စည်ပင်ဧရိယာ ပြင်ပမြို့နယ် ၁၂ မြို့နယ်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်လိုအပ်

စည်ပင်ဧရိယာ ပြင်ပမြို့နယ် ၁၂ မြို့နယ်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်လိုအပ် - Property News in Myanmar from iMyanmarHouse.com
4 Aug 2016 9:43 am တွင် တင်ခဲ့သည်
1289 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပမြို့နယ် များတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်
လိုအပ်လျက်ရှိသည့်အပြင် အလုပ်အကိုင်ရှားပါးမှုကြောင့် မြို့ပေါ် တက်အလုပ်လုပ်ကိုင်နေသူ
တစ်နေ့ တခြား များပြားလာသည့် ပြဿနာကို ဖြေရှင်းရန်လိုအပ်သည်ဟု စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောကြား ခဲ့သည်။

ဩဂုတ် ၁ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် စွန့်ဦး တီထွင် လူငယ်လုပ်ငန်းရှင်များ၊ စီးပွားရေး လူငယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင်အထပ်မြင့် အဆောက်အအုံများရပ်ဆိုင်း ထားသည့် ကိစ္စ၊ ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်သင့်သည့် အချက် အလက်များ၊ အမျိုးသမီးအခွင့်
အရေးများ ကို ပြောကြားခဲ့ကြောင်း ယင်းအစည်းအဝေး သို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။

"အစည်းအဝေးမှာ ၀န်ကြီးချုပ်ပြော သွားတဲ့ပုံစံက စည်ပင်ဘက်က ရှာလို့ ရသမျှ ပိုက်ဆံကို
စည်ပင်ဧရိယာထဲမှာပဲ သုံးနေမယ်ဆိုရင် စည်ပင်ပြင်ပ ၁၂ မြို့ နယ်က ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးနောက်ကျကျန်ခဲ့လိမ့်မယ် ဆိုပြီး ပြောသွားတယ်။ ဘတ်ဂျက်က ရတာနည်းတဲ့အတွက် စည်ပင်ဘတ်ဂျက်တွေထဲကနေ ဒီမြို့နယ် တွေအတွက်ကိုလည်း သုံးဖို့ စဉ်းစားသွား မယ်လို့ ပြောသွားပါတယ်။ အဲဒီမြို့နယ်တွေ မှာ အလုပ်အကိုင်တွေ ရှားလို့ လှိုင်သာယာ၊ ရွှေပြည်သာဘက်က စက်မှုဇုန်တွေမှာ ကျောတစ်နေရာချနေရာရရုံနဲ့ လာအလုပ် လုပ်တဲ့လူတွေ အများကြီးဖြစ်နေတဲ့ကိစ္စကို ပါ ထည့်ပြောသွားပါတယ်"ဟု ယင်းအစည်း အဝေးသို့ တက်ရောက်ခဲ့သည့် ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက် အအုံများ စိစစ်ရေးကော်မတီ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲမင်းဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ပေါင်း ၄၅ မြို့နယ်ရှိသည့်အနက် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီက စီမံခန့်ခွဲလျက်ရှိသည့် မြို့နယ်ပေါင်း ၃၃ မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က တိုက်ရိုက်စီမံခန့်ခွဲလျက်ရှိသည့် မြို့နယ်ပေါင်း ၁၂ မြို့နယ်ရှိသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲလျက်ရှိသည့် မြို့နယ်ပေါင်း ၃၃ မြို့နယ်အတွက် စည်ပင်သာယာရေးကော်မတီက မြို့တော် အတွင်း ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာ များအပြင် ပြည်ထောင်စု
အစိုးရက ချထား ပေးသည့် ဘဏ္ဍာငွေများဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ရန်ကုန် တိုင်းဒေသကြီးအစိုးရအတွက် ချထား ပေးသည့် ဘီလျံ ၄၀ အနက်စည်ပင် ဧရိယာပြင်ပ မြို့နယ် ၁၂ မြို့နယ် အတွက် ခွဲဝေရရှိမှု ငွေကြေးပမာဏမှာ ကျပ် ခြောက်ဘီလီလျံသာရှိသည့်အတွက် ကျေးရွာများအတွင်း ဆက်သွယ်သွားလာနိင်သည့်
လမ်းများ၊ ရေ၊ လျှပ်စစ်မီးဖြန့်ဝေ သွယ်တန်းသည့်လုပ်ငန်းများ ဆောင်ရွက် ရန် အခက်အခဲ
ရှိနေသည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဘယ်လိုတွေ လုပ်မယ်ဆိုတာတော့ ၀န်ကြီးချုပ်က မပြောသေးပါဘူး။ လုပ်ချင်တဲ့လူတွေ၊
လုပ်ငန်းရှင်တွေ ဘယ်လိုပုံစံ မျိုးတွေနဲ့ လုပ်နိုင်တယ်ဆိုတာကိုပဲ ချပြ ပြောဆိုသွားတာပါ။
မြို့ပြင်ဒေသတွေ လည်း တိုးတက်ကောင်းမွန်စေချင်တဲ့ သဘောမျိုး ပြောသွားတာပါ"ဟု
ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကဩဂုတ် ၂ ရက်တွင်ပြောသည်။

မြို့နယ်ပေါင်း ၄၅ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီးမှာ ဧရိယာ စတုရန်းမိုင်၃,၉၆၇ မိုင်ကျယ်ဝန်းပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲလျက်ရှိသည့်မြို့နယ်ပေါင်း ၃၃ မြို့နယ်၏ အကျယ်အ၀န်းမှာ ၃၀၆ စတုရန်း မိုင်သာရှိသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service