ ၀ိုင်သိုလှောင်ခန်းတို့ ပါဝင်သည်။
ခြံဝန်းအကျယ်အ၀န်းမှာ ၁၈ ဒသမ ၅ ဧကခန့်အထိ ကျယ်ဝန်းပြီး ပန်းခြံများ၊ သစ်ခွခြံများနှင့် တောအုပ်များ ပါဝင်သည်။

ရှေးဟောင်းပစ္စည်းအသုံးအဆောင်များစွာပါဝင်ရာ ဗဲနီရှင်း မှန်များနှင့် ဖန်မီးဆိုင်းများလည်း အပါအ၀င်ဖြစ်သည်။
ဗာလာရဲတိုက်ကြီးကို လာမည့် စက်တင်ဘာ ၈ ရက်တွင် လေလံတင်ရောင်းချမည် ဖြစ်သည်။

အဆိုပါရဲတိုက်ကြီး၏အလှအား ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်ကို https://youtu.be/dIhyKV_WXEc အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service