ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ၀င်ငွေခွန် ကင်းလွတ်ခွင့် ပယ်ဖျက်ထားဟုဆို

ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ၀င်ငွေခွန် ကင်းလွတ်ခွင့် ပယ်ဖျက်ထားဟုဆို - Property News in Myanmar from iMyanmarHouse.com
4 Aug 2016 10:12 am တွင် တင်ခဲ့သည်
1735 ကြိမ် ကြည့်ရှု့ပြီး
အသစ်ပြဋ္ဌာန်းမည့် မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ အား ၀င်ငွေခွန်ငါးနှစ်ကင်းလွတ် ခွင့် ပယ်ဖျက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)အထွေထွေ အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောသည်။

ယခင်အစိုးရ စတင်တာဝန် ယူစဉ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အ၀င်နည်းပါးခဲ့သဖြင့် အခွန်ကင်း လွတ်ခွင့် အခွင့်အရေးဖြင့် ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်ရန်ရည်ရွယ်ပြီး ၂၀၁၂တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၌ ၀င်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်အထိပေးခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပ ဒေသည် သက်တမ်းသုံးနှစ်ကျော် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာတစ်ခုအထိ ရှိလာခြင်း၊ နိုင်ငံတော်တွင်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အခွန်ငွေလိုအပ်ခြင်းကြောင့် ၀င်ငွေခွန်ကင်းလွတ်ခွင့်ကို ပယ်ဖျက်ရခြင်းဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ထို့အပြင် အခွန်ကင်းလွတ် ခွင့်ပေးခြင်းနှင့်ပတ်သက်သောအ မှားများကိုလည်း တွေ့လာရသည် ဟု ဦးအောင်နိုင်ဦးကပြောသည်။ ၀င်ငွေခွန် ကင်းလွတ်ခွင့် မပေး သင့်သည့်လုပ်ငန်းဖြစ်သော အ ရက်၊ ဘီယာ၊ စီးကရက်တို့ကိုပါ ခွင့်ပြုခဲ့ရခြင်းသည် စီးပွားရေး၊လူ မှုရေးကဏ္ဍအတွက်အထောက် အကူမဖြစ်ခဲ့သည့် အမှားမျိုးကြုံ တွေ့ခဲ့ရသည်ဟုဆိုသည်။

‘‘MIC ခွင့်ပြုလိုက်တာနဲ့ဝင် ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်ရသွား ကြတယ်။ ဒါကိုတာဝန်ရှိသူတွေ က ၀ိုင်းဝန်းစိစစ်ပြီး အစိုးရသစ် လက်ထက်မှာ ခွင့်မပြုသင့်ဘူးလို့ ဆုံးဖြတ်လိုက်တယ်’’ဟု ဦးအောင် နိုင်ဦးကပြောသည်။

အခွန်ကင်းလွတ်ခွင့်သည် လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များသာမက ပြည်တွင်းလုပ်ငန်း ရှင်ကြီးများအတွက်လည်းအခွင့် အရေးတစ်ခုဖြစ်နေကြောင်း စီး ပွားရေးလုပ်ငန်းရှင်အချို့ကဝေ ဖန်နေသည်။ အခွန်ကင်းလွတ်ခွင့် ပယ်ဖျက်ခြင်းသည် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအတွက် အတားအဆီး မဖြစ်နိုင်သော်လည်း နိုင်ငံတော် အခွန်ရငွေတိုးလာနိုင်သည်ဟုဆို သည်။

အခွန်ကင်းလွတ်ခွင့် မက်လုံး ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မဆွဲဆောင်ဘဲ အခြေခံအဆောက်အအုံများ ပြည့်စုံစွာတည်ဆောက်ထားခြင်း၊ အစိုးရ၏ ကြိုးနီစနစ်များဖြေလျှော့ခြင်း၊ မြေနေရာရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး စသည်တို့သည် အဓိက လိုအပ်ချက်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့တို့က အကြံပြုထားကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဒေါက်တာမောင်မောင်လေးက ပြောသည်။

ဝင်ငွေခွန် ကင်းလွတ်ခွင့် ပယ်ဖျက်သော်လည်း အစိုးရက ဦးစားပေးရင်းနှီးမြှုပ်နှံသင့်သည်ဟု သတ်မှတ်ထားသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက အခွန်ကင်းလွတ်ခွင့်များ ခံစားနိုင်သည်ဟုဆိုသည်။

ဖွံ့ဖြိုးမှု အားအနည်းဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ဦး စားပေးကဏ္ဍဖြစ်လျှင်ဝင်ငွေခွန် ကင်းလွတ်ခွင့် ခုနစ်နှစ်၊ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေသများ တွင် ကင်းလွတ်ခွင့်ငါးနှစ်၊ ရန် ကုန်ကဲ့သို့ ဖွံ့ဖြိုးမှုအားကောင်း သော ဒေသများ၌ ကင်းလွတ်ခွင့်သုံးနှစ်ပေးမည်ဟုသိရသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service